မန်တီးတီးအသင်းရဲ့ ကွင်းလယ်လူ ရိုဒရီကတော့ ယနေ့ည အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ မန်စီးတီးအသင်းက ရီးရဲလ်အသင်းထက် ပိုကောင်းတယ်လို့ ပြောခဲ့ပြီး ရီးရဲလ်အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲက ဖြုတ်ပစ်နိုင်ရင် ယုံကြည်မှု ပို တိုးလာမယ်လို့လည်း ပြောခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် (၁၆) သင်း အဆင့်၊ ပထမ အကျော့ ပွဲစဉ်မှာ နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်သွားဖို့အတွက် အလေးပိုသာနေပြီ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ အဆင့် (၁) နေရာက နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ကွာဟလွန်းတာကြောင့် ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ ခက်ခဲသွားခဲ့ပြီ့ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကိုသာ အဓိက အာရုံစိုက် ကစားသွားကြဖွယ် ရှိနေပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ နှစ်က နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အက်သလက်တီကိုအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွေ့လာခဲ့ပြီး ယနေ့ည အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပွဲမတိုင်ခင် မန်စီးတီးအသင်းက ရီးရဲလ်အသင်းထက် ပို ကောင်းတယ်လို့ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Goal

ကွင်းလယ်ကစားသမား ရိုဒရီက “ကျွန်တော်တို့ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့ပေမဲ့ ရီးရဲလ်အသင်းနဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ ရလဒ်ကို ကျွန်တော် အားကိုးလို့ မရဘူး။ ဒီအသင်းက ရီးရဲလ်အသင်းပါ။ သူတို့က အဆုံးသတ် ပွဲစဉ်တွေမှာ ကောင်းတယ်။ ကျွန်တော်တို့က သူတို့ထက် ပိုပြီး ကောင်းတယ်။ ဒါကို ကျွန်တော်တို့ ပထမ အကျော့ ပွဲစဉ်မှာ ပြသနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်တစ်ဆင့် ရှိနေသေးတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်အသင်းကို လေးစားဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ရီးရဲလ်အသင်ကိုး အနိုင်ရဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုရင် တကယ်လို့ ရီးရဲလ်ကို အနိုင်မရဘူး ဆိုရင် ကျွန်တော်တို့ ဒုက္ခရောက်သွားပါလိမ့်မယ်။ ချန်ပီယံလိဂ်ဖလား ဆက်တိုက် ရခဲ့တဲ့ ရီးရဲလ်အသင်းကို ဖြုတ်ပစ်နိုင်ရင် ယုံကြည်မှု ပိုတိုးသွားပါလိမ့်မယ်”လို့ ပြောသွားပါတယ်။