မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားက ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှာ သူဟာ အနီကတ်ထိသင့်တယ်လို့ ပြောဆိုမှုတွေကို သူဟာ ရည်ရွယ်ချက်မပါတာကြောင့် အနီကတ် မထိသင့်ဘူးလို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

မက်ဂွိုင်းယားဟာ ချယ်လ်ဆီးအသင်းကို ယူနိုက်တက်အသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၆၆မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး သူဟာ ပွဲကစားချိန် ၂၁မိနစ်မှာ ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှူအာရီအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကတ် ထိခဲ့သင့်တယ်လို့ ဝေဖန်ခံနေရပါတယ်။

Photo Credit: Mirror.com

ချယ်လ်ဆီးနည်းပြ လမ်းပတ်ကိုယ်တိုင်က မက်ဂွိုင်းယားဟာ အနီကတ်ထိသင့်သူဖြစ်တယ် လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ လမ်းပတ်က ” မက်ဂွိုင်းယားဟာ အနီကတ်ထိခဲ့သင့်ပါတယ်။ အခုတော့ သူက သူ့အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုတောင် သွင်းယူသွားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုဖြစ်ရပ်တွေကြောင့် VARကို လိုအပ်ခဲ့တာပါ ” လို့ ပြောကြားသွားခဲ့တာပါ။

Photo Credit: Mirror.com

ဒါပေမယ့် မက်ဂွိုင်းယားကတော့ သူဟာ အနီကတ်မထိသင့်တဲ့အကြောင်းကို အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။ မက်ဂွိုင်းယားက ” သူ ( ဘတ်ရှူအာရီ )က ကျွန်တော့်အပေါ်ကို လဲကျလာမယ်ဆိုတာကို ကျွန်တော် ကြိုသိခဲ့ပါတယ်။ ဒါက သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုပါပဲ။ ကျွန်တော်က သူ့ကို ရပ်တန့်ဖို့ပဲ လုပ်ခဲ့တာပါ။ ဒါက ကန်ကျောက်တာ မဟုတ်ပါဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်မှု ရှိခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။