MySport Myanmar

လိုအပ်ရင် လူကာကူကို ဗဟိုခံစစ်မှူးအဖြစ် ကစားခိုင်းမယ်လို့ ဆိုလိုက်တဲ့ မော်ရင်ဟို

ရိုးမားအသင်းနည်းပြ ဂျိုဆေး မော်ရင်ဟိုက ဒီနေ့ည အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် အီတလီ စီးရီးအေပွဲစဉ်အတွက် အသင်းမှာ ကစားသမားတွေ ဒဏ်ရာ ပွဲပန်းမှုတွေ ရှိနေခြင်းအပေါ် စိုးရိမ်နေမိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ကလပ်အသင်းတိုင်းလိုလိုက တစ်ပတ်အတွင်း ပွဲစဉ် (၂)ပွဲလောက်အထိ ကစားနေရပြီး ရိုးမားဆိုရင်လည်း ဒီဇင်ဘာ (၃၁)ရက်ကနေ စတင်ပြီး ဂျုဗင်တပ်စ်နဲ့ စီးရီးအေပွဲ ခရိုမိုနီဆီနဲ့ ကိုပါအီတလီယာပွဲတွေ ဆက်တိုက် ကစားထားရသလို ဒီညမှာလည်း အတ္တလန်တာနဲ့ စီးရီးအေပွဲကို ဆက်လက် ကစားသွားရပါမယ်။

Photo Credit : The Sun

ဒီလို ပွဲဆက်တိုက် ကစားသွားရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ရိုးမားနည်းပြကြီး မော်ရင်ဟိုက “ကျွန်တော်တို့တွေ ဘယ်လို ဆက်သွားရမလဲဆိုတာ မသိပါဘူး။ ဒီနေ့မှာလည်း အသင်းအတွက် အရမ်းကို အရေးပါလှတဲ့ ပွဲစဉ်တစ်ပွဲလည်း ရှိနေပါတယ်။”

“တကယ်လို့ ကျွန်တော်တို့ဘက်က ကစားသမား လိုအပ်ချက် ရှိလာရင်တော့ တိုက်စစ်မှူး လူကာကူကို ဗဟိုခံစစ်နေရာမှာ ကစားခိုင်းရပါလိမ့်မယ်။ သူလည်း ကစားပေးနိုင်ပါလိမ်မ့ယ်။ ကျွန်တော်တို့တွေက နှလုံးသားနဲ့ ကစားနေကြတာ။ အသင်းအတွက်ရော အသင်းပရိသတ်တွေအတွက်ပါ လေးစားမှုလည်း အပြည့်ရှိပါတယ်။”

Photo Credit : Planet Football

“အခုတော့ ကျွန်တော်တို့ အတ္တလန်တာနဲ့ အရင် ရင်ဆိုင်ရမယ်။ ပြီးရင် လာဇီယိုနဲ့ ကိုပါအီတလီယာပွဲ။ အက်ဇ်မွန်က လာမယ့် တစ်ပတ်မှာပဲ အာရှဖလားဆီ သွားတော့မယ်။ မန်ချီနီကလည်း ဒဏ်ရာရနေပြီး အဝါကတ် (၄)ကတ်လည်း ထိထားတယ်။ ပါရေဒက်စ် နဲ့ ခရစ္စတန်တီတို့လည်း အဝါကတ် (၄)ကတ်စီ ရှိနေပါပြီ။”

“ဘယ်လို အခြေအနေတွေ ဖြစ်လာမလဲ မသိပေမယ့် ကျွန်တော်တို့ကတော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေနဲ့ ရသလို အသုံးပြုသွားရမှာပဲ။ ကျွန်တော်လည်း ပင်ပန်းနေပါပြီ။ ဒီည ပွဲစဉ်တော့ ကျွန်တော် နည်းပြ touchline မှာ အနည်းငယ် လှုပ်ရှား ပြေးလွှားနိုင်ပါတော့မယ်။” လို့ မော်ရင်ဟိုက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version