MySport Myanmar

အသင်းနည်းပြသစ်အဖြစ် ရွန်နီအပြင် ကွန်ပနီနဲ့ပါ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘန်လေ

အသင်းနဲ့ ဆယ်စုနှစ်တစ်ခုထိ လက်တွဲခဲ့တဲ့ နည်းပြကြီး ရှောင်ဒိုက်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဘန်လေအသင်းက လက်ရှိမှာ ယူ-၂၃အသင်းနည်းပြ မိုက်ခ်ဂျက်ဆင်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့ပေမယ့်လည်း အသင်းရဲ့ အမြဲတမ်းနည်းပြသစ် ခန့်အပ်မယ့် ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာ ဒါဘီကောင်တီနည်းပြ ဝိန်းရွန်နီနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အန်ဒါလက်ချ်နည်းပြ ဗင်းဆင့်ကွန်ပနီနဲ့ပါ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : The Sun

လက်ရှိမှာ ဘန်လေအသင်းကို ယာယီနည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ဂျက်ဆင်ဟာ သူကိုင်တွယ်ထားတဲ့ (၃)ပွဲလုံးမှာ အသင်းကို လုံးဝရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့အပြင် တန်းဆင်းဇုန်ကနေပါ အနည်းငယ် လွတ်မြောက်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေပေမယ့် လာမယ့်ဘောလုံးရာသီ မစတင်ခင်မှာပဲ အသင်းနည်းပြသစ် ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ ဒါဘီကောင်တီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရွန်နီကို ခန့်အပ်သွားဖို့ စိတ်ဝင်စားနေသလို မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းကြီး လက်ရှိ အန်ဒါလက်ချ်နည်းပြ ကွန်ပနီနဲ့ပါ သတင်းတွေ ထွက်ပေါ်လျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံ နောက်ခံကစားသမားဟောင်းကြီး ကွန်ပနီဟာ ၂၀၁၉ခုနှစ်မှာပဲ ဘောလုံးသမားဘဝကနေ အနားယူခဲ့သလို သူနောက်ဆုံးကစားခဲ့တဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်မှာသာ နည်းပြအဖြစ် စတင်ဆောင်ရွှက်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ပနီဟာ ဘောလုံးသမားဘဝတုန်းက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ကျင်လည်ခဲ့ဖူးတာဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကိုလည်း (၄)ကြိမ်ထိ ပိုင်ဆိုင်ထားဖူးသူဖြစ်တာကြောင့် အခုလို နည်းပြသစ် လိုအပ်နေတဲ့ ဘန်လေအသင်းနဲ့ သတင်းထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ ကွန်ပနီ ကိုင်တွယ်နေတဲ့ အန်ဒါလက်ချ်အသင်းဟာ ဘယ်လ်ဂျီယံ အမှတ်ပေးလိဂ်မှာ အဆင့်(၃)နေရာကို ရရှိထားပြီဖြစ်ပြီး ချန်ပီယံဆုအတွက် အဖြေထုတ်ပေးမယ့် ပလေးအော့ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘန်လေဘက်ကတော့ ကွန်ပနီထက် ရွန်နီကိုသာ အသင်းနည်းပြအဖြစ် ဦးစားပေး ခန့်အပ်သွားချင်နေတာဖြစ်ပြီး တကယ်လို့ အသင်းက ပရီးမီးယားလိဂ်ကနေပါ တန်းဆင်းသွားခဲ့မယ်ဆိုရင်တောင် ရွန်နီကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။

Exit mobile version