ယူနိုက်တက်အသင်းရဲ့ ဘယ်အစွန် နောက်ခံ ကစားသမား လုခ်ရှောကတော့ ယနေ့ည (၁၂) နာရီ အချိန်၊ ဝုဗ်လ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ မန်ယူ ပရိသတ်တွေ အားပေးကြမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။ Mirror သတင်းက မန်ယူ ပရိသတ်တွေဟာ ယနေ့ည ဝုဗ်လ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ အသင်းရဲ့ ပိုင်ရှင်တွေကို ဆန္ဒပြတဲ့ အနေနဲ့ ပွဲချိန်ပြည့် မနေကြဘဲ ပွဲချိန် (၆၈) မိနစ် ဝန်းကျင်မှာ ကွင်းထဲက ထွက်သွားဖို့ ပြင်ဆင်နေကြတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photo Credit: EveningNews

မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ အက်ဖ်အေဖလား အဝေးကွင်း ပွဲစဉ် နဲ့ ကာရာဘောင် ဖလား အဝေးကွင်း ပွဲစဉ်၊ (၂) ပွဲစလုံးမှာ နိုင်ပွဲ ရရှိခဲ့ပြီး ယနေ့ည ကစားသွားမယ့် အိမ်ကွင်းပွဲစဉ်မှာ (၃) ပွဲဆက် နိုင်ပွဲရဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။ Mirror သတင်းက မန်ယူပရိသတ်တွေဟာ ဝုဗ်လ်နဲ့ ပွဲစဉ်မှာ ကွင်းထဲကနေ ထွက်သွားကြဖို့ ပြင်ဆင်နေကြတယ်လို့ ဖော်ပြခဲ့ပေမဲ့ လုခ်ရှောက မန်ယူ ပရိသတ်တွေအနေနဲ့ အားပေးကြလိမ့်မယ်လို့ talkSPORT မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: EveningNews

လုခ်ရှောက “အသင်းရဲ့ စွမ်းဆောင်ရည်၊ လက်ရှိ ရလဒ်နဲ့ ပက်သက်ပြီး မန်ယူပရိသတ်တွေ ခံစားနေရတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့တွေ နောက်ဆုံးတော့ ကျွန်တော်တို့ကို အမြဲ အားပေးနေမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့တွေ ကျွန်တော်တို့ကို အာပေးတာ ဘယ်တော့မှ ရပ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဝုဗ်လ်နဲ့ ပွဲစဉ်မှာ သူတို့တွေ ကျွန်တော်တို့ရဲ့ နောက်မှာ ရပ်တည်ပေးပြီး အားပေးမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။