ရီဗာဒိုကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းက ထွက်သွားချင်တယ် ဆိုရင် စီးတီးအသင်းက သူ့ရဲ့ အသင်းသစ် အဖြစ် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကလည်း မက်ဆီကို အလျှင်အမြန် အသင်းနဲ့ အသားကျအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် အင်္ဂါနေ့က ဘာစီလိုနာအသင်းကို အသင်းကနေ ထွက်သွားခွင့် ပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး သူ့ရဲ့ နည်းပြဟောင်း ဖြစ်တဲ့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ပြောင်းသွားနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် (၁) နှစ်ကျန်သေးပြီး လာမယ့် (၂၀၂၁) ခုနှစ်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပေမယ့် အသင်းကနေ ထွက်သွားခွင့် ပြုပေးဖို့ တောင်းဆိုခဲ့တာကြောင့် လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာတင် အသင်းက ထွက်သွားနိုင်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို နည်းပြခဲ့စဉ်က မက်ဆီကို နည်းပြခဲ့ရပြီး ရီဗာဒိုက မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့ တိုက်စစ်မှူး မက်ဆီနဲ့ ပြန်ပေါင်းစပ်နိုင်မယ် ဆိုရင် မက်ဆီကို အကောင်းဆုံး နည်းပြ နိုင်လိမ့်မယ်လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

Betfair သတင်းမှာ ရီဗာဒိုက “မန်စီးတီးအသင်းက မက်ဆီရဲ့ အသင်းသစ် အဖြစ် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ မက်ဆီက (၃၃) နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် သူ့ရဲ့ အရည်အချင်း နဲ့ ပါရမီက မေးခွန်းထုတ်လို့ မရအောင် ကောင်းတယ်။ သူက လာမယ့် နှစ် အနည်းငယ် အတွင်းမှာလည်း ထိပ်ဆုံး ကစားသမား ဖြစ်နေပါဦးမယ်။ သူ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မြန်မြန်ဆန်ဆန် တောက်ပလာလိမ့်မယ်။ ဂွါဒီယိုလာကလည်း မက်ဆီရဲ့ အရည်အချင်းတွေကို ကောင်းစွာ နားလည်ပါတယ်။ ဂွါဒီယိုလာက မက်ဆီကို အသင်းနဲ့ အသားကျအောင် အလျှင်အမြန် လုပ်နိုင်မှာ ဖြစ်ပြီး မက်ဆီကို အကောင်းဆုံး အသုံးပြုနိုင်ပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ပါတယ်။