မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံ ကစားသမား ဟယ်ရီ မက်ဂွိုင်းယားက အသင်းအတွက် ပွဲကစားခွင့်တွေ နည်းသထက် နည်းနေဦးမယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွာသွားတော့မယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော့် ကစားသမားဘဝရဲ့ လက်ကျန်အချ်ိန်တွေကို အရန်ခုံပေါ်မှာ ထိုင်နေရတာမျိုးတို့ တစ်လကို တစ်ပွဲလောက် ကစားရတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ပွဲကစားခွင့်တွေက နည်းပါးနေဦးမယ်ဆိုရင်တော့ အသင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးရပါလိမ့်မယ်။”

Photo Credit : Twitter X

“ဒါပေမယ့် အခုကတော့ ကျွန်တော် အင်္ဂလန်အတွက် အရေးပါတဲ့ ပွဲ(၂)ပွဲရယ် ပြီးရင် ယူနိုက်တက်မှာ နေရာပြန်ရဖို့အတွက် တိုက်ပွဲဝင်သွားဖို့ အာရုံစိုက်ထားပါမယ်။ ပြီးရင် အသင်းကိုလည်း အမှတ်ပေးလိဂ်မှာ ရှိနေသင့်တဲ့ နေရာမျိုး ပြန်လည် ရောက်ရှိအောင် ကူညီပေးသွားချင်ပါတယ်။”

“ကျွန်တော်ရဲ့ အရည်အချင်းနဲ့ ကစားသမားဘဝအတွင်း လုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ အရန်ခုံမှာ ရှိနေရတဲ့ ကစားသမားတိုင်းဟာလည်း ပွဲထွက်ကစားခွင့် ရရှိလာသင့်တယ်လို့ ယုံကြည်မှု ထားသင့်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ မြင့်မားတဲ့ အဆင့်တစ်ခုမှာ ကစားလို့ရတော့မှာ မဟုတ်ပါဘူး။”

Photo Credit : Twitter X

“အရမ်းခက်ခဲပါတယ်။ ကျွန်တော် ပွဲတွေ ကစားချင်တယ်။ ကလပ်အသင်းအတွက် အသင်းဖော်တွေအတွက် အရေးပါတဲ့ သူတစ်ဦးလို ခံစားရစေချင်ပါတယ်။ အခုက ကျွန်တော် ကစားချင်သလောက် ကစားခွင့် မရနိုင်သေးပါဘူး။ အခွင့်အရေး ရလာပြီဆိုရင် အဲ့ဒီ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်ဖို့ အဆင်သင့် ဖြစ်နေအောင် ကျွန်တော် လုပ်ဆောင်ထားရပါမယ်။”

“ကျွန်တော် ဒီနည်းပြလက်အောက်မှာ ပွဲတော်တော်များများ ပွဲထွက်ခွင့် မရခဲ့ပေမယ့် ကျွန်တော် ကစားရတဲ့ ပွဲတိုင်းမှာ နိုင်ပွဲ ရာခိုင်နှုန်းကတော့ သိသိသာသာ မြင့်မားနေရပါတယ်။ ကျွန်တော် ဒီထက်မက ပိုမို တိုးတက်ဖို့အတွက် လုပ်ဆောင်ရမှာတွေ ရှိနေသေးပေမယ့် ဒီအသင်းကို စရောက်ချိန်ကတည်းကနေ ခုထိ လုပ်ဆောင်နိုင်သမျှတွေ လုပ်ဆောင်ပေးခဲ့သလို အပြုသဘောဆောင်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသပေးခဲ့တယ်။” လို့ မက်ဂွိုင်းယားက ပြောဆိုသွားခဲ့ပါတယ်။