နာပိုလီအသင်းက လာမယ့်ရာသီ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်သွားဖို့အတွက် လိုင်လီအသင်းရဲ့ တိုက်စစ်ကစားသမား ဗစ်တာအိုစီမန်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုတွေ ရယူထားနိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ ပြောင်းရွှေ့ကြေးပိုင်းမှာ ညှိနှိုင်းနေရဆဲဖြစ်ပြီး လိုင်လီဘက်ကနေလည်း သူတို့ကစားသမားအတွက် ပေါင်(၅၅)သန်းလောက်အထိ အနည်းဆုံး အလိုရှိနေတာဖြစ်လို့ နာပိုလီအသင်းအနေနဲ့ ငွေကြေးပိုင်း လိုအပ်ချက်ဖြစ်နေတာကြောင့် အသင်းရဲ့နောက်ခံလူ ကူလီဘီကို မန်စီးတီးအသင်းဆီ အလျင်အမြန် ရောင်းချသွားရဖွယ် ရှိနေပါတယ်။

Photo Credit : Youtbue

ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာပဲ နာပိုလီက အိုစီမန်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ကစားသမားကိုယ်တိုင်ကပါ အီတလီရောက်လာကာ ဆေးစစ်မှုတွေ ခံယူနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ အသင်းနှစ်သင်းရဲ့ကြား ကစားသမားရဲ့ပြောင်းရွှေ့ကြေးကြောင့် အပြီးသတ်နိုင်ဖို့က ကြန့်ကြာနေခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် နာပိုလီက လိုင်လီဘက်ကနေ အလိုရှိနေတဲ့ ပေါင်(၅၅)သန်းကို ခပ်မြန်မြန်ပေးချေသွားနိုင်ဖို့ မန်စီးတီးဘက်ကနေ အလိုရှိနေတဲ့ သူတို့ရဲ့နောက်ခံလူ ကူလီဘီကို ရောင်းချပြီး အသုံးစရိတ် ရှာဖွေသွားဖွယ် ရှိနေတယ်လို့ Transfer Window Podcast သတင်းထောက်တစ်ဦးက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FotMob

မန်စီးတီးအသင်းကလည်း ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ အားအနည်းဆုံးသော နေရာတစ်ခုဖြစ်ခဲ့တဲ့ ခံစစ်ပိုင်းအတွက် လာမယ့်စျေးကွက်အတွင်းမှာ ပြင်ဆင်မှုများစွာနဲ့ ခံစစ်ယိုယွင်းမှုတွေ ပြန်လည်ဖာထေးဖို့ ပြင်ဆင်လို့နေပြီး နာပိုလီခံစစ်မှူး ကူလီဘလီဟာလည်း သူတို့အသင်းရဲ့ အဓိကပစ်မှတ်ထဲမှာ ပါဝင်လျက်ရှိနေပါတယ်။ အသက်(၂၉)အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် ဗဟိုခံစစ်ကစားသမား ကူလီဘလီဟာ စီးရီးအေမှာရော ဥရောပမှာပါ အကောင်းဆုံးခံစစ်မှူးတွေထဲ တစ်ယောက်အပါအဝင် ဖြစ်လို့နေတဲ့အပြင် နာပိုလီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်နေတဲ့အတွက် အသင်းကနေ သူ့ကို အလွယ်တကူ လက်လွတ်မသွားချင်ပဲ ပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်းလောက်အထိ အလိုရှိနေတာဖြစ်ပါတယ်။ နာပိုလီအသင်းအနေနဲ့ ကူလီဘလီကို မန်စီးတီးအသင်းဆီ ရောင်းချနိုင်ခဲ့မယ်ဆိုရင် လိုင်လီတိုက်စစ်ကစားသမား အိုစီမန်ကို ခေါ်ယူသွားမှာဖြစ်တဲ့အပြင် ကူလီဘလီရဲ့နေရာအတွက်ကိုလည်း လိုင်လီအသင်းရဲ့နောက်ခံကစားသမား ဂါဘရီရယ်နဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းကတော့ ခံစစ်မှာ ကူလီဘလီအပြင် ဘုန်းမောက်နောက်ခံလူ နာသန်အကီကိုလည်း ခေါ်ယူသွားဖွယ် ရှိနေပါတယ်။