မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ လာမယ့် (၂၀၂၀-၂၁) ခုနှစ်ရာသီမှာလည်း နောက်ခံလူ မက်ဂွိုင်းယားက အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူသွားရမှာ ဖြစ်ပြီး မက်ဂွိုင်းယားက ထိပ်သီး ကစားသမား တစ်ယောက် ဖြစ်ပါတယ်လို့လည်း ချီးကျူးသွားခဲ့ပါတယ်။ မန်ယူ နောက်ခံလူ မက်ဂွိုင်းယားဟာ ဂရိကျွန်းမှာ အပန်းဖြေနေခဲ့စဉ်က ရဲအရာကို စော်ကားတယ်၊ ဆဲဆိုတယ်၊ ဖမ်းဆီးခံရတာကို ခုခံတယ်၊ လာဘ်ထိုးတယ်လို့ အပြစ်တွေ့ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက (၁၂) လ (၁) နှစ်ကြာ ထိန်းသိမ်းခံရဖို့အတွက် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

အင်္ဂလန် နောက်ခံလူ မက်ဂွိုင်းယားဟာ စွဲချက်တင်ခံရတာတွေကို ငြင်းပယ်ပြီးနောက် အယူခံဝင်မှု ပြုလုပ်သွားခဲ့တာကြောင့် ပြစ်မှုကင်းရှင်းတယ်လို့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း လာမယ့် ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့ အမှုကို နောက်ထပ် တစ်ကြိမ် ထပ်မံ စစ်ဆေးဦးမှာ ဖြစ်ပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားဟာ ဂရိကျွန်းမှာ ဖြစ်ခဲ့တဲ့ မတော်တဆကြောင့် အင်္ဂလန်အသင်းကနေ ထွက်ခဲ့ရပြီး မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မက်ဂွိုင်းယားကို ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး လာမယ့် ရာသီမှာလည်း မန်ယူအသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

မန်ယူအသင်းရဲ့ ဝက်ဆိုဒ်မှာ နည်းပြ ဆိုးလ်ရှားက “မှန်ပါတယ်။ ဟယ်ရီက လူတွေ ပြောကြသလို ခက်ခဲတဲ့ အားလပ်ရက်ကို ဖြတ်သန်းခဲ့ပါတယ်။ သူက အားလပ်ရက်ရှည်ကို မရရှိနိုင်ခဲ့ဘူး။ သူ့ရဲ့ အားလပ်ရက်က အခြားသူတွေနဲ့ ခြားနားခဲ့တယ်။ ကျွန်တော်တို့ သူ့ကို အားလပ်ရက် ထပ်တိုးခဲ့ပြီး သူ ပြန်ရောက်လာခဲ့တဲ့ အချိန်မှာ အဆင်ပြေပါတယ်။ သူက ပြဿနာကို ကောင်းစွာ ဖြေရှင်းခဲ့ပြီး သေချာတာက ကျွန်တော် သူ့ကို ပံ့ပိုးပေးနေမှာပါ။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် ဆက်ဖြစ်နေပါလိမ့်မယ်။ ကျွန်တော် သူ နဲ့ သူ့ရဲ့ အသိတွေကို အလုပ်တွေ ပြီးမြောက်သွားနိုင်ဖို့ လွတ်ထားခဲ့ပါတယ်။ ကျွန်တော့်အတွက် သူက ထိပ်သီး ကစားသမား နဲ့ ထိပ်သီး လူတစ်ယောက် ဖြစ်ပါတယ်။ သူက စစ်မှန်တဲ့ တန်ဖိုးတွေကို ပိုင်ဆိုင်ထားပြီး အမြဲတမ်း အကောင်းမြင်နိုင်ပါတယ်။ ဒီတော့ သူ အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ယခုအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ကစားသွားမှာ မဟုတ်ပေမယ့်လည်း အက်စတွန်ဗီလာအသင်းနဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပြီး လာမယ့် အပတ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။