မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား မာရက်စ်ကတော့ မန်စီးတီးအသင်းဟာ အကောင်းဆုံး အသင်း ဖြစ်မလား ဆိုတာကို သေချာမသိပေမယ့်လည်း မန်စီးတီးအသင်းမှာ နည်းပြကောင်း နဲ့ ဘာမဆို ရှိတာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။ ဥရောပ ပြည်တွင်းလိဂ် ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတို့ဟာ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ်ကြောင့် ပြီးခဲ့တဲ့ မတ်လ ကတည်းကနေ ရပ်နားခဲ့ရပြီး လက်ရှိမှာ ဥရောပ ပြိုင်ပွဲက ပြည်တွင်းလိဂ် ပြိုင်ပွဲ အချို့ကို ပြန်လည် စတင်နေပြီ ဖြစ်ပေမယ့် ချန်ပီယံလိဂ် ပြန်စမယ့် အချိန်ကို မသိရသေးလျက် ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် ကစားခဲ့စဉ်မှာ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ကွာတား ဖိုင်နယ်ကို တက်ရောက်နိုင်တဲ့ အခွင့်အလမ်းက ပိုများနေလျက် ရှိပါတယ်။ မန်စီးတီးအသင်းဟာ အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ချန်ပီယံလိဂ် ဆုဖလားကို တစ်ကြိမ်မှ မရဖူးသေးတာ ဖြစ်ပေမယ့်လည်း တောင်ပံ ကစားသမား မာရက်စ်ကတော့ လက်ရှိအချိန်ဟာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ အချိန်ကောင်း ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Goal

မာရက်စ်က “လက်ရှိအချိန်အခါဟာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ အချိန်ကောင်း ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့မှာ အသင်း ရှိတယ်။ ကျွန်တော်တို့မှာ နည်းပြ ရှိပါတယ်။ ကျွန်တော်တို့မှာ ဘာမဆို ရှိပါတယ်။ ဆိုတော့ အခုအချိန်က အချိန်ကောင်း တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက အကောင်းဆုံး အသင်း ဖြစ်မလား ဆိုတာကိုတော့ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ အသင်းကောင်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲက ခက်ခဲတယ်။ အသင်းတိုင်းက ချန်ပီယံလိဂ် ဆုဖလားကို ရရှိချင်ကြတယ်။ ဒီတော့ ချန်ပီယံလိဂ် ပြိုင်ပွဲက ကြီးမားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။