အာဆင္နယ္အသင္းကုိ ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရရွိခဲ႔တဲ႔ အက္ေအဖလားပြဲစဥ္မွာ အသင္းရဲ႕ ညာေတာင္ပံမွာ ဝင္ေရာက္ကစားခဲ႔ၿပီး အသင္းအတြက္ သြင္းဂုိး၂ဂုိးကုိ ဖန္တီးေပးခဲ႔ၿပီးေတာ့ အေကာင္းဆုံးကစားသမားဆုကုိပါ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ႔ တုိက္စစ္မွဴးရုိမယ္လူလ္လူကာကူက သူနဲ႔တြဲဖက္ကစားခဲ႔တဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္နဲ႔ ဒီပြဲမတုိင္ခင္ကတည္းက ဆန္းခ်က္ဇ္ဂုိးသြင္းႏုိင္ဖုိ႔ကုိ ေသခ်ာေဆြးေႏြးျဖစ္ခဲ႔ၾကတယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလာခဲ့ပါတယ္။

ပုံမွန္အားျဖင့္ အေထာင္တုိက္စစ္မွဴးတစ္ေယာက္အျဖစ္သာ ပါဝင္ကစားတတ္သူျဖစ္တဲ႔ လူကာကူဟာ အာဆင္နယ္ကုိ အႏုိင္ရတဲ႔ပြဲမွာေတာ့ ညာေတာင္ပံမွာ ပါဝင္ကစားခဲ႔ၿပီး ေျခစြမ္းျပႏုိင္ခဲ႔ၾကသလုိ ဆန္းခ်က္ဇ္နဲ႔ လင္ဂတ္တုိ႔ရဲ႕ အဖြင့္ဂုိးေတြကုိပါ ဖန္တီးႏိုင္ခဲ႔ပါတယ္။ ဒါ့အျပင္ ေကာင္တာတုိက္စစ္ စတင္ရမွာ လူကာလူဟာ အာဆင္နယ္အသင္းရဲ႕ ဘယ္ဘက္အျခမ္းကုိ အေကာင္းဆုံးဒုကၡေပးႏုိင္ခဲ႔တာေၾကာင့္ ဒီပြရဲ႕ အေကာင္းဆုံးဆုကုိပါ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။

ပြဲအၿပီး MUTV နဲ႔ ေတြ႕ဆုံေဆြးေႏြးရမွာေတာ့ လူကာကူက “ကြ်န္ေတာ္ မေန႔ကတည္းက ေလ့က်င့္ခန္းအစီအစဥ္မွာ ဆန္းခ်က္ဇ္ကုိ ေျပာခဲ႔ပါတယ္။ နားေထာင္ မင္းနက္ျဖန္ ဂုိးသြင္းႏုိင္ရမယ္။ ကြ်န္ေတာ္သူ႔ကုိ ေျပာလုိက္တာကေတာ့ ကြ်န္ေတာ္ဂုိးသြင္းဖုိ႔ မလြယ္တဲ႔ အေနအထားမွာ သူဧရိယာအတြင္း ဝင္ေျပးႏုိင္သေလာက္ေျပးထား ေဘာလုံးကုိ ထုိးေပးလုိက္မယ္လုိ႔ ေျပာထားခဲ႔တာပါ။ ေျပးသာေျပးထား ငါမင္းကုိ ေတြ႕ေအာင္ရွာမယ္လုိ႔ ေျပာထားခဲ႔တာ။ ဒီပြဲမွာ ကြ်န္ေတာ္နဲ႔ဆန္းခ်က္ဇ္တုိ႔အတြက္ ေနရာလြတ္ေတြ ေပၚေနမယ္ဆုိတာကုိ ႀကိဳၿပီးသိေနခဲ႔ပါတယ္။ ကြ်န္ေတာ္တုိ႔ရဲ႕ ေကာင္တာတုိက္စစ္က ပုံစံေကာင္းရခဲ႔ၿပီးေတာ့ ဒုတိယပုိင္းမွာ ပုိလုိ႔ေတာင္ အလုပ္ျဖစ္ခဲ႔ေသးတယ္။ ရုိ္းရုိးသားသား ေျပာရရင္ေတာ့ ေနာက္ထပ္ ၂ဂုိး၃ဂုိးေလာက္ေတာင္ သြင္းယူႏုိင္ခဲ႔သင့္တယ္။ ဒါေပမယ့္ ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ႔တာကလည္း ေက်နပ္စရာေကာင္းပါတယ္” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။

သြင္းဂုိးေတြကုိပဲသြင္းသြင္း ဂုိးဖန္တီးမႈေတြကုိပဲ လုပ္ရပါေစ အသင္းအတြက္ အက်ိဳးျပဳရတာမွန္သမွ်ကုိ လုပ္ေဆာင္ေပးသြားခ်င္ပါတယ္ဆုိတဲ႔ လူကာကူဟာ လာမယ့္ပြဲေတြမွာလည္း ညာျခမ္းမွာ ဆက္လက္ကစားရမယ္ဆုိရင္လည္း နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကုိ ေလးစားသြားမွာျဖစ္ၿပီး အေကာင္းဆုံးႀကိဳးစားသြားမယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ႔ပါတယ္။ လူကာကူဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ယူႏုိက္တက္အသင္းအတြက ္ၿပိဳင္ပြဲစုံ သြင္းဂုိး၉ဂုိးအထိကုိ သြင္းယူေပးထားခဲ႔ၿပီး ၄ဂုိးအထိ ဖန္တီးေပးထားခဲ႔ပါတယ္။

(Unicode)

အာဆင်နယ်အသင်းကို ၃ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အက်အေဖလားပွဲစဉ်မှာ အသင်းရဲ့ ညာတောင်ပံမှာ ဝင်ရောက်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုး၂ဂိုးကို ဖန်တီးပေးခဲ့ပြီးတော့ အကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ တိုက်စစ်မှူးရိုမယ်လူလ်လူကာကူက သူနဲ့တွဲဖက်ကစားခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်နဲ့ ဒီပွဲမတိုင်ခင်ကတည်းက ဆန်းချက်ဇ်ဂိုးသွင်းနိုင်ဖို့ကို သေချာဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ပုံမှန်အားဖြင့် အထောင်တိုက်စစ်မှူးတစ်ယောက်အဖြစ်သာ ပါဝင်ကစားတတ်သူဖြစ်တဲ့ လူကာကူဟာ အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာတော့ ညာတောင်ပံမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကြသလို ဆန်းချက်ဇ်နဲ့ လင်ဂတ်တို့ရဲ့ အဖွင့်ဂိုးတွေကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကောင်တာတိုက်စစ် စတင်ရမှာ လူကာလူဟာ အာဆင်နယ်အသင်းရဲ့ ဘယ်ဘက်အခြမ်းကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တာကြောင့် ဒီပွရဲ့ အကောင်းဆုံးဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ပွဲအပြီး MUTV နဲ့ တွေ့ဆုံဆွေးနွေးရမှာတော့ လူကာကူက “ကျွန်တော် မနေ့ကတည်းက လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်းချက်ဇ်ကို ပြောခဲ့ပါတယ်။ နားထောင် မင်းနက်ဖြန် ဂိုးသွင်းနိုင်ရမယ်။ ကျွန်တော်သူ့ကို ပြောလိုက်တာကတော့ ကျွန်တော်ဂိုးသွင်းဖို့ မလွယ်တဲ့ အနေအထားမှာ သူဧရိယာအတွင်း ဝင်ပြေးနိုင်သလောက်ပြေးထား ဘောလုံးကို ထိုးပေးလိုက်မယ်လို့ ပြောထားခဲ့တာပါ။ ပြေးသာပြေးထား ငါမင်းကို တွေ့အောင်ရှာမယ်လို့ ပြောထားခဲ့တာ။ ဒီပွဲမှာ ကျွန်တော်နဲ့ဆန်းချက်ဇ်တို့အတွက် နေရာလွတ်တွေ ပေါ်နေမယ်ဆိုတာကို ကြိုပြီးသိနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်တာတိုက်စစ်က ပုံစံကောင်းရခဲ့ပြီးတော့ ဒုတိယပိုင်းမှာ ပိုလို့တောင် အလုပ်ဖြစ်ခဲ့သေးတယ်။ ရို်းရိုးသားသား ပြောရရင်တော့ နောက်ထပ် ၂ဂိုး၃ဂိုးလောက်တောင် သွင်းယူနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့တာကလည်း ကျေနပ်စရာကောင်းပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

သွင်းဂိုးတွေကိုပဲသွင်းသွင်း ဂိုးဖန်တီးမှုတွေကိုပဲ လုပ်ရပါစေ အသင်းအတွက် အကျိုးပြုရတာမှန်သမျှကို လုပ်ဆောင်ပေးသွားချင်ပါတယ်ဆိုတဲ့ လူကာကူဟာ လာမယ့်ပွဲတွေမှာလည်း ညာခြမ်းမှာ ဆက်လက်ကစားရမယ်ဆိုရင်လည်း နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လေးစားသွားမှာဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လူကာကူဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက ်ပြိုင်ပွဲစုံ သွင်းဂိုး၉ဂိုးအထိကို သွင်းယူပေးထားခဲ့ပြီး ၄ဂိုးအထိ ဖန်တီးပေးထားခဲ့ပါတယ်။