ေႁမြပူရာ ကင္းေမွာင့္ဆိုသလို အဂၤလန္ ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းတစ္သင္း ျဖစ္တဲ့ ယူနိုက္တက္အသင္းအတြက္ လက္ရွိကာလဟာ အေတာ္ေလးကို ခက္ခဲၾကမ္းတမ္းတဲ့ ကာလတစ္ခုပဲ ျဖစ္ပါတယ္။ အရန္အင္အား မေတာင့္တင္းတဲ့ ယူနိုက္တက္အသင္းရဲ့ လူစာရင္းမွာ ေပါ့ဘာ ၊ ေတာ္မီေနးတို႔လို အဓိက ကစားသမားေတြက ဒဏ္ရာရရွိေနခဲ့သလို အရန္ကစားသမားေတြ ျဖစ္ၾကတဲ့ ဘိုင္လီ ၊ တြမ္ဇီဘီ ၊ ဖိုဆူမန္ဆက္စတဲ့ ကစားသမားေတြဟာလည္း ဒဏ္ရာျပႆနာနဲ႔ ႐ုန္းကန္ေနရပါတယ္။
Photo Credit: The Guardian.com
လက္ရွိမွာေတာ့ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ့ အဓိကေနာက္ခံလူ မက္ဂြိဳင္းယားကို တင္ပါးႂကြက္သားဒဏ္ရာျပႆနာေၾကာင့္ ရက္သတၱပတ္အခ်ိဳ႕ လက္လႊတ္ရေတာ့မယ္လို႔ သိရပါတယ္။ လက္စတာအသင္းကေန ယူနိုက္တက္ဆီ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ကမွ ေျပာင္းေရႊ႕လာခဲ့တဲ့ မက္ဂြိဳင္းယားဟာ လက္ရွိရာသီမွာ ယူနိုက္တက္အသင္းရဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦး ျဖစ္တာေၾကာင့္ ယူနိုက္တက္အေနနဲ႔ အေတာ္ေလးကို ႐ုန္းကန္ရဖို႔ ရွိေနပါတယ္။
Photo Credit: The Guardian.com
သတင္းေတြအရေတာ့ မက္ဂြိဳင္းယားဟာ တင္ပါးႂကြက္သားဆုတ္ျပဲမွု ဒဏ္ရာကို ရရွိခဲ့တာျဖစ္ေၾကာင္းနဲ႔ သူဟာ ဝုဗ္အသင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္ ပထမပိုင္းကတည္းက အဆိုပါဒဏ္ရာကို စတင္ရရွိခဲ့တာျဖစ္တယ္လို႔ သိထားရပါတယ္။ လက္ရွိမွာ မက္ဂြိဳင္းယားဟာ သူ႔ရဲ့ဒဏ္ရာ အတိမ္အနက္နဲ႔ပတ္သတ္ၿပီး ေဆးစစ္မွုေတြခံယူရဖို႔ ရွိေနၿပီး ယခုတစ္ပတ္မွာ ကစားမယ့္ ေနာဝွစ္ခ်္အသင္းနဲ႔ ပြဲစဥ္မွာေတာ့ ဝင္ေရာက္ ကစားနိုင္မွာ မဟုတ္ပါဘူး။
Photo Credit: The Guardian.com
မက္ဂြိဳင္းယားဒဏ္ရာရခဲ့တာေၾကာင့္ လက္ရွိ ယူနိုက္တက္အသင္းရဲ့ ဗဟိုခံစစ္မွူး ေနရာအတြက္ ဖီးလ္ဂ်ဳံးစ္နဲ႔လင္ဒီေလာ့ဖ္တို႔ ႏွစ္ဦးတည္းသာ ႀကံ့ခိုင္မွုျပည့္ဝတဲ့ အေနအထားမွာ ရွိေနကာ ဖီးလ္ဂ်ဳံးစ္ရဲ့ ေျခစြမ္းဟာလည္း ဆိုးရြားေနတာေၾကာင့္ ဆိုးလ္ရွားဟာ ေနာဝွစ္ခ်္နဲ႔ပြဲမွာ ဘယ္လိုအတြဲအဖက္မ်ိဳးကို သုံးစြဲမလဲဆိုတာက စိတ္ဝင္စားစရာပါပဲ။ ဆက္စပ္သတင္းေတြအရ ယူနိုက္တက္အသင္းဟာ မက္ဂြိဳင္းယားသာ ကာလရွည္ နားရမယ္ဆိုပါက ေနာက္ခံလူတစ္ဦးကို အငွားနဲ႔ေခၚယူဖို႔ ရွိတယ္လို႔လည္း သိရပါတယ္။
မြွေပူရာ ကင်းမှောင့်ဆိုသလို အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတစ်သင်း ဖြစ်တဲ့ ယူနိုက်တက်အသင်းအတွက် လက်ရှိကာလဟာ အတော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုပဲ ဖြစ်ပါတယ်။ အရန်အင်အား မတောင့်တင်းတဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ပေါ့ဘာ ၊ တော်မီနေးတို့လို အဓိက ကစားသမားတွေက ဒဏ်ရာရရှိနေခဲ့သလို အရန်ကစားသမားတွေ ဖြစ်ကြတဲ့ ဘိုင်လီ ၊ တွမ်ဇီဘီ ၊ ဖိုဆူမန်ဆက်စတဲ့ ကစားသမားတွေဟာလည်း ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေရပါတယ်။
Photo Credit: The Guardian.com
လက်ရှိမှာတော့ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ အဓိကနောက်ခံလူ မက်ဂွိုင်းယားကို တင်ပါးကြွက်သားဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အချို့ လက်လွှတ်ရတော့မယ်လို့ သိရပါတယ်။ လက်စတာအသင်းကနေ ယူနိုက်တက်ဆီ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂွိုင်းယားဟာ လက်ရှိရာသီမှာ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အတော်လေးကို ရုန်းကန်ရဖို့ ရှိနေပါတယ်။
Photo Credit: The Guardian.com
သတင်းတွေအရတော့ မက်ဂွိုင်းယားဟာ တင်ပါးကြွက်သားဆုတ်ပြဲမှု ဒဏ်ရာကို ရရှိခဲ့တာဖြစ်ကြောင်းနဲ့ သူဟာ ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ် ပထမပိုင်းကတည်းက အဆိုပါဒဏ်ရာကို စတင်ရရှိခဲ့တာဖြစ်တယ်လို့ သိထားရပါတယ်။ လက်ရှိမှာ မက်ဂွိုင်းယားဟာ သူ့ရဲ့ဒဏ်ရာ အတိမ်အနက်နဲ့ပတ်သတ်ပြီး ဆေးစစ်မှုတွေခံယူရဖို့ ရှိနေပြီး ယခုတစ်ပတ်မှာ ကစားမယ့် နောဝှစ်ချ်အသင်းနဲ့ ပွဲစဉ်မှာတော့ ဝင်ရောက် ကစားနိုင်မှာ မဟုတ်ပါဘူး။
Photo Credit: The Guardian.com
မက်ဂွိုင်းယားဒဏ်ရာရခဲ့တာကြောင့် လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှူး နေရာအတွက် ဖီးလ်ဂျုံးစ်နဲ့လင်ဒီလော့ဖ်တို့ နှစ်ဦးတည်းသာ ကြံ့ခိုင်မှုပြည့်ဝတဲ့ အနေအထားမှာ ရှိနေကာ ဖီးလ်ဂျုံးစ်ရဲ့ ခြေစွမ်းဟာလည်း ဆိုးရွားနေတာကြောင့် ဆိုးလ်ရှားဟာ နောဝှစ်ချ်နဲ့ပွဲမှာ ဘယ်လိုအတွဲအဖက်မျိုးကို သုံးစွဲမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဆက်စပ်သတင်းတွေအရ ယူနိုက်တက်အသင်းဟာ မက်ဂွိုင်းယားသာ ကာလရှည် နားရမယ်ဆိုပါက နောက်ခံလူတစ်ဦးကို အငှားနဲ့ခေါ်ယူဖို့ ရှိတယ်လို့လည်း သိရပါတယ်။