ယူႏုိက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမားတစ္ဦးျဖစ္သူ အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ယူႏုိက္တက္ကစားသမားဘဝကို ေရွ႕ဆက္ဖို႔ အခက္အခဲမ်ားစြာနဲ႔ ရင္ဆုိင္ေနရၿပီျဖစ္ပါတယ္။ ၿပီးခ့ဲတ့ဲ (၂၀၁၈) ခုႏွစ္ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ မီခီတာရန္နဲ႔ ကစားသမားအလဲအထပ္ ျပဳလုပ္ၿပီး အာဆင္နယ္အသင္းမွယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲတ့ဲ ဆန္းခ်က္ဇ္ဟာ အသင္းမွာတစ္ပတ္လုပ္ခ ေပါင္ (၅၀၅,၀၀၀) နဲ႔ အသင္းရဲ႕လုပ္ခလစာအမ်ားဆံုးကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနသလို ပရီးမီးယားလိဂ္ရဲ႕ လုပ္ခလစာအမ်ားဆံုးကစားသမားတစ္ဦးအျဖစ္လည္း ရပ္တည္လ်က္ရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက ဆန္းခ်က္ဇ္ကို အသင္းကထြက္ခြာေစဖို႔ ဆႏၵရွိေနၿပီျဖစ္ၿပီး အသင္းကမထြက္ခြာဘူးဆုိရင္ အဆုိပါခ်ီလီလက္ေရြးစင္ကစားသမားကို ယူႏုိက္တက္အရံအသင္းမွာ ကစားေစမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းအေနနဲ႔ ဥေရာပအေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ စက္တင္ဘာလ (၂) ရက္ေန႔မတုိင္ခင္မွာ ဆန္းခ်က္ဇ္ကို အသင္းကရွင္းထုတ္ဖို႔ ျပင္ဆင္ေနၿပီး ရိုးမားအသင္းကလည္း ဆန္းခ်က္ဇ္ကို အငွားနဲ႔ေခၚယူဖုိ႔ ဆႏၵရွိေနေပမယ့္ ကစားသမားရဲ႕ ျမင့္မားတ့ဲလုပ္ခလစာပမာဏကို ေပးေခ်ဖုိ႔ ဆႏၵမရွိတာေၾကာင့္ ယူႏုိက္တက္အသင္းအေနနဲ႔ ဆန္းခ်က္ဇ္ရဲ႕လစာကို ရိုးမားအသင္းနဲ႔အတူ မွ်ေဝေပးေခ်ရမယ့္ အေနအထားတစ္ရပ္နဲ႔လည္း ရင္ဆုိုင္ေနရပါတယ္။ တစ္ဖက္မွာလည္း ယူႏုိက္တက္အသင္းအေနနဲ႔ ဆန္းခ်က္ဇ္ကို လက္ရွိေႏြရာသီအေျပာင္းအေရႊ႕မွာတင္ အသင္းက မရွင္းထုတ္ႏုိင္ဘူးဆုိရင္ ေနာက္ထပ္ေဆာင္းရာသီအေျပာင္းအေရႊ႕ေရာက္တ့ဲအခ်ိန္အထိ ဆန္းခ်က္ဇ္အတြက္ ေပါင္ (၈.၆) သန္းေပးေခ်ရမွာျဖစ္ၿပီး နည္းျပဆိုးလ္ရွားကေတာ့ ဆန္းခ်က္ဇ္ကို ယူႏုိက္တက္အသင္းႀကီးမွာ ဆက္ထားဖို႔ဆႏၵမရွိေတာ့ေၾကာင္းလည္း သိရွိရပါတယ္။

Photo Credit : Getty Images

အသက္ (၃၀) အရြယ္ ဆန္းခ်က္ဇ္အေနနဲ႔ ယူႏုိက္တက္အသင္းကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးေနခ့ဲတာျဖစ္ၿပီး အရင္နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာတည္းက အသင္းမွာအဆင္မေျပျဖစ္ေနခ့ဲတ့ဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဆန္းခ်က္ဇ္အေနနဲ႔ ယူႏုိက္တက္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္တစ္ခုမွာလည္း အကယ္ဒမီထြက္တိုက္စစ္ကစားသမားတစ္ဦးျဖစ္တ့ဲ ေမဆင္ဂရင္းဝုဒ္နဲ႔ ျပႆနာျဖစ္ပြါးခ့ဲေသးတယ္လို႔ သိရွိရပါတယ္။ ၿပီးခ့ဲတ့ဲေဘာလံုးရာသီရဲ႕ ဒီဇင္ဘာလမွာ ယူႏုိက္တက္အသင္းကို ဆိုးလ္ရွားစတင္တာဝန္ယူကုိင္တြယ္ခ်ိန္ကစၿပီး ဆန္းခ်က္ဇ္တစ္ေယာက္ အသင္းအတြက္ (၁၆) ပြဲပါဝင္ကစားခြင့္ရရွိခ့ဲေပမယ့္ သြင္းဂုိးတစ္ဂိုးသာ သြင္းယူေပးႏုိင္ခ့ဲၿပီး အေစာပိုင္းမွာ ဆိုးလ္ရွားက ဆန္းခ်က္ဇ္ကို ကူညီေပးဖို႔ ႀကိဳးစားခ့ဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ ခ်ီလီသားရဲ႕ေျခစြမ္းအေပၚ ဆိုးလ္ရွားတစ္ေယာက္ စိတ္ရွည္သည္းခံမႈ ကုန္ဆံုးခ့ဲတာျဖစ္ပါတယ္။

Photo Credit : Getty Images

ၿပီးခ့ဲတ့ဲေႏြရာသီအေျပာင္းအေရႊ႕မွာလည္း ယူႏုိက္တက္အသင္းက ဆြမ္ဆီးအသင္းရဲ႕ေတာင္ပံကစားသမားေလး ဒန္နီယဲယ္ဂ်ိမ္းစ္ကို ေျပာင္းေရႊ႕ေၾကးေပါင္ (၁၅) သန္းနဲ႔ ေခၚယူခ့ဲၿပီး အဆိုပါေဝးလ္စ္လက္ေရြးစင္ကစားသမားဟာ သူ႔အတြက္ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာပဲ လူစားဝင္လာၿပီး ခ်ဲလ္ဆီးအသင္းဘက္ကို ပြဲသိမ္းအႏုိင္ဂိုးတစ္ဂုိးသြင္းယူေပးႏုိင္ခ့ဲပါတယ္။ ဆိုးလ္ရွားကိုယ္တိုင္ကလည္း ဒန္နီယဲယ္ဂ်ိမ္းစ္အေပၚ ႀကီးႀကီးမားမားေမွ်ာ္လင့္ထားၿပီး ဆန္းခ်က္ဇ္ကုိ သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြမွာ မပါဝင္ေတာ့ဘူးလို႔ အတိအလင္းအသိေပးခ့ဲၿပီးလည္း ျဖစ္ပါတယ္။ ဒန္နီယဲယ္ဂ်ိမ္းစ္ရဲ႕လ်င္ျမန္မႈနဲ႔ပတ္သက္လို႔ သူ႔ရဲ႕အသင္းေဖာ္မ်ားက Super Hero ဇာတ္ေကာင္တစ္ဦးရဲ႕နာမည္ျဖစ္တ့ဲ “Flash” ဟု နာမည္ေျပာင္ေပးထားၿပီး လင္ဂတ္ကလည္း သူ႔ရဲ႕အင္စတာဂရမ္မွတစ္ဆင့္ “အိမ္မက္ကဇာတ္ရံုႀကီးမွ Spider ဝမ္ဘစ္ဆာကာ၊ The Flash ဒန္နီယဲယ္ဂ်ိမ္းစ္၊ The Beast မက္ဂြိဳင္းရားတုိ႔ကုိႀကိဳဆုိပါတယ္။” ဟု ေရးသားခ့ဲတယ္လို႔လည္း သိရွိရပါတယ္။

(Unicode)

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ဟာ ယူနိုက်တက်ကစားသမားဘဝကို ရှေ့ဆက်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့မှာ မီခီတာရန်နဲ့ ကစားသမားအလဲအထပ် ပြုလုပ်ပြီး အာဆင်နယ်အသင်းမှယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဆန်းချက်ဇ်ဟာ အသင်းမှာတစ်ပတ်လုပ်ခ ပေါင် (၅၀၅,၀၀၀) နဲ့ အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသလို ပရီးမီးယားလိဂ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားတစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဆန်းချက်ဇ်ကို အသင်းကထွက်ခွာစေဖို့ ဆန္ဒရှိနေပြီဖြစ်ပြီး အသင်းကမထွက်ခွာဘူးဆိုရင် အဆိုပါချီလီလက်ရွေးစင်ကစားသမားကို ယူနိုက်တက်အရံအသင်းမှာ ကစားစေမှာဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းအနေနဲ့ ဥရောပအပြောင်းအရွှေ့စျေးကွက်ပိတ်မယ့် စက်တင်ဘာလ (၂) ရက်နေ့မတိုင်ခင်မှာ ဆန်းချက်ဇ်ကို အသင်းကရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး ရိုးမားအသင်းကလည်း ဆန်းချက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် ကစားသမားရဲ့ မြင့်မားတဲ့လုပ်ခလစာပမာဏကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဆန်းချက်ဇ်ရဲ့လစာကို ရိုးမားအသင်းနဲ့အတူ မျှဝေပေးချေရမယ့် အနေအထားတစ်ရပ်နဲ့လည်း ရင်ဆိုုင်နေရပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက်အသင်းအနေနဲ့ ဆန်းချက်ဇ်ကို လက်ရှိနွေရာသီအပြောင်းအရွှေ့မှာတင် အသင်းက မရှင်းထုတ်နိုင်ဘူးဆိုရင် နောက်ထပ်ဆောင်းရာသီအပြောင်းအရွှေ့ရောက်တဲ့အချိန်အထိ ဆန်းချက်ဇ်အတွက် ပေါင် (၈.၆) သန်းပေးချေရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှားကတော့ ဆန်းချက်ဇ်ကို ယူနိုက်တက်အသင်းကြီးမှာ ဆက်ထားဖို့ဆန္ဒမရှိတော့ကြောင်းလည်း သိရှိရပါတယ်။

Photo Credit : Getty Images

အသက် (၃၀) အရွယ် ဆန်းချက်ဇ်အနေနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အရင်နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာတည်းက အသင်းမှာအဆင်မပြေဖြစ်နေခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်အနေနဲ့ ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာလည်း အကယ်ဒမီထွက်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်နဲ့ ပြဿနာဖြစ်ပွါးခဲ့သေးတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ဒီဇင်ဘာလမှာ ယူနိုက်တက်အသင်းကို ဆိုးလ်ရှားစတင်တာဝန်ယူကိုင်တွယ်ချိန်ကစပြီး ဆန်းချက်ဇ်တစ်ယောက် အသင်းအတွက် (၁၆) ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး အစောပိုင်းမှာ ဆိုးလ်ရှားက ဆန်းချက်ဇ်ကို ကူညီပေးဖို့ ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချီလီသားရဲ့ခြေစွမ်းအပေါ် ဆိုးလ်ရှားတစ်ယောက် စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာလည်း ယူနိုက်တက်အသင်းက ဆွမ်ဆီးအသင်းရဲ့တောင်ပံကစားသမားလေး ဒန်နီယဲယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေးပေါင် (၁၅) သန်းနဲ့ ခေါ်ယူခဲ့ပြီး အဆိုပါဝေးလ်စ်လက်ရွေးစင်ကစားသမားဟာ သူ့အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ လူစားဝင်လာပြီး ချဲလ်ဆီးအသင်းဘက်ကို ပွဲသိမ်းအနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ဒန်နီယဲယ်ဂျိမ်းစ်အပေါ် ကြီးကြီးမားမားမျှော်လင့်ထားပြီး ဆန်းချက်ဇ်ကို သူ့ရဲ့အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တော့ဘူးလို့ အတိအလင်းအသိပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒန်နီယဲယ်ဂျိမ်းစ်ရဲ့လျင်မြန်မှုနဲ့ပတ်သက်လို့ သူ့ရဲ့အသင်းဖော်များက Super Hero ဇာတ်ကောင်တစ်ဦးရဲ့နာမည်ဖြစ်တဲ့ “Flash” ဟု နာမည်ပြောင်ပေးထားပြီး လင်ဂတ်ကလည်း သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် “အိမ်မက်ကဇာတ်ရုံကြီးမှ Spider ဝမ်ဘစ်ဆာကာ၊ The Flash ဒန်နီယဲယ်ဂျိမ်းစ်၊ The Beast မက်ဂွိုင်းရားတို့ကိုကြိုဆိုပါတယ်။” ဟု ရေးသားခဲ့တယ်လို့လည်း သိရှိရပါတယ်။