မန္ယူ အသင္းေခါင္းေဆာင္သစ္ အျဖစ္ ပူပူေႏြးေႏြး ခန႔္အပ္ခံလိုက္ရတဲ့ မက္ဂြိဳင္းယားကေတာ့ ယေန႔ည (၁၁း၀၀) အခ်ိန္ လီဗာပူးလ္အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာ အႏိုင္ယူၿပီး ရမွတ္ (၃) မွတ္ ရယူသြားမယ္လို႔ အခိုင္အမာ ေျပာဆိုသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ပရီးမီးယားလိဂ္ ႐ူံးပြဲမရွိေသးတဲ့ လီဗာပူးလ္အသင္းဆီကေန ရမွတ္ ရယူႏိုင္တဲ့ အသင္းျဖစ္ၿပီး ယေန႔ညမွာေတာ့ သေရ၊ (၁) မွတ္မဟုတ္ေတာ့ဘဲ အႏိုင္၊(၃) မွတ္ ရယူခ်င္ေနပါတယ္။

Photo Credit: Manutd

မန္ယူ ေနာက္ခံလူ မက္ဂြိဳင္းယားဟာ အင္တာမီလန္အသင္းကို အက္ရွေလ ယန္း ေျပာင္းသြားခဲ့တာေၾကာင့္ မန္ယူအသင္း ေခါင္းေဆာင္သစ္ အျဖစ္ တရားဝင္ ခန႔္အပ္ခံခဲ့ရၿပီး ယေန႔ည ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲဦးထြက္လာႏိုင္ပါတယ္။ မန္ယူ ေနာက္ခံလူ မက္ဂြိဳင္းယားကေတာ့ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၂) ပြဲစလုံးကို ကစားထားရာမွာ ဂိုးဖန္တီးမႈ (၁) ႀကိမ္ နဲ႔ အဝါကဒ္ (၂) ႀကိမ္ ရရွိခဲ့ၿပီး လီဗာပူးလ္အသင္းကို အႏိုင္ရမယ္လို႔ ယုံၾကည္လ်က္ ရွိပါတယ္။

Photo Credit: Manutd

မက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပဲြစဥ္က မန္ယူအသင္းကို အားအင္ျဖစ္ေစသလားလို႔ အေမးခံလိုက္ရတဲ့ အခ်ိန္မွာ သူက “ျဖစ္ေစတာေပ့ါ။ ၿပီးခဲ့တဲ့ပြဲက ကြၽန္ေတာ္တို႔ကို ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ေပးပါတယ္။ ကြၽန္ေတာ္တုိ႔ လီဗာပူးလ္အသင္းကို သေရက်ခဲ့ၿပီး လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္မွာ ထိပ္သီးအသင္းျဖစ္တဲ့ မန္စီးတီးအသင္းကို အႏိုင္ရခဲ့ပါတယ္။ ဒီေတာ့ ဘယ္ပြဲမွာမဆို (၃) မွတ္ ရယူႏိုင္တယ္ ယုံၾကည္ေနၿပီး တနဂၤေႏြညမွာ ရယူသြားပါမယ္”လို႔ ေျပာပါတယ္။

{Unicode}

မန်ယူ အသင်းခေါင်းဆောင်သစ် အဖြစ် ပူပူနွေးနွေး ခန့်အပ်ခံလိုက်ရတဲ့ မက်ဂွိုင်းယားကတော့ ယနေ့ည (၁၁း၀၀) အချိန် လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အနိုင်ယူပြီး ရမှတ် (၃) မှတ် ရယူသွားမယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ရူံးပွဲမရှိသေးတဲ့ လီဗာပူးလ်အသင်းဆီကနေ ရမှတ် ရယူနိုင်တဲ့ အသင်းဖြစ်ပြီး ယနေ့ညမှာတော့ သရေ၊ (၁) မှတ်မဟုတ်တော့ဘဲ အနိုင်၊(၃) မှတ် ရယူချင်နေပါတယ်။

Photo Credit: Manutd

မန်ယူ နောက်ခံလူ မက်ဂွိုင်းယားဟာ အင်တာမီလန်အသင်းကို အက်ရှလေ ယန်း ပြောင်းသွားခဲ့တာကြောင့် မန်ယူအသင်း ခေါင်းဆောင်သစ် အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရပြီး ယနေ့ည ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲဦးထွက်လာနိုင်ပါတယ်။ မန်ယူ နောက်ခံလူ မက်ဂွိုင်းယားကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲစလုံးကို ကစားထားရာမှာ ဂိုးဖန်တီးမှု (၁) ကြိမ် နဲ့ အဝါကဒ် (၂) ကြိမ် ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကို အနိုင်ရမယ်လို့ ယုံကြည်လျက် ရှိပါတယ်။

Photo Credit: Manutd

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်က မန်ယူအသင်းကို အားအင်ဖြစ်စေသလားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “ဖြစ်စေတာပေ့ါ။ ပြီးခဲ့တဲ့ပွဲက ကျွန်တော်တို့ကို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပေးပါတယ်။ ကျွန်တော်တို့ လီဗာပူးလ်အသင်းကို သရေကျခဲ့ပြီး လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ ထိပ်သီးအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပါတယ်။ ဒီတော့ ဘယ်ပွဲမှာမဆို (၃) မှတ် ရယူနိုင်တယ် ယုံကြည်နေပြီး တနင်္ဂနွေညမှာ ရယူသွားပါမယ်”လို့ ပြောပါတယ်။