ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်းရဲ့ဒဏ်ရာပြသာနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းရဲ့အဓိက နောက်ခံကစားသမားတွေဖြစ်တဲ့ လာပေါ့တ်နဲ့ ဂျွန်စတုန်းစ်တို့ ဒဏ်ရာပြသာနာတွေ ရရှိသွားချိန်မှာ ခံစစ်ပိုင်းလိုအပ်ချက်အရ အသင်းရဲ့ဝါရင့်ကွင်းလယ်ခံစစ်ကစားသမားကြီး ဖာနန်ဒင်ဟိုကို ခံစစ်ပိုင်းမှာ အသုံးပြုလာခဲ့ရပြီး ဖာနန်ဒင်ဟိုကလည်း ခံစစ်ပိုင်းအတွက် တာဝန်ကျေပွန်အောင် ကစားနိုင်ခဲ့တာကြောင့် အခုဆို မန်စီးတီးအသင်းက သူတို့ရဲ့ကစားသမားကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးသွားဖို့တောင် ပြင်ဆင်နေပြီလို့ သတင်းထွက်လာခဲ့ရပါတယ်။
အသက်၃၄နှစ်အရွှယ် ဘရာဇီးလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကစွမ်းဆောင်ခဲ့သူဖြစ်ပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၀ခုနှစ် ဇူလိုင်လကုန်မှာ ကုန်ဆုံးတော့မှာဖြစ်သလို အသင်းဖော်မာရက်ဇ်ကလည်း မန်စီးတီးအသင်းကနေ ကျင်းပတဲ့ အမေးအဖြေအစီအစဉ်မှာ ရာသီကုန်တာနဲ့ ဖာနန်ဒင်ဟိုက အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ မထင်မှတ်ပဲ ထုတ်ဖော်ပြောဆိုခဲ့မိတာကြောင့် ဖာနန်ဒင်ဟိုနဲ့ မန်စီးတီးအသင်းတို့ရဲ့လမ်းခွဲမှုက သေချာသလောက်ကို ရှိလာခဲ့ရပါတယ်။
(Unicode)
ဖာနန်ဒင်ဟိုကို အသင်းမှာ နောက်ထပ်တစ်နှစ်လောက် ထပ်မံထားရှိသွားဦးမယ့် မန်စီးတီး
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်းရဲ့ဒဏ်ရာပြသာနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး အသင်းရဲ့အဓိက နောက်ခံကစားသမားတွေဖြစ်တဲ့ လာပေါ့တ်နဲ့ ဂျွန်စတုန်းစ်တို့ ဒဏ်ရာပြသာနာတွေ ရရှိသွားချိန်မှာ ခံစစ်ပိုင်းလိုအပ်ချက်အရ အသင်းရဲ့ဝါရင့်ကွင်းလယ်ခံစစ်ကစားသမားကြီး ဖာနန်ဒင်ဟိုကို ခံစစ်ပိုင်းမှာ အသုံးပြုလာခဲဲ့ရပြီး ဖာနန်ဒင်ဟိုကလည်း ခံစစ်ပိုင်းအတွက် တာဝန်ကျေပွန်အောင် ကစားနိုင်ခဲ့တာကြောင့် အခုဆို မန်စီးတီးအသင်းက သူတို့ရဲ့ကစားသမားကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးသွားဖို့တောင် ပြင်ဆင်နေပြီလို့ သတင်းထွက်လာခဲ့ရပါတယ်။
Photo Credit : Getty Images
အသက်၃၄နှစ်အရွှယ် ဘရာဇီးလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိကစွမ်းဆောင်ခဲ့သူဖြစ်ပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက လာမယ့် ၂၀၂၀ခုနှစ် ဇူလိုင်လကုန်မှာ ကုန်ဆုံးတော့မှာဖြစ်သလို အသင်းဖော်မာရက်ဇ်ကလည်း မန်စီးတီးအသင်းကနေ ကျင်းပတဲ့ အမေးအဖြေအစီအစဉ်မှာ ရာသီကုန်တာနဲ့ ဖာနန်ဒင်ဟိုက အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ မထင်မှတ်ပဲဲ ထုတ်ဖော်ပြောဆိုခဲ့မိတာကြောင့် ဖာနန်ဒင်ဟိုနဲ့ မန်စီးတီးအသင်းတို့ရဲ့လမ်းခွဲဲမှုက သေချာသလောက်ကို ရှိလာခဲဲ့ရပါတယ်။
Photo Credit : Getty Images
ဒါပေမယ့်လည်း မန်စီးတီးအသင်းဟာ သူတို့အသင်းအတွက် ၂၀၁၃ခုနှစ်ကနေ ရနှစ်ကြာအောင် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဝါရင့်ကစားသမားကြီး ဖာနန်ဒင်ဟိုကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေသေးတာကြောင့် မကြာခင်မှာ စာချုပ်သက်တမ်းတိုးမှုတွေ လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။ လက်ရှိမှာတော့ ဖာနန်ဒင်ဟိုဟာ သူနဲ့ မန်စီးတီးအသင်းတို့ကြား စာချုပ်သက်တမ်းအရ လပိုင်းလောက်ပဲ ကျန်ရှိတော့တာဖြစ်လို့ အခု ဇန်နဝါရီလမှာ သူပြောင်းရွှေ့ကစားလိုတဲ့ ပရီးမီးယားလိဂ်ပြင်ပ ကလပ်အသင်းတွေနဲ့ ဆွေးနွေးညိနှိုင်းနိုင်ပေမယ့် ဖာနန်ဒင်ဟိုကိုယ်တိုင်က မန်စီးတီးမှာပဲ ဆက်လက်ရှိနေချင်တာကြောင့် စာချုပ်သစ်ကမ်းလှမ်းမှုကိုသာ လက်ခံသွားဖွယ်ရှိနေပါတယ်။ ဖာနန်ဒင်ဟိုဟာ လွန်ခဲ့တဲ့ ရနှစ်တုန်းက ရှက်တာဒိုးနက်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း၃၀နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၃လုံး အက်အေဖလား၁လုံးနဲ့ လိဂ်ဖလား၄လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ရတာပဲဖြစ်ပါတယ်။