ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်အေကနေ မန်စီးတီးအသင်းကို ဘဏ္ဍာရေးဟန်ချက်မညီမှုတွေကြောင့် လာမယ့်ရာသီကနေစတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲလို ဥရောပပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ဆင်နွဲခွင့် ၂နှစ်တာအထိ ပိတ်ပင်လိုက်ပြီးနောက် ကြယ်ပွင့်ကစားသမားတွေရဲ့အနာဂတ်အခြေအနေတွေမှာ အားလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့ပြီး အားကစားခုံရုံး CAS ကို တင်သွင်းထားခဲ့တဲ့ အယူခံသာ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်အပြင် အသင်းရဲ့ကစားသမားကောင်းတွေကိုပါ တစ်ပါတည်းဆုံးရှံးရဖွယ်ရှိလို့နေပါတယ်။

Photo Credit : Getty Image

ဒီလို အသင်းနဲ့ လမ်းခွဲဖွယ်ရှိတဲ့ ကစားသမားတွေထဲမှာ အသင်းရဲ့အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်သူ ဆာဂျီယိုအဂူရိုလည်း ပါဝင်လို့နေပါတယ်။ အသက်၃၁နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား အဂူရုုိဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း အနည်းငယ်ကျန်ရှိနေသေးတယ်ဆိုပေမယ့် UEFA ရဲ့ ချန်ပီယံလိဂ်ပွဲပယ်မှုသာ အတည်ဖြစ်လာခဲ့မယ်ဆိုရင် သူ့အတွက်လည်း အဆင်ပြေမှာမဟုတ်ပဲ အသင်းမပြောင်းပဲသာ မန်စီးတီးမှာသာ ဆက်လက်ရှိနေမယ်ဆိုရင် အသက်၃၄နှစ်လောက်မှသာ ချန်ပီယံလိဂ်ကို ပြန်လည်ကစားရနိုင်မှာဖြစ်လို့ ဒီပွဲပယ်မှုနဲ့ သူရဲ့အနာဂတ်က ဆက်စပ်နေရတာဖြစ်ပါတယ်။

Photo Credit : Getty Image

မန်စီးတီးအသင်းကတော့ သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလား (၄)လုံးအထိကို ရယူပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးသူအဖြစ်ပါ သတ်မှတ်ခံထားရတဲ့အထိ ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ အဂူရိုကို အသင်းကနေ ရောင်းမထုတ်ချင်သေးပဲ သက်တမ်းကုန်ဆုံးချိန်ထိ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘဝ အမြင့်မားဆုံးအချိန်ကို ရောက်ရှိနေသေးတဲ့ အဂူရိုကတော့ နှစ်တိုင်းလိုလိုမှာ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးကို ဆင်နွဲချင်တာကြောင့် မန်စီးတီိးသာ UEFA Ban နဲ့ ရှောင်တိမ်းမရအောင် သေချာပေါက်ကြုံရပြီဆိုရင် အဂူရိုကို အသင်းကနေ ထွက်ခွာပြုရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် စတာလင်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုအပေါ်မှာ ကျေနပ်လျက်ရှိနေပြီး ရီးရဲလ်ကို ပြောင်းရွှေ့ချင်နေတာကြောင့် မန်စီးတီးအနေနဲ့ လာမယ့်နွေစျေးကွက်မှာ ကစားသမားအများအပြားကို ဆုံးရှံးရနိုင်ပါတယ်။