ပရီးမီးယားလိဂ် အင်အားကြီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်း ကတော့ သူတို့အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး အဂူရိုရဲ့ နေရာအတွက် ဒေါ့မွန််အသင်းရဲ့ နော်ဝေ လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း များပြားလှတဲ့ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအသင်းထံ ၂၀၁၁ ခုနှစ်ကတည်းက ပြောင်းရွှေ့ ကစားခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး ၁ဝနှစ်တာ ကာလ အတွင်းမှာ အသင်းအတွက် ၃ရဝပွဲအထိ ကစားပေးခဲ့ကာ သွင်းဂိုး ၂၅၄ဂိုး သွင်းယူ ပေးထားသလို ဂိုးဖန်တီးမှု ၇၃ကြိမ်အထိ ဖန်တီးပေးထား နိုင်တာကြောင့် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အသက်အရွယ် ရလာတာနဲ့အမျှ အဂူရိုဟာ မကြာခဏဆိုသလို ဒဏ်ရာရရှိနေပြီး သူ ဒဏ်ရာ ရရှိနေတဲ့ အချိန်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းဟာလည်း အတော်ကို အားနည်းသွားတာကြောင့် မန်စီးတီး အသင်းဟာ လာမယ့် အပြောင်းအရွှေ့ ရာသီမှ စတင်ကာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားတော့မယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ် ဥရောပရဲ့ အကောင်းဆုံး လူငယ် အထောင် တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်း အတွက် ဘွန်ဒက်လီဂါပွဲစဉ် ၃ပွဲပါဝင် ကစားထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားနိုင်သူပါ။

 

Photo Credit: Mirror

ဂျာမန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ဟာလန်းဟာ လက်ရှိအချိန်မှာ ဒေါ့မွန်အသင်းနဲ့ အတူ ရှိနေရတာကို ပျော်ရွှင်နေပေမယ့် တစ်ချိန်မှာတော့ ဒေါ့မွန်အသင်းကို ကျိန်းသေပေါက် စွန့်ခွာမှာ ဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၂ခုနှစ်မှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို ၇၀ သန်းသာ ရှိတော့မယ် လို့ သိရပါတယ်။ လက်ရှိမှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပအသင်းကြီး များစွာက စိတ်ဝင်စား နေကြပေမယ့် အားလုံးဟာ ဟာလန်းကို ခေါ်ယူဖို့ ၂၀၂၂ခုနှစ်အထိ စောင့်ဖွယ်ရှိပြီး မန်စီးတီးအသင်း ကတော့ ဟာလန်းကို လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ အတွက် လာမယ့် အပြောင်းအရွှေ့ရာသီမှာ ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁ဝဝသန်းနဲ့ စတင် ကမ်းလှမ်းတော့မှာပဲ ဖြစ်ပါတယ်။