မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး လက်ရှိအင်တာမီလန်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ တိုက်စစ်ကစားသမား လူကာကူက သူရဲ့အသင်းဟောင်းက အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်နဲ့ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေကို ဝေဖန်ပြစ်တင်သွားခဲ့ကာ သူရဲ့ဆရာဟောင်းဖြစ်ခဲ့တဲ့ ဟိုဆေးမော်ရင်ဟို ယူနိုက်တက်မှာ ကိုင်တွယ်နေစဉ်တုန်းက ဘုတ်အဖွဲ့ဝင်တွေရဲ့ ထောက်ပံ့မှုကိုမရခဲ့ပဲ ေြပြာင်းရွှေ့ကြေးကို သူလိုသလောက်သုံးခွင့်မရခဲ့တာကြောင့် အသင်းကို ရလဒ်ကောင်းအောင် မကိုင်တွယ်နိုင်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal.com
အသက်၂၆နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်နွေစျေးကွက်အတွင်းကမှ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းအတွက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်လို့နေပါတယ်။ အခုလို အင်တာကို ပြောင်းရွှေ့ရခြင်းက သူ့အတွက်ရော ယူနိုက်တက်အတွက် အကျိုးရှိစေတဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တယ်လို့ မှတ်ချက်ချ ပြောဆိုခဲ့ဖူးတဲ့ လူကာကူဟာ ယူနိုက်တက်မှာ သူပါဝင်ခဲ့စဉ်တုန်းက အသင်းက မအောင်မြင်ခဲ့ရတာဟာ နည်းပြမော်ရင်ဟိုအပေါ် ဘုတ်အဖွဲ့ဝင်တွေဘက်ကနေ ထောက်ပ့ံပေးခြင်း မရှိခဲ့တာကြောင့်လို့ ဝေဖန်သွားခဲ့ပါတယ်။
Photo Credit : Daily Express
လူကာကူဟာ နာမည်ကျော် အားကစားမီဒီယာကြီးတစ်ခုဖြစ်တဲ့ Sky Sports News နဲဲ့ အင်တာဗျူးနေစဉ်အတွင်း သူ့အတွက် ဘယ်နည်းပြတွေက အကောင်းဆုံးလဲလို့ မေးမြန်းလာခဲ့ရာ လူကာကူက “ကျွန်တော်ထင်တာကတော့ ရောဘတ်တိုမာတီနက်ဇ်ရယ် ရော်နယ်ကိုးမန်းရယ် နောက်ပြီး အန်တိုနီယိုကွန်တီရယ်ပေါ့။ ဂျိုဆေးမော်ရင်ဟိုလား။ သူသာ သူအလိုရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူနိုင်ခွင့်ရမယ်ဆိုရင် ယူနိုက်တက်မှာ ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့တာထက် ပိုပြီးတော့လုပ်ဆောင်နိုင်မှာပါ” လို့ ပြန်လည်ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူကာကူရဲ့ပြောဆိုချက်က သံသယဝင်စရာရှိနေခဲ့ရပြီး မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့စဉ်တုန်းက လူကာကူအပါအဝင် ပေါ့ဘာ ဘိုင်လီ လင်ဒီလော့ မစ်ခီတာရန်တို့လို ကြယ်ပွင့်ကစားသမားတွေကိုအတွက် ပြောင်းရွှေ့ကြေးကြီးပဲ ပေါင်သန်း၃၇၀အထိတောင် သုံးစွဲခဲ့ပါတယ်။ လက်ရှိမှာလည်း ယူနိုက်တက်ရဲ့ရလဒ်ဆိုးတွေကြောင့် ပရိသတ်တွေက အသင်းပိုင်ရှင်နဲ့ အမှုဆောင်ချုပ်တို့ အသင်းကနေ ထွက်ခွာသွားဖို့ တောင်းဆိုလို့နေပါတယ်။
(Zawgyi)
ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေကို ဝေဖန်ပြစ်တင်လိုက်တဲ့ တိုက်စစ်မှူးဟောင်း လူကာကူ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး လက်ရှိအင်တာမီလန်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ တိုက်စစ်ကစားသမား လူကာကူက သူရဲ့အသင်းဟောင်းက အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်နဲ့ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေကို ဝေဖန်ပြစ်တင်သွားခဲ့ကာ သူရဲ့ဆရာဟောင်းဖြစ်ခဲ့တဲ့ ဟိုဆေးမော်ရင်ဟို ယူနိုက်တက်မှာ ကိုင်တွယ်နေစဉ်တုန်းက ဘုတ်အဖွဲ့ဝင်တွေရဲ့ ထောက်ပံ့မှုကိုမရခဲ့ပဲ ပြောင်းရွှေ့ကြေးကို သူလိုသလောက်သုံးခွင့်မရခဲ့တာကြောင့် အသင်းကို ရလဒ်ကောင်းအောင် မကိုင်တွယ်နိုင်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal.com
အသက်၂၆နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်နွေဈေးကွက်အတွင်းကမှ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အသင်းအတွက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်လို့နေပါတယ်။ အခုလို အင်တာကို ပြောင်းရွှေ့ရခြင်းက သူ့အတွက်ရော ယူနိုက်တက်အတွက် အကျိုးရှိစေတဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့တယ်လို့ မှတ်ချက်ချ ပြောဆိုခဲ့ဖူးတဲ့ လူကာကူဟာ ယူနိုက်တက်မှာ သူပါဝင်ခဲ့စဉ်တုန်းက အသင်းက မအောင်မြင်ခဲ့ရတာဟာ နည်းပြမော်ရင်ဟိုအပေါ် ဘုတ်အဖွဲ့ဝင်တွေဘက်ကနေ ထောက်ပံ့ပေးခြင်း မရှိခဲ့တာကြောင့်လို့ ဝေဖန်သွားခဲ့ပါတယ်။