ကစားသမားရောင်းချမှု ခေါ်ယူမှုတွေ အပြန်အလှန် မကြာခဏ လုပ်ဆောင်လေ့ရှိတဲ့ ဥရောပထိပ်သီးအသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့လည်း ပါဝင်ပါတယ်။ အခုလည်း ဆောင်းရာသီစျေးကွက်မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ ဘိုင်ယန်အသင်းက ရီးရဲလ်မက်ဒရစ်အသင်းရဲဲ့ ညာနောက်ခံလူကစားသမားလေး အယ်ဗာရိုအော်ဒရီဇိုလာကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal.com

အသက်၂၄နှစ်သာရှိသေးတဲ့ စပိန်နောက်ခံအစွန်လူ အော်ဒရီဇိုလာက ရီးရဲလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၅ပွဲပဲ ပါဝင်ကစားထားခဲ့ရပါတယ်။ ဒါကြောင့်မို့ ညာနောက်ခံကစားသမားတစ်ယောက် လိုအပ်လျက်ရှိနေတဲ့ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်အသင်းကနေ အခုလို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။  အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်နိုင်ပြီဖြစ်တဲ့ အော်ဒရီဇိုလာဟာ ဒီနေ့ကနေစတင်ပြီး ဘိုင်ယန်အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ပူးပေါင်းတော့မှာဖြစ်ပါတယ်။

Photo Credit : Youtube

ဆိုစီဒက်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဒီညာနောက်ခံကစားသမားဟာ ၂၀၁၈ခုနှစ်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နာချို ကာဗာဂျယ်လို ကစားသမားကောင်းမျိုးတွေ ပိုင်ဆိုင်ထားတဲ့ ရီးရဲလ်အသင်းမှာ နေရာရဖို့က ခက်ခဲလွန်းတာကြောင့် အခုလို အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရတာဖြစ်ပေမယ့်လည်း စာချုပ်ထဲမှာတော့ အပြီးသတ်ရောင်းချခွင့်ကိုတော့ ထည့်သွင်းထားခြင်းတော့ မရှိပါဘူး။ လိုအပ်ရင် ညာတောင်ပံနေရာမှာပါ ကစားနိုင်သူဖြစ်တဲဲ့ အော်ဒရီဇိုလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ရရှိနိုင်ဖွယ်ရှိနေပြီး ရှော်ကေးအသင်းနဲ့ ကစားရမယ့် ဘွန်ဒက်လီဂါပွဲစဉ်မှာလည်း ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

(Zawgyi)

ဘုိင္ယန္ျမဴးနစ္ဆီကုိ အံ့အားသင့္စဖြယ္ ေျပာင္းေရႊ႕သြားခဲ႔တဲ႔ ရီးရဲလ္ညာေနာက္ခံလူ

ကစားသမားေရာင္းခ်မႈ ေခၚယူမႈေတြ အျပန္အလွန္ မၾကာခဏ လုပ္ေဆာင္ေလ့ရွိတဲ႔ ဥေရာပထိပ္သီးအသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းတုိ႔လည္း ပါဝင္ပါတယ္။ အခုလည္း ေဆာင္းရာသီေစ်းကြက္မပိတ္သိမ္းခင္ ရက္ပုိင္းအလုိမွာ ဘုိင္ယန္အသင္းက ရီးရဲလ္မက္ဒရစ္အသင္းရဲဲ႕ ညာေနာက္ခံလူကစားသမားေလး အယ္ဗာရုိေအာ္ဒရီဇုိလာကုိ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေခၚယူလုိက္ၿပီျဖစ္တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Goal.com

အသက္၂၄ႏွစ္သာရွိေသးတဲ႔ စပိန္ေနာက္ခံအစြန္လူ ေအာ္ဒရီဇုိလာက ရီးရဲလ္အသင္းမွာ ပုံမွန္ေနရာရဖုိ႔ ရုန္းကန္ေနရသူျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ ၅ပြဲပဲ ပါဝင္ကစားထားခဲ႔ရပါတယ္။ ဒါေၾကာင့္မုိ႔ ညာေနာက္ခံကစားသမားတစ္ေယာက္ လုိအပ္လ်က္ရွိေနတဲ႔ ဘြန္ဒက္လီဂါ ထိပ္သီးကလပ္ ဘုိင္ယန္အသင္းကေန အခုလုိ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ႔ရတာျဖစ္ပါတယ္။  အေျပာင္းအေရႊ႕ကိစၥေတြ အၿပီးသတ္ႏုိင္ၿပီျဖစ္တဲ႔ ေအာ္ဒရီဇုိလာဟာ ဒီေန႔ကေနစတင္ၿပီး ဘုိင္ယန္အသင္းနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါဝင္ပူးေပါင္းေတာ့မွာျဖစ္ပါတယ္။

Photo Credit : Youtube

ဆုိစီဒက္လူငယ္အကယ္ဒမီကေန ေပၚထြက္လာခဲ႔တဲ႔ ဒီညာေနာက္ခံကစားသမားဟာ ၂၀၁၈ခုႏွစ္မွာပဲ ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး နာခ်ိဳ ကာဗာဂ်ယ္လုိ ကစားသမားေကာင္းမ်ိဳးေတြ ပုိင္ဆုိင္ထားတဲ႔ ရီးရဲလ္အသင္းမွာ ေနရာရဖုိ႔က ခက္ခဲလြန္းတာေၾကာင့္ အခုလုိ အသင္းကေန အငွားနဲ႔ ထြက္ခြာခဲ႔ရတာျဖစ္ေပမယ့္လည္း စာခ်ဳပ္ထဲမွာေတာ့ အၿပီးသတ္ေရာင္းခ်ခြင့္ကုိေတာ့ ထည့္သြင္းထားျခင္းေတာ့ မရွိပါဘူး။ လုိအပ္ရင္ ညာေတာင္ပံေနရာမွာပါ ကစားႏုိင္သူျဖစ္တဲဲ႔ ေအာ္ဒရီဇုိလာဟာ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ပုံမွန္ပြဲထြက္ကစားခြင့္ေတြ ရရွိႏုိင္ဖြယ္ရွိေနၿပီး ေရွာ္ေကးအသင္းနဲ႔ ကစားရမယ့္ ဘြန္ဒက္လီဂါပြဲစဥ္မွာလည္း ပါဝင္ႏုိင္ဖြယ္ရွိေနပါတယ္။