ရီးရဲလ် နည်းပြ ဇီဒန်းကတော့ ဘလွန်းဒီအော်ဆုကို ကစားသမား တစ်ဦးတည်းကသာ ရရှိတယ် ဆိုပေမယ့်လည်း ရီးရဲလ်အသင်းရဲ့ ကစားသမားတွေ အားလုံးက ဘလွန်းဒီအော်ဆုကို ရရှိနိုင်ဖို့ ထိုက်တန်ကြပါတယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် ပွဲစဉ် အဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ကစားမယ့် လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရရှိမယ် ဆိုရင် လာလီဂါ ဆုဖလားကို ရရှိနိုင်သလို ဘာစီလိုနာအသင်းအနေနဲ့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာ ရမှတ် ဆုံးရှုံးရင်လည်း လာလီဂါ ဆုဖလားကို ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Goal

 

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ လာလီဂါ ပွဲစဉ် (၂) ပွဲသာ ကစားဖို့ ကျန်တော့တဲ့ အချိန်မှာ အဆင့် (၂) နေရာက ဖိအားပေးနေတဲ့ ဘာစီလိုနာအသင်းကို ရမှတ် (၄) မှတ် ဖြစ်ထားပြီး ပွဲစဉ် (၁) ကိုသာ ထပ်မံ အနိုင်ရရှိမယ် ဆိုရင် လက်ရှိရာသီမှာ လာလီဂါ ချန်ပီယံ ဖြစ်မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်လူ မိုဒရစ်ဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့ပြီး ရီးရဲလ် နည်းပြ ဇီဒန်းကတော့ သူ့ရဲ့ ကစားသမားတွေ အားလုံးအနေနဲ့ လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆုကို ရရှိဖို့ ထိုက်တန်ကြပါတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

 

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဇီဒန်းက “ဘောလုံး ပြိုင်ပွဲမှာ ဘယ်သူမဆို ကြိုက်တာ ပြောနိုင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ရဲ့ ကစားသမားတွေက အကောင်းဆုံး ဖြစ်ကြပါတယ်။ ဘန်ဇီမားက ဒီနှစ်မှာပဲ ကောင်းတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်တွေများစွာကလည်း ကောင်းစွာ ကစားခဲ့ပါတယ်။ ဘလွန်းဒီအော်ဆုက ကစားသမား တစ်ဦးတည်းပဲ ရရှိနိုင်ပါတယ်။ နောက်ပြီး ဘယ်သူမဆို ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ရဲ့ ကစားသမားတွေ အားလုံးက ဘလွန်းဒီအော်ဆု ရရှိဖို့ ထိုက်တန်ကြပါတယ်”လို့ ပြောခဲ့ပါတယ်။ နည်းပြ ဇီဒန်းဟာ လာလီဂါ ချန်ပီယံ အသင်းလို့ ခံစားနေရပြီလားလို့ အမေးခံရတဲ့ အခါမှာ သူက “နိုး၊ လုံးဝကို မခံစားရသေးပါဘူး”လို့ မေးမြန်းသူ သတင်းထောက်ကို ပြန်ဖြေခဲ့ပါတယ်။