MySport Myanmar

ထင်ထားတာထက် ပိုမို ဆိုးရွှားလာခဲ့ရတဲ့ လုခ်ရှောရဲ့ ဒဏ်ရာ အခြေအနေ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဘယ်နောက်ခံလူ လုခ်ရှောဟာ သူရဲ့ ကြွက်သားဒဏ်ရာ အခြေအနေက ထင်ထားတာထက်ကို ပိုမို ဆိုးရွှားလာခဲ့ရပြီး အနည်းဆုံး (၂)လန့်လောက်အထိပါ အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းလောက်မှာပဲ ဘယ်နောက်ခံ ကစားသမား လုခ်ရှောက ကြွက်သားဒဏ်ရာ ပြသာနာကြောင့် ကာလအတန်ကြာ အနားယူရတော့မယ်ဆိုတဲ့ သတင်းတစ်ခု ထွက်လာခဲ့ပြီး အခု ဒီဒဏ်ရာက ထင်ထားတာထက်တောင် ပိုဆိုးလာခဲ့ရပါတယ်။

Photo Credit : Sunday World

လုခ်ရှောရဲ့ ဒဏ်ရာဟာ ထင်ထားတာထက် ပိုမို ဆိုးရွှား ပြင်းထန်နေပြီး အနည်းဆုံး (၂)လခန့်အကြာလောက်အထိပါ အနားယူရနိုင် အနေအထားမျိုး ဖြစ်နေတယ်လို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာလည်း လုခ်ရှော မတိုင်ခင်ကတည်းက နောက်ထပ် ဘယ်နောက်ခံလူဖြစ်သူ တိုင်လာ မာလာစီယာဟာလည်း ဒဏ်ရာကြောင့် ရာသီကြို ပွဲစဉ်တွေကတည်း တောက်လျှောက် လွဲချော်ထားခဲ့ရပြီး ဘယ်အချိန်မှ ပြန်သက်သာမယ် ဆိုတာလည်း မသိရသေးတာကြောင့် ယူနိုက်တက်အတွက် ခေါင်းခဲနိုင်ပါတယ်။

Photo Credit : Manchester Evening News

ဒါကြောင့် ယူနိုက်တက်က ဈေးကွက် မပိတ်ခင်မှာ ဘယ်ခြမ်း ခံစစ် နေရာအတွက် ကစားသမားတစ်ဦးကို ရှာဖွေသွားရဖွယ် ရှိနိုင်ပြီး လူငယ်အသင်းက အယ်လ်ဗာရို ဖာနန်ဒက်ဇ်ကိုလည်း အသင်းမှာသာ ဆက်လက် ထိန်းသိမ်းရဖွယ် ရှိနေပါတယ်။

လက်ရှိ အသင်းမှာ ဘယ်ခြမ်း နေရာမှာ ကစားတဲ့ left-back player စစ်စစ်ဆိုလို့ ဖာနန်ဒက်ဇ် တစ်ဦးတည်းသာ ကျန်ရှိနေပေမယ့်လည်း ဒီကစားသမားလေး လာလီဂါကလပ် ဂရန်နာဒါက ခေါ်ယူချင်နေသလို ယူနိုက်တက်ကလည်း ရောင်းချဖို့ စီစဉ်ထားပေမယ့် လက်ရှိ အခြေအနေတွေကြောင့် အသင်းမှာပဲ ဆက်ထားသွားဖွယ်သာ ရှိနိုင်ပါတယ်။

Exit mobile version