မကြာခင်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ ပီအက်စ်ဂျီနဲ့ ပေါ့ဘာရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်တို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် ယူနိုက်တက်ရဲ့ မြို့ခံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကပါ ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Transfer guru gives 'important update' on 'absolutely gutted' Paul Pogba  with one club leading the way

Photo Credit : TEAMtalk

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ခုနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင်(၈၉.၅)သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ ဒုတိယအကြိမ် ထပ်မံ လက်တွဲဖြုတ်သွားဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူကြီး ဖာနန်ဒင်ဟိုကို လက်လွတ်ရတော့မယ့် မန်စီးတီးအသင်းက ပေါ့ဘာကို ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် အလိုရှိလာခဲ့ပြီး ပေါဘာကလည်း ကွင်းလယ်မှာဆိုရင် နံပါတ်(၆)နေရာရော နံပါတ်(၈)နေရာမှာပါ ကစားတတ်သူဖြစ်လို့ စီးတီးနည်းပြ ဂွာဒီယိုလာက မြို့ခံအသင်း ကစားသမား ပေါ့ဘာကို ခေါ်ယူချင်လာတာ ဖြစ်ပါတယ်။

Manchester City Target Manchester United's Paul Pogba on FREE Transfer -  Sports Illustrated Manchester City News, Analysis and More

Photo Credit : Sport Illustrated

လက်ရှိမှာ ခြေသလုံးဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ လက်ကျန်ပွဲစဉ်တွေအားလုံး လွဲချော်ထားခဲ့ရတဲ့ ပေါ့ဘာဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ သူ့ကို ခေါ်ယူသွားဖို့ ဆန္ဒရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ သူ့အတွက် အဆင်အပြေနိုင်ဆုံး အသင်းတစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့သွားဖို့ စိတ်အားထက်သန်လို့ နေပါတယ်။ ပေါ့ဘာဟာ မကြာသေးခင်ကမှ အဖျားဝေဒနာနဲ့ ဆုံးပါးသွားခဲ့ရတဲ့ စူပါအေးဂျင့် မီနိုရွိုင်ယိုလာနဲ့ လက်တွဲထားခဲ့သူဖြစ်လို့ လက်ရှိမှာတော့ သူ့အပြောင်းအရွှေ့အတွက် အေးဂျင့်အပြောင်းအလဲ လုပ်ဆောင်ရဖို့ ရှိနေပြီး နောက်ထပ် အေးဂျင့်တစ်ဦးနဲ့ လက်တွဲဖြစ်ခဲ့ရင်တောင် ယူနိုက်တက်အသင်းအပေါ် ထားရှိတဲ့ စိတ်အခံကြောင့် ယူနိုက်တက်ရဲ့မြို့ခံကလပ် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေ နည်းပါးနိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ လာမယ့်စျေးကွက်ထဲမှာ ဖာနန်ဒင်ဟိုရဲ့နေရာနဲ့ တိုက်စစ်နေရာအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေပြီး ကွင်းလယ်ပိုင်းအတွက် ဘာစီလိုနာအသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်နဲ့ တိုက်စစ်ပိုင်းအတွက် ဒေါ့မွန်ရဲ့ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။