MySport Myanmar

လူကာကူ တစ်ဦးတည်းကသာ လီဝန်ဒေါစကီးနေရာ အစားဝင်ရောက်နိုင်သူလို့ မာသီးယပ်စ် သုံးသပ်

ဒီနှစ်နွေမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးရဲ့ နေရာအတွက် ချယ်လ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လူလူကာကူ တစ်ဦးတည်းသာ အစားထိုး ဝင်ရောက်နိုင်သူ ဖြစ်နေလိမ့်မယ်လို့ ဂျာမနီ ဂန္တဝင် ကစားသမားကြီး လိုသာမာသီးယပ်စ်က မှတ်ချက်ပြု သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘိုင်ယန်အသင်းမှာ (၈)ရာသီအထိ ဖြတ်သန်းထားခဲ့တဲ့ လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့ပြီး ဘိုင်ယန်နဲ့ သက်တမ်းမတိုးချင်တော့သလို ဘိုင်ယန်ကနေပါ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။ ဘိုင်ယန်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ လီဝန်ဒေါစကီးရဲ့နေရာအတွက် လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ပြန်လည်ခေါ်ယူသွားဖို့ လုပ်ဆောင်နေပေမယ့် လူကာကူကသာ လီဝန်ဒေါစကီးရဲ့ ကွက်လပ်ကို အစားထိုး ဖြည့်တင်းနိုင်သောသူလို့ လိုသာမာသီးယပ်စ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

Photo Credit : Live Soccer TV

လိုသာမာသီးယပ်စ်က “လူကာကူကို တစ်ခုတည်းသော စံပြရွေးချယ်စရာအဖြစ် ကျွန်တော် မြင်နေတုန်းပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း နာဂယ်စ်မန်းအနေနဲ့ ဂွာဒီယိုလာ ပုံစံအတိုင်း တိုက်စစ်မှာ အထောင်တိုက်စစ်မှူးတစ်ဦး မပါဝင်ပဲ တိုက်စစ်ကစားသမား (၃)ယောက်ထားပြီး ကစားသလိုမျိုး ကစားနိုင်ပါတယ်။ ဒါပေမယ့် ရောဘတ် ဆက်ရှိနေဖို့ကိုလည်း ကျွန်တော် မျှော်လင့်နေတုန်းပါပဲ။ ပြီးတော့ ဘိုင်ယန်မြူးနစ်အနေနဲ့ ဒီထိုးစစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တကယ် ယှဉ်ပြိုင်ဆင်နွဲနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လိုသာမားသီးယပ်စ်လိုပဲ ဘိုင်ယန်ဥက္ကဌဟောင်း အူလီဟိုးနက်စ်ကလည်း လီဝန်ဒေါစကီးကို အသင်းကနေ မထွက်ခွာစေချင်ပဲ အသင်းမှာသာ ဆက်လက်ရှိနေနေချင်သလို ဘိုင်ယန်အနေနဲ့လည်း လီဝန်ဒေါစကီးကို လုံးဝမရောင်းချဖို့ တိုက်တွန်းပြောဆိုထားပါတယ်။ ဒါပေမယ့် အသက်(၃၃)နှစ်အရွယ် ပိုလန်ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးကတော့ သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘိုင်ယန်အသင်းဆီ တောင်းဆိုထားခဲ့သလို ဘာစီလိုနာအသင်းဆီ ရောင်းချပေးသွားဖို့ပါ တောင်းဆိုထားခဲ့သလို ဘာစီလိုနာနဲ့ပါ personal ပိုင်းအရ သဘောတူညီမှုအထိပါ ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဘိုင်ယန်မှာ ဆက်လက်မရှိနေဖို့ကတော့ သေချာသလောက် ရှိနေရပါတယ်။ ဒါကြောင့် ဘိုင်ယန်ဘက်က မာနေးကို အရခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပြီး နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးပါ ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version