အဆိုတော် သီချင်းရေးဆရာ နိုအယ်လ် ဂါလာဟာကတော့ တကယ်လို့များ လက်ရှိ ရာသီမှာ လီဗာပူးလ်အသင်းက (၂၅) မှတ် ဖြတ်နေတာ မဟုတ်ဘဲ မန်စီးတီးအသင်းက ရမှတ် (၂၅) မှတ် ဖြတ်နေတာ ဖြစ်မယ် ဆိုရင် လက်ရှိရာသီကို ဖျက်သိမ်းတာ ကြာပြီလို့ ပြောကြားသွားပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁) ပွဲသာ ရှုံးနိမ့်ထားပြီး ရမှတ် (၂၅) မှတ် ဖြတ်ထားတာကြောင့် နောက်ထပ် ပွဲစဉ် (၂) ပွဲကိုသာ အနိုင် ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိသွားတော့မှာ ဖြစ်ပါတယ်။

Photo Credit: MEN

မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၅) မှတ် ကွာဟတာကြောင့် ပရီးမီးယား လိဂ် ဆုဖလားကို (၃) နှစ်ဆက် ရရှိနိုင်ဖွယ် မရှိတော့ပေမဲ့လည်း တကယ်လို့ လက်ရှိရာသီကို ဖျက်သိမ်းပြီး ရာသီအသစ်ကနေ ပြန်စမယ် ဆိုရင် (၃) နှစ်ဆက် ရရှိနိုင်ဖွယ် ရှိပါသေးတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ လက်တစ်ကမ်းသာ လိုတော့တာ ဖြစ်ပြီး အဆိုတော် ဂါလာဟာကတော့ လက်ရှိရာသီမှာ မန်စီးတီးအသင်းကသာ (၂၅) မှတ် ဖြတ် ဦးဆောင်နေမယ် ဆိုရင် လက်ရှိရာသီကို ဖျက်သိမ်းတာ ကြာပြီလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: MEN

နိုအယ်လ် ဂါလာဟာက “လီဗာပူးလ်အသင်းက ရမှတ် (၂၅) မှတ် ဖြတ်နေတယ် ဆိုပေမယ့် ဒါက သိပ် ကြီးကျယ်တဲ့ အရာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွန်ခဲ့တဲ့ အပတ်တွေ ကတည်းက ဖျက်သိမ်းသင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလ်အသင်းကိုပဲ ဆုဖလား ပေးလိုက်ပါ။ သူတို့ ဘယ်လို ဖြစ်ဖြစ် ရနေပြီးသား ဖြစ်လို့ပါ။ ကျွန်တော် တွေးမိတာကတော့ တကယ်လို့ ဆုဖလား ရတော့မယ့် အသင်းက လီဗာပူးလ်အသင်း မဟုတ်ဘဲ မန်စီးတီးအသင်း ဒါမှမဟုတ်ရင် ချဲလ်ဆီးအသင်း ဖြစ်မယ် ဆိုရင် လက်ရှိရာသီကို ဖျက်သိမ်းပစ်တာ ကြာပါပြီ။ ဘယ်အသင်းပဲ ဖြစ်ဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် မရသင့်ဘူး၊ တန်းမဆင်းသင့်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ အသင်းတွေ အားလုံးက နောက်ရာသီကိုပဲ စဉ်းစားသင့်ပါပြီ”လို့ ပြောခဲ့ပါတယ်။