MySport Myanmar

ဒီဘရိုင်းနေရာမှာ မူစီအာလာနဲ့ အစားထိုးသွားဖို့ ချိန်ရွယ်ထားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်တဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်လ်ဗင် ဒီဘရိုင်းနေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းက ကြယ်ပွင့်ကစားသမားလေး ဂျာမယ်လ် မူစီအာလာကို ချိန်ရွယ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် ရှိနေပြီ ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်ကစားသမားကြီး ဒီဘရိုင်းဟာ ဒီနောက်ပိုင်းနှစ်တွမှာ ဒဏ်ရာတွေ မကြာခဏ ရရှိလာတက်ပြီး အသက်အရွယ်အရလည်း အကျပိုင်း ရောက်ရှိနေသလို သူနဲ့ မန်စီးတီးအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာလည်း အခု ဘောလုံးရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

လက်ရှိမှာလည်း ဒဏ်ရာရရှိနေတဲ့ ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အရေးပါတဲ့ ပွဲစဉ်တွေကို လွဲချော်နေရပြီဖြစ်ပြီး အသင်းဘက်ကတော့ သူ့ကို စာချုပ်သက်တမ်း တိုးမယ်ဆိုရင်တောင် ကာလတို စာချုပ်လောက်သာ တိုးမြှင့်နိုင်ဖွယ် ရှိနေသလို ဒီဘရိုင်းနေရာအတွက် ရေရှည်အစားထိုးနိုင်မယ့် ကစားသမားကိုပဲ ခေါ်ယူဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ မန်စီးတီး ချိန်ရွယ်နေတဲ့ ကစားသမားတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက် (၂၁)နှစ်အရွယ် ဂျာမနီ ကွင်းလယ်တိုက်စစ် ကစားသမားလေး မူစီအာလာက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ ချယ်လ်ဆီး လူငယ်အကယ်ဒီထွက် မူစီအာလာဟာ ဘိုင်ယန်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လို့နေပြီး မန်စီးတီး အပါအဝင် ဥရောပ ထိပ်သီးအသင်းတိုင်းရဲ့ ပစ်မှတ်ပါ ဖြစ်နေပါတယ်။

Photo Credit : Youtube

အင်္ဂလန်-ဂျာမနီနွယ်ဖွား မူစီအာလာဟာ ကွင်းလယ်၊ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာမှာပါ လိုက်ပါကစားနိုင်သူဖြစ်ပြီးတော့ အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်လို့ သူ့ကို ဘိုင်ယန်ဘက်က စာချုပ်သက်တမ်း တိုးမြှင့်ချင်နေပေမယ့် အခုထိတော့ စာချုပ်သစ်ကိစ္စက အဆင်မပြေသေးဘဲ ရှိနေပါတယ်။

မူစီအာလာဟာ ဘိုင်ယန်နဲ့ ၂၀၂၆ခုနှစ်မှာ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် စာချုပ်သစ်သာ မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် လာမယ့် ၂၀၂၅နွေမှာပဲ အသင်းကနေ မဖြစ်မနေ ရောင်းထုတ်သွားရပါလိမ့်မယ်။ ဒီအခြေအနေကို မန်စီးတီးအပြင် လီဗာပူးလ် မန်ယူနိုက်တက် ပီအက်စ်ဂျီနဲ့ ဆော်ဒီကလပ်တွေကပါ စောင့်ကြည့်လို့နေပြီး အဓိကအားဖြင့် မန်စီးတီးနဲ့ လီဗာပူးလ်တို့ အပြိုင်လုကြရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version