မန်စီးတီးအသင်းဟာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်း (FFP) ကို ချိုးဖောက်မှုကြောင့် ဒဏ်ငွေ (၂၅) သန်း နဲ့ ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ် ပိတ်ပင်ခံခဲ့ရမယ်လို့ UEFA အတည်ပြုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒဏ်ငွေ ပေါင် (၂၅) သန်း နဲ့ ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ်ကို တရားဝင် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး နောက်ဆက်တွဲ ပြဿနာတွေကတော့ အသင်းကနေ နည်းပြ ပက် ဂွါဒီယိုလာ ထွက်ခွာတော့မယ်၊ ရမှတ်လျှော့ခံရရင် လိဂ်တူးကို ဆင်းရမယ် ဆိုတာတွေပါပဲ။


Photo Credit: Givemesports

ဒါပေမဲ့ သတင်းဆိုးတွေထဲကမှ အဆိုးဆုံး သတင်းက မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်က ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို ပြန်သိမ်းခံရနိုင်ချေရှိပါတယ် ဆိုတဲ့ သတင်းဆိုးပါ။ မန်စီးတီးအသင်းဟာ (၂၀၁၂) ခုနှစ် နဲ့ (၂၀၁၆) ခုနှစ်ကြားမှာ FFP စည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး (၂၀၁၂) ခုနှစ် နဲ့ (၂၀၁၆) ခုနှစ်ကြား၊ (၂၀၁၄) ခုနှစ်မှာ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်ရုပ်သိမ်းခံရနိုင်ချေရှိပြီး ကံဆိုးပါက (၂၀၁၂) ခုနှစ်က ဖလားကိုပါ ရုပ်သိမ်းခံရနိုင်ပါတယ်။


Photo Credit: Givemesports

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို (၄) ကြိမ် ရရှိခဲ့ပြီး (၂၀၁၂) ခုနှစ်၊ (၂၀၁၄) ခုနှစ်၊ (၂၀၁၇) ခုနှစ် နဲ့ (၂၀၁၈) ခုနှစ် ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ UEFA ရဲ့ စုံစမ်းမှုနဲ့ အမှု ပြီးသွားမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ဖလားကို ရုပ်သိမ်းခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်က မန်စီးတီးအသင်းကို သီးသန့် စုံစမ်းပြီး အပြစ်ရှာတွေ့သွားမယ် ဆိုရင် ရမှတ် လျှော့ချခံရတာ နဲ့ ပရီးမီးယားလိဂ် ဖလား ရုပ်သိမ်းခံရနိုင်တာ လုံးဝ လုံးဝကို ဖြစ်နိုင်ပါတယ်။