အဂၤလန္ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္းဟာ ျပည္ပကႏုိင္ငံျခားသားလူငယ္ကစားသမားေတြကို တရားမဝင္ေခၚယူခ့ဲေၾကာင္း ျပစ္ဒဏ္ထင္ရွားခ့ဲေပမယ့္ ခ်ဲလ္ဆီးအသင္းလက္ရွိရင္ဆုိင္ေနရတ့ဲ အေျပာင္းအေရႊ႕ပိတ္ပင္တ့ဲျပစ္ဒဏ္ခ်မွတ္ခံရျခင္းမရွိဘဲ ဒဏ္ေၾကးေဆာင္ရံုသာ အေရးယူခံခ့ဲရေၾကာင္း သိရွိရပါတယ္။ အာရပ္ေဒသမွေငြေၾကးစီးဆင္းမႈမ်ားနဲ႔အတူ အဂၤလန္မွာသာမက ဥေရာပမွာပါ ေန႔ခ်င္းညခ်င္း ထိပ္တန္းအသင္းတစ္သင္းအျဖစ္ ကူးေျပာင္းလာခ့ဲတ့ဲ မန္စီးတီးအသင္းဟာ အသင္းရဲ႕အကယ္ဒမီအတြက္ ျပည္ပကလူငယ္ကစားသမားေတြကိုပါ ေနာက္ကြယ္ကေန တရားမဝင္ေခၚယူခ့ဲတာျဖစ္ပါတယ္။

Photo Credit : Getty Images

ခ်ဲလ္ဆီးအသင္းအေနနဲ႔လည္း မန္စီးတီးအသင္းနဲ႔ အလားတူလုပ္ရပ္မ်ိဳးက်ဴးလြန္ခ့ဲတာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ အေျပာင္းအေရႊ႕ႏွစ္ရာသီစာ ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရတ့ဲ ျပစ္ဒဏ္ကိုက်ခံေနရပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီျပစ္ဒဏ္ကလြတ္ေျမာက္ဖို႔အတြက္ ၿပီးခ့ဲတ့ဲေႏြရာသီအေျပာင္းအေရႊ႕မစတင္ခင္အခ်ိန္တည္းက အယူခံတင္သြင္းခ့ဲေပမယ့္ အားကစားခံုရံုးကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလၿပီးဆံုးမွသာ ခ်ဲလ္ဆီးအသင္းရဲ႕ ျပစ္ဒဏ္ကို ၾကားနာစစ္ေဆးဖုိ႔ ဆံုးျဖတ္ခ့ဲတာေၾကာင့္ အသင္းရဲ႕အဓိကေတာင္ပံကစားသမားျဖစ္သူ ဟာဇက္ကို လက္လႊတ္ထားရသည့္တိုင္ေအာင္ ၿပီးခ့ဲတ့ဲေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရပါတယ္။

Photo Credit : Getty Images

မူလျပစ္ဒဏ္အရခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕မွာပါ ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံရမွာျဖစ္ၿပီး ကမာၻ႕ေဘာလံုးအဖြဲ႕ခ်ဳပ္ (ဖီဖာ) က အတြင္းလူတစ္ေယာက္ရဲ႕ ေျပာၾကားခ်က္အရ မန္စီးတီးအသင္းအေနနဲ႔လည္း ခ်ဲလ္ဆီးအသင္းက်ဴးလြန္ခ့ဲတ့ဲ ျပစ္ဒဏ္မ်ိဳးက်ဴးလြန္ခ့ဲတာျဖစ္ေပမယ့္ ေနာက္ဆံုးမွာေတာ့ ဖီဖာက မန္စီးတီးအသင္းကို ဒဏ္ေၾကးေငြ ေပါင္ (၃၁၅,၀၀၀) သာ ေပးေဆာင္ေစဖို႔ အမိန္႔ခ်မွတ္ခ့ဲတာလည္းျဖစ္ပါတယ္။ ဖီဖာရဲ႕ဆံုးျဖတ္ခ်က္က ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ ေဒါသထြက္စရာျဖစ္ခ့ဲေပမယ့္ မန္စီးတီးအသင္းဘက္ကေတာ့ ျပစ္ဒဏ္ကို လက္ခံသြားမွာျဖစ္ေၾကာင္း တရားဝင္ေၾကညာခ်က္ထုတ္ျပန္ခ့ဲပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ မန္စီးတီးအသင္းအေနနဲ႔ လက္ရွိအခ်ိန္အထိ သက္ျပင္းခ်လို႔ရတ့ဲ အေနအထားတစ္ရပ္မွာ မရွိေသးဘဲ ေနာက္ထပ္ျပစ္ဒဏ္ခ်မွတ္မႈမ်ားနဲ႔ ရင္ဆုိင္ရႏိုင္တ့ဲ အေနအထားေတြလည္း က်န္ရွိေနဆဲျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ ၿပီးခ့ဲတ့ဲ (၂၀၁၄) ခုႏွစ္မွာ အသက္ (၁၄) ႏွစ္အရြယ္ ဆန္ခ်ိဳကုိ ဝက္ဖို႔ဒ္အသင္းထံမွ ေခၚယူခ့ဲရာမွာ ကစားသမားကို ေပါင္ (၂) သိန္း၊ ဆန္ခ်ိဳရဲ႕ ေအးဂ်င့္ျဖစ္သူကို ေပါင္ (၂) သိန္းေပးၿပီး ဝက္ဖုိ႔ဒ္အသင္းကထြက္ခြာဖို႔ စည္းရံုးသိမ္းသြင္းခ့ဲတယ္ဆုိတ့ဲ စြပ္စြဲခ်က္ကိုလည္း ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္တို႔ဆီမွာ ရင္ဆုိင္ေျဖရွင္းရဦးမွာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အာရပ္ေစာ္ဘြားေတြရဲ႕ ေငြေၾကးနဲ႔အတူ ဝင္ေငြ၊ ထြက္ေငြမမွ်တတ့ဲအေနအထားေတြကိုလည္း စပြန္ဆာကိစၥရပ္မ်ားမွတစ္ဆင့္ တရားမဝင္ေျဖရွင္းထားတယ္လို႔လည္း မန္စီးတီးရဲ႕အီးေမးလ္တစ္ေစာင္က ေပါက္ၾကားလာခ့ဲၿပီး မန္စီးတီးအသင္းအေနနဲ႔ အဆုိပါျဖစ္ရပ္မ်ားနဲ႔ပတ္သက္လို႔ ထပ္မံစံုစမ္းစစ္ေဆးခံေနရဆဲျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ကလပ္အသင္းေတြရဲ႕ ဝင္ေငြ၊ ထြက္ေငြမွ်ေျခကို တင္းတင္းက်ပ္က်ပ္စစ္ေဆးလာတ့ဲ FFP လုိ႔အမည္ရတ့ဲ ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ဘ႑ာေရးစည္းကမ္းေတြနဲ႔ ၿငိစြန္းေနေၾကာင္း စစ္ေဆးေတြ႕ရွိလာပါက မန္စီးတီးအသင္းအေနနဲ႔ လက္ရွိေဘာလံုးရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွလည္း ထုတ္ပယ္ခံရႏုိင္ေၾကာင္း သတင္းမ်ားကေဖာ္ျပလ်က္ရွိပါတယ္။

(Unicode)

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းဟာ ပြည်ပကနိုင်ငံခြားသားလူငယ်ကစားသမားတွေကို တရားမဝင်ခေါ်ယူခဲ့ကြောင်း ပြစ်ဒဏ်ထင်ရှားခဲ့ပေမယ့် ချဲလ်ဆီးအသင်းလက်ရှိရင်ဆိုင်နေရတဲ့ အပြောင်းအရွှေ့ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ခံရခြင်းမရှိဘဲ ဒဏ်ကြေးဆောင်ရုံသာ အရေးယူခံခဲ့ရကြောင်း သိရှိရပါတယ်။ အာရပ်ဒေသမှငွေကြေးစီးဆင်းမှုများနဲ့အတူ အင်္ဂလန်မှာသာမက ဥရောပမှာပါ နေ့ချင်းညချင်း ထိပ်တန်းအသင်းတစ်သင်းအဖြစ် ကူးပြောင်းလာခဲ့တဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့အကယ်ဒမီအတွက် ပြည်ပကလူငယ်ကစားသမားတွေကိုပါ နောက်ကွယ်ကနေ တရားမဝင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ချဲလ်ဆီးအသင်းအနေနဲ့လည်း မန်စီးတီးအသင်းနဲ့ အလားတူလုပ်ရပ်မျိုးကျူးလွန်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့နှစ်ရာသီစာ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကိုကျခံနေရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဒီပြစ်ဒဏ်ကလွတ်မြောက်ဖို့အတွက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မစတင်ခင်အချိန်တည်းက အယူခံတင်သွင်းခဲ့ပေမယ့် အားကစားခုံရုံးကတော့ နွေရာသီအပြောင်းအရွှေ့ကာလပြီးဆုံးမှသာ ချဲလ်ဆီးအသင်းရဲ့ ပြစ်ဒဏ်ကို ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အသင်းရဲ့အဓိကတောင်ပံကစားသမားဖြစ်သူ ဟာဇက်ကို လက်လွှတ်ထားရသည့်တိုင်အောင် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရပါတယ်။

Photo Credit : Getty Images

မူလပြစ်ဒဏ်အရချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာပါ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံရမှာဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရ မန်စီးတီးအသင်းအနေနဲ့လည်း ချဲလ်ဆီးအသင်းကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်မျိုးကျူးလွန်ခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ဖီဖာက မန်စီးတီးအသင်းကို ဒဏ်ကြေးငွေ ပေါင် (၃၁၅,၀၀၀) သာ ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဖီဖာရဲ့ဆုံးဖြတ်ချက်က ချဲလ်ဆီးပရိသတ်တွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပေမယ့် မန်စီးတီးအသင်းဘက်ကတော့ ပြစ်ဒဏ်ကို လက်ခံသွားမှာဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် မန်စီးတီးအသင်းအနေနဲ့ လက်ရှိအချိန်အထိ သက်ပြင်းချလို့ရတဲ့ အနေအထားတစ်ရပ်မှာ မရှိသေးဘဲ နောက်ထပ်ပြစ်ဒဏ်ချမှတ်မှုများနဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားတွေလည်း ကျန်ရှိနေဆဲဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ အသက် (၁၄) နှစ်အရွယ် ဆန်ချိုကို ဝက်ဖို့ဒ်အသင်းထံမှ ခေါ်ယူခဲ့ရာမှာ ကစားသမားကို ပေါင် (၂) သိန်း၊ ဆန်ချိုရဲ့ အေးဂျင့်ဖြစ်သူကို ပေါင် (၂) သိန်းပေးပြီး ဝက်ဖို့ဒ်အသင်းကထွက်ခွာဖို့ စည်းရုံးသိမ်းသွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ဆီမှာ ရင်ဆိုင်ဖြေရှင်းရဦးမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အာရပ်စော်ဘွားတွေရဲ့ ငွေကြေးနဲ့အတူ ဝင်ငွေ၊ ထွက်ငွေမမျှတတဲ့အနေအထားတွေကိုလည်း စပွန်ဆာကိစ္စရပ်များမှတစ်ဆင့် တရားမဝင်ဖြေရှင်းထားတယ်လို့လည်း မန်စီးတီးရဲ့အီးမေးလ်တစ်စောင်က ပေါက်ကြားလာခဲ့ပြီး မန်စီးတီးအသင်းအနေနဲ့ အဆိုပါဖြစ်ရပ်များနဲ့ပတ်သက်လို့ ထပ်မံစုံစမ်းစစ်ဆေးခံနေရဆဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကလပ်အသင်းတွေရဲ့ ဝင်ငွေ၊ ထွက်ငွေမျှခြေကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာတဲ့ FFP လို့အမည်ရတဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းကမ်းတွေနဲ့ ငြိစွန်းနေကြောင်း စစ်ဆေးတွေ့ရှိလာပါက မန်စီးတီးအသင်းအနေနဲ့ လက်ရှိဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှလည်း ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းများကဖော်ပြလျက်ရှိပါတယ်။