ရီးရဲလ် လူငယ် တိုက်စစ်မှူး ကူဘိုက မက်ဆီရဲ့ ဖရစ်ကစ်ထက် ရော်နယ်ဒိုရဲ့ ဖရစ်ကစ်ကို ပိုကြိုက်တယ်လို့ ပြောခဲ့သလို၊ ရော်နယ်ဒိုရဲ့ ဘောလုံးဆွဲပြေးမှုထက် မက်ဆီရဲ့ ဘောလုံး ဆွဲပြေးမှုကို ပိုကြိုက်တယ်လို့ Marca သတင်းမှာ အခိုင်အမာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ ကူဘိုဟာ လက်ရှိမှာ မာယော့ကာအသင်းကို အငှားနဲ့ သွားရောက် ကစားနေရပြီး ကိုရိုနာ ဗိုင်းရပ်ကြောင့် လာလီဂါ ပွဲစဉ် ရပ်နားနေရတဲ့ အချိန်မှာ Marca သတင်းနဲ့ အမေအဖြေ ပြုလုပ်ခဲ့ပြီး ရီးရဲလ်အသင်းမှာ အစ္စကို,ကို သဘောကျတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: marca

ကူဘိုဟာ ရီးရဲလ်အသင်းရဲ့ ကစားသမားတွေ အကြောင်းကို များစွာ အမေးခံခဲ့ရပြီး ရီးရဲလ် ကစားသမားတွေထဲမှာ ဘယ်သူ့ကို သဘောကျဆုံးလဲလို့ အမေးခံရတဲ့ အချိန်မှာတော့ သူက “ကျွန်တော် ပထမအသင်းနဲ့ လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ ကျွန်အော် အစ္စကို,ကို အလွန် သဘောကျပါတယ်။ သူ ကောင်းတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သူနဲ့ အတူ လေ့ကျင့်ရေး ဆင်းပြီးမှ သူက မယုံနိုင်စရာ ကောင်းတာကို သိခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

Photo Credit: marca

ကူဘာဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ ရီးရဲလ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုထဲမှာ ဘယ်သူ ပိုကောင်းသလဲလို့ အမေးခံရတဲ့ အချိန်မှာတော့ သူက “ကျွန်တော် မန်ယူအသင်းမှာ ရော်နယ်ဒိုကို ကြိုက်ခဲ့ပါတယ်။ သူက ရီးရဲလ်အသင်းမှာတော့ ဂိုးသွင်းစက် ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ရော်နယ်ဒိုရဲ့ ဖရစ်ကစ်ကို ပို သဘောကျပါတယ်။ ဒါပေမဲ့ မက်ဆီနဲ့ ပက်သက်ရင် ကျွန်တော် မက်ဆီရဲ့ ဘောလုံး ဆွဲပြေးမှုကို ပို သဘောကျပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ သူဟာ အငှားစာချုပ် ပြီးရင် ရီးရဲလ်အသင်းကို ပြန်လာမလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “အရင်ဆုံး ကျွန်တော်တို့ ရီးရဲလ် မာယော့ကာအသင်းကို တန်းဆင်းရုံကနေ လွတ်သွားအောင် ပြုလုပ်ရပါမယ်”လို့ Marca သတင်းနဲ့ အမေးအဖြေ ပြုလုပ်ရာမှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။