ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် သိပ်စိတ်ကျေနပ်စရာကောင်းတဲ့ ကာလတစ်ခု မဖြစ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း နော်ဝစ်ချ်တစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး အာဆင်နယ် လီဗာပူးလ် ဘန်လေအသင်းတွေကို ရှုံးနိမ့်ခဲ့ရသလို ခါရာဘောင်းလိဂ်ဖလားမှာလည်း မန်စီးတီးအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂ဂိုး၃ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရကာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် မျှော်လင့်ချက်တစ်ခုအဖြစ် ကျန်ရစ်နေသေးတဲ့ အက်အေဖလားပြိုင်ပွဲမှာတော့ ဒီဇန်နဝါရီလထဲမှာပဲ တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit : Football365

ယူနိုက်တက်က ဝုလ်ဗ်အသင်းကို ပြန်ကန်ပွဲကစားကာ ဖြတ်သန်းခဲ့ရပေမယ့်လည်း စတုတ္ထအဆင့်မှာကတော့ လိဂ်ဝမမ်းအသင်းငယ်လေးတစ်ဖြစ်တဲ့ ထရန်မဲအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရကာ ၆ဂိုး ဂိုးမရှိနဲ့ကို အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ မက်ဂွိုင်းယား ဒါလော့ ဖီးလ်ဂျုံးတို့လို ခံစစ်ကစားသမားတွေပါ သွင်းဂိုးတွေရယူနိုင်ခဲ့သလို ယူနိုက်တက်အတွက် ဂိုးပေါကင်ပျောက်တာ ကြာမြင့်နေပြီဖြစ်တဲ့ လင်ဂတ်ပါ ဂိုးပျောက်ပြန်တွေ့နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို စတင်သွင်းယူခဲ့တဲ့ ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွိုင်းယားကလည်း သူရဲဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသော သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

Photo Credit : Goal.com

မက်ဂွိုင်းယားဟာ ဒီရာသီကမှ လက်စတာအသင်းကနေ ယူနုုိက်တက်အသင်းဆီကို နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းရဲ့ခံစစ်ပိုင်းမှာ တာဝန်ကျေအောင် ကစားနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးရယူနိုင်ဖို့ကတော့ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားဟာ ထရန်မဲအသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလားပွဲစဉ်မှာတော့ တိုက်စစ်ကစားသမားတစ်ယောက်လိုမျိုး ကန်ချက်မျိုးနဲ့ သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကပဲ သူ့အတွက် ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဂိုးဖြစ်ခဲ့သလို အခုဆိုရင်လည်း ဒီဂိုးက ဇန်နဝါရီလရဲ့ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးသွင်းဂိုးအဖြစ် ထပ်မံရွေးချယ်သတ်မှတ်ခံလိုက်ရပါတယ်။ မက်ဂွိုင်းယားရဲ့ကိုက် ၃၀အကွာကနေ သွင်းယူခဲ့တဲ့ ဒီသွင်းဂိုးကို အသင်းရဲဲ့ဇန်နဝါရီရဲ့ Goal of the Month အဖြစ် ယူနိုက်တက်အသင်းရဲ့ ပရိသတ်ပေါင်း ၃၈%ကနေ မဲပေးရွေးချယ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။