အင်တာမီလန်အသင်းနဲ့ ဘယ်လ်ဂျီယံနိုင်ငံ လက်ရွေးစင်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး လူကာကူကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ မီလန်ဒါဘီမှာ အေစီမီလန်အသင်းကို လေးဂိုး နှစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အင်တာမီလန်အသင်းက အနိုင်ရခဲ့အပြီးမှာ သူဟာ မီလန်မြို့ရဲ့ ဘုရင်အသစ်ဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။

Photo Credit: Talksport.com

မီလန်ဒါဘီမှာ အင်တာမီလန်အသင်းဟာ ပထမပိုင်းပြီးဆုံးချိန်မှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အေစီမီလန်အသင်းကို ရှုံးနိမ့်နေခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်းမှာတော့ အံ့အားသင့်စရာ ကောင်းလှတဲ့ ခြေစွမ်းတွေိနဲ့အတူ လေးဂိုး ပြန်လည်သွင်းယူကာ လေးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: Talksport.com

အဆိုပါပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ခြေစွမ်းပြခဲ့သူကတော့ လူကာကူရဲ့ အသင်းဖော်ဟောင်း အီဘရာဟီမိုဗစ်ဖြစ်ပြီး မိုဗစ်ဟာ အေစီမီလန်အသင်းအတွက် တစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ လူကာကူကတော့ အင်တာမီလန်အသင်းအတွက် အနိုင်သေချာစေမယ့် လေးဂိုးမြောက်သွင်းဂိုးကို သာမန်ပွဲကစားချိန် မိနစ်၉၀ပြည့်လို့ နာကျင်အချိန်ပိုရောက်တဲ့ အချိန်မှာ သွင်းယူပေးနိုင်ခဲ့တာပါ။

Photo Credit: Talksport.com

ပွဲပြီးဆုံးသွားချိန်မှာတော့ လူကာကူက သူ့ရဲ့ အသင်းဖော်ဟောင်း မိုဗစ်ကို လူမှုကွန်ယက်ပေါ် မှတဆင့် စနောက်သွားခဲ့ပါတယ်။ လူကာကူက မိုဗစ်ရဲ့ လက်သုံးစကားဖြစ်တဲ့ ဘုရင်ဆိုတဲ့ စာလုံးကိုသုံးကာ အင်စတာဂရမ်ပေါ်မှာ ” မြို့ထဲမှာ ဘုရင်အသစ်ရှိနေပြီ ” လို့ ပို့စ်တစ်ခု တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။