မေန႔ညတုန္းက ၂၀၁၉ခုႏွစ္ရဲ႕အာဖရိက အေကာင္းဆုံးကစားသမားဆုအတြက္ ဆုခ်ီးျမွင့္ပြဲကုိ က်င္းပျပဳလုပ္ခဲ႔ရာမွာ လီဗာပူးလ္အသင္းရဲ႕ေတာင္ပံတုိက္စစ္ကစားသမား ဆာဒီယုိမာေနးက သူရဲ႕ကစားသမားဘဝ ပထမဆုံးအႀကိမ္အျဖစ္ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။ ၂၀၁၆ခုႏွစ္ကေန အာဖရိကအေကာင္းဆုံးကစားသမားဆုရဲ႕Top 3 ထဲဲမွာ ဆက္တုိက္ပါဝင္ခဲ႔တဲ႔ မာေနးဟာ ဒီႏွစ္မွာေတာ့ အေကာင္းဆုံးကစားသမားဆုကုိ ထုိက္ထုိက္တန္တန္ ပုိင္ဆုိင္ႏုိင္ခဲ႔တာေၾကာင့္ သူရဲ႕ၿပိဳင္ဘက္ မာရက္ဇ္ကုိယ္တုိင္ကပါ ခ်ီးမြမ္းေျပာဆုိမႈေတြ ျပဳလုပ္လာခဲ႔ရပါတယ္။

Photo Credit : Sky Sports

မာေနးဟာ ၿပီးခဲ႔တဲ႔ေဘာလုံးရာသီတုန္းက လီဗာပူးလ္အသင္းအတြက္ သူရဲ႕ႏုိင္ငံအသင္းျဖစ္တဲ႔ ဆီနီေဂါအသင္းအတြက္ပါ အထူးေျခစြမ္းျပႏုိင္ခဲ႔တာေၾကာင့္ ၂၀၁၉ခုႏွစ္ ဘလြန္းဒီေအာဆုရဲ႕စတုတၳေနရာမွာ ေရြးခ်ယ္သတ္မွတ္ခံရေပမယ့္ မာေနးအေနနဲ႔ ဒီထက္ပုိၿပီး ေနရာေကာင္းတစ္ခုနဲ႔ ထုိက္တန္သင့္တယ္လုိ႔ လူအမ်ားစုကေန ဝုိင္းသတ္မွတ္ေနၾကတာျဖစ္ပါတယ္။ အခုေတာ့ မာေနးဟာ အာဖရိကအေကာင္းဆုံးဆုကုိ ထုိက္ထုိက္တန္တန္ ပုိင္ဆုိင္ႏုိင္ခဲ႔ရတာျဖစ္ၿပီး သူရဲ႕လီဗာပူးလ္အသင္းေဖာ္ မုိဟာမက္ဆာလာက ဒုတိယေနရာနဲ႔ မန္စီးတီးအသင္းရဲ႕အယ္ဂ်ီးရီးယားေတာင္ပံတုိက္စစ္ကစားသမားမာရက္ဇ္က တတိယေနရာေတြကုိ အသီးသီး ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။

Photo Credit : Sky Sports

အခုလုိ ၂၀၁၉ခုႏွစ္ရဲ႕အာဖရိက အေကာင္းဆုံးကစားသမားဆုကို ပုိင္ဆုိင္ႏုိင္ခဲ႔ရတဲ႔ မာေနးနဲ႔ပတ္သက္ၿပီး တတိယဆုရွင္မာရက္ဇ္က “အေကာင္းဆုံးကစားသမားဆုကုိ အခုလုိ ထုိက္ထုိက္တန္တန္ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ႔အေပၚ ဆာဒီယုိကုိ ဂုဏ္ျပဳခ်င္ပါတယ္ ။ ဆုေပးပြဲကုိ မတတ္ေရာက္ႏုိင္တာကေတာ့ ေတာင္းပန္ပါတယ္။ လာမယ့္ ၂၀၂၀ အေကာင္းဆုံးဆုအတြက္ ကြ်န္ေတာ္ဂုိးသြင္းယူေနလုိ႔ပါ။ လာမယ့္ႏွစ္မွ ျပန္လည္ဆုံေတြ႕ၾကမယ္” လုိ႔ သူရဲ႕တြစ္တာစာမ်က္ႏွာေပၚကေန ေရးသားေဖာ္ျပသြားခဲ႔ပါတယ္။ မာရက္ဇ္ကေတာ့ ဒီေနာက္ပုိင္းမွာ မန္စီးတီးအသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ေတြ ဆက္တုိက္ရရွိလ်က္ရွိၿပီး အဲဗာတန္ကုိ အႏုိင္ရခဲ႔တဲ႔ပြဲမွာ အသင္းအတြက္ ဂုိးဖန္တီးမႈ၁ႀကိမ္ ျပဳလုပ္ခဲ႔သလုိ မန္ခ်က္စတာယူႏုိက္တက္ကုိ အႏုိင္ရခဲ႔တဲ႔ လိဂ္ဖလားပြဲမွာလည္း မန္စီးတီးအတြက္ သြင္းဂုိး၁ဂုိး ရယူႏုိင္ခဲ႔ပါေသးတယ္။ မာရက္ဇ္ဟာ ၂၀၁၆ခုႏွစ္တုန္းကေတာ့ အာဖရိကအေကာင္းဆုံး ကစားသမားဆုကုိ ပထမဆုံးအႀကိမ္အျဖစ္ ပုိင္ဆုိင္ထားခဲ႔ပါေသးတယ္။

(Unicode)

အာဖရိက အကောင်းဆုံးကစားသမားဆုအတွက် မာနေးကို ဂုဏ်ပြုစကားဆိုခဲ့တဲ့ မာရက်ဇ်

မနေ့ညတုန်းက ၂၀၁၉ခုနှစ်ရဲ့အာဖရိက အကောင်းဆုံးကစားသမားဆုအတွက် ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာမှာ လီဗာပူးလ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူရဲ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၆ခုနှစ်ကနေ အာဖရိကအကောင်းဆုံးကစားသမားဆုရဲ့Top 3 ထဲဲမှာ ဆက်တိုက်ပါဝင်ခဲ့တဲ့ မာနေးဟာ ဒီနှစ်မှာတော့ အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူရဲ့ပြိုင်ဘက် မာရက်ဇ်ကိုယ်တိုင်ကပါ ချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

မာနေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းအတွက် သူရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဆီနီဂေါအသင်းအတွက်ပါ အထူးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၉ခုနှစ် ဘလွန်းဒီအောဆုရဲ့စတုတ္ထနေရာမှာ ရွေးချယ်သတ်မှတ်ခံရပေမယ့် မာနေးအနေနဲ့ ဒီထက်ပိုပြီး နေရာကောင်းတစ်ခုနဲ့ ထိုက်တန်သင့်တယ်လို့ လူအများစုကနေ ဝိုင်းသတ်မှတ်နေကြတာဖြစ်ပါတယ်။ အခုတော့ မာနေးဟာ အာဖရိကအကောင်းဆုံးဆုကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့ရတာဖြစ်ပြီး သူရဲ့လီဗာပူးလ်အသင်းဖော် မိုဟာမက်ဆာလာက ဒုတိယနေရာနဲ့ မန်စီးတီးအသင်းရဲ့အယ်ဂျီးရီးယားတောင်ပံတိုက်စစ်ကစားသမားမာရက်ဇ်က တတိယနေရာတွေကို အသီးသီး ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Sky Sports

အခုလို ၂၀၁၉ခုနှစ်ရဲ့အာဖရိက အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ မာနေးနဲ့ပတ်သက်ပြီး တတိယဆုရှင်မာရက်ဇ်က “အကောင်းဆုံးကစားသမားဆုကို အခုလို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်နိုင်ခဲ့တဲ့အပေါ် ဆာဒီယိုကို ဂုဏ်ပြုချင်ပါတယ် ။ ဆုပေးပွဲကို မတတ်ရောက်နိုင်တာကတော့ တောင်းပန်ပါတယ်။ လာမယ့် ၂၀၂၀ အကောင်းဆုံးဆုအတွက် ကျွန်တော်ဂိုးသွင်းယူနေလို့ပါ။ လာမယ့်နှစ်မှ ပြန်လည်ဆုံတွေ့ကြမယ်” လို့ သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ မာရက်ဇ်ကတော့ ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်တွေ ဆက်တိုက်ရရှိလျက်ရှိပြီး အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဂိုးဖန်တီးမှု၁ကြိမ် ပြုလုပ်ခဲ့သလို မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲမှာလည်း မန်စီးတီးအတွက် သွင်းဂိုး၁ဂိုး ရယူနိုင်ခဲ့ပါသေးတယ်။ မာရက်ဇ်ဟာ ၂၀၁၆ခုနှစ်တုန်းကတော့ အာဖရိကအကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ထားခဲ့ပါသေးတယ်။