မန္ယူ ဗဟုိခံစစ္မွဴး မက္ဂြါရီကေတာ့ မေန႔ညက အာဆင္နယ္အသင္းနဲ႔ ကစားသြားခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္း မေကာင္းခဲ့တာေၾကာင့္ အရႈံးနဲ႔ ထုိက္တယ္လုိ႔လည္း အခုိင္အမာ ေျပာခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ လက္ရွိရာသီမွာ ႀကီး (၆) ႀကီးအသင္းေတြကို အႏုိင္ ဒါမွမဟုတ္ သေရ ကစားေနခဲ့ေပမဲ့လည္း အာဆင္နယ္အသင္းကိုေတာ့ ဂုိးမသြင္းႏုိင္ဘဲနဲ႔ အေရးနိမ့္သြားခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ပထမပုိင္းမွာ (၂-၀) နဲ႔ ဦးေဆာင္ခံရၿပီး ဒုတိယပုိင္းမွာ ေခ်ပဂုိး သြင္းယူႏုိင္တဲ့ အခြင့္အေရးေတြ ရွိခဲ့ေပမဲ့လည္း ေခ်ပဂုိး မသြင္းႏုိင္ဘဲ (၂-၀) ရလဒ္နဲ႔ အေရးနိမ့္သြားခဲ့ရပါတယ္။

Photo Credit: Allfootball

မန္ယူအသင္းဟာ အာဆင္နယ္ အိမ္ကြင္းကုိ သြားေရာက္ကစားခဲ့ၿပီး ပထမပုိင္း (၈) မိနစ္မွာ ပီပီရဲ႕ သြင္းဂုိး နဲ႔ (၄၂) မိနစ္မွာ ဆုိကရက္တီရဲ႕ သြင္းဂုိး (၂) ဂိုးကုိ ခြင့္ျပဳခဲ့ရၿပီး အေရးနိမ့္သြားခဲ့ပါတယ္။ အာဆင္နယ္ နည္းျပသစ္ အာတီတာဟာ (၂၀၁၉) ခုႏွစ္ကုိ ႏုိင္ပဲြ မရွိဘဲ ပိတ္သိမ္းသြားေပမဲ့လည္း (၂၀၂၀) အစမွာေတာ့ ၿပိဳင္ဘက္ မန္ယူအသင္းကို အႏုိင္ယူၿပီး ႏွစ္သစ္ အဖြင့္ လွပသြားခဲ့ပါတယ္။ မန္ယူ ေနာက္ခံလူ မက္ဂြါရီက ပထမပုိင္းမွာ ဦးေဆာင္ခံရတာကုိ ဒုတိယပုိင္းမွာ ေခ်ပဂုိး ျပန္လည္ မသြင္းႏုိင္မွေတာ့ အရႈံးနဲ႔ပဲ ထုိက္တန္ပါတယ္လုိ႔ MUTV မွာ အခုိင္အမာ ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

မက္ဂြါရီက ” ပထမပုိင္း (၂-၀) နဲ႔ ရႈံးေနေတာ့ က်န္ေတာ္တို႔ စိတ္ပ်က္ေနခဲ့တယ္လုိ႔ ကြ်န္ေတာ္ ထင္ပါတယ္။ ဘာလုိ႔လဲဆုိရင္ ကြ်န္ေတာ္တုိ႔ ခက္ခဲတဲ့ အေျခအေနကုိ ေျဖရွင္းေနခဲ့သင့္လုိ႔႔ပါ။ ကြ်န္ေတာ္တုိ႔ ပထမပုိင္းမွာ (၂-၀) နဲ႔ ရႈံးေနခဲ့ေတာ့ ေခ်ပဂိုး သြင္းဖုိ႔ အေရးႀကီးတာ သိပါတယ္။ ဒုတိယပုိင္းမွာ ေခ်ပဂုိး သြင္းႏုိင္တဲ့ အခြင့္အေရးေတြ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔အသင္း အရႈံးနဲ႔ ထုိက္တန္ပါတယ္။ မေကာင္းခဲ့ပါဘူး။ ေနာက္ပဲြမွာ တုိးတတ္ရပါမယ္”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်ယူ ဗဟိုခံစစ်မှူး မက်ဂွါရီကတော့ မနေ့ညက အာဆင်နယ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်း မကောင်းခဲ့တာကြောင့် အရှုံးနဲ့ ထိုက်တယ်လို့လည်း အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ကြီး (၆) ကြီးအသင်းတွေကို အနိုင် ဒါမှမဟုတ် သရေ ကစားနေခဲ့ပေမဲ့လည်း အာဆင်နယ်အသင်းကိုတော့ ဂိုးမသွင်းနိုင်ဘဲနဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်းမှာ (၂-ဝ) နဲ့ ဦးဆောင်ခံရပြီး ဒုတိယပိုင်းမှာ ချေပဂိုး သွင်းယူနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပေမဲ့လည်း ချေပဂိုး မသွင်းနိုင်ဘဲ (၂-ဝ) ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit: Allfootball

မန်ယူအသင်းဟာ အာဆင်နယ် အိမ်ကွင်းကို သွားရောက်ကစားခဲ့ပြီး ပထမပိုင်း (၈) မိနစ်မှာ ပီပီရဲ့ သွင်းဂိုး နဲ့ (၄၂) မိနစ်မှာ ဆိုကရက်တီရဲ့ သွင်းဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရပြီး အရေးနိမ့်သွားခဲ့ပါတယ်။ အာဆင်နယ် နည်းပြသစ် အာတီတာဟာ (၂၀၁၉) ခုနှစ်ကို နိုင်ပွဲ မရှိဘဲ ပိတ်သိမ်းသွားပေမဲ့လည်း (၂၀၂၀) အစမှာတော့ ပြိုင်ဘက် မန်ယူအသင်းကို အနိုင်ယူပြီး နှစ်သစ် အဖွင့် လှပသွားခဲ့ပါတယ်။ မန်ယူ နောက်ခံလူ မက်ဂွါရီက ပထမပိုင်းမှာ ဦးဆောင်ခံရတာကို ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည် မသွင်းနိုင်မှတော့ အရှုံးနဲ့ပဲ ထိုက်တန်ပါတယ်လို့ MUTV မှာ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

မက်ဂွါရီက ” ပထမပိုင်း (၂-ဝ) နဲ့ ရှုံးနေတော့ ကျန်တော်တို့ စိတ်ပျက်နေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ခက်ခဲတဲ့ အခြေအနေကို ဖြေရှင်းနေခဲ့သင့်လို့ပါ။ ကျွန်တော်တို့ ပထမပိုင်းမှာ (၂-ဝ) နဲ့ ရှုံးနေခဲ့တော့ ချေပဂိုး သွင်းဖို့ အရေးကြီးတာ သိပါတယ်။ ဒုတိယပိုင်းမှာ ချေပဂိုး သွင်းနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်း အရှုံးနဲ့ ထိုက်တန်ပါတယ်။ မကောင်းခဲ့ပါဘူး။ နောက်ပွဲမှာ တိုးတတ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။