MySport Myanmar

ကွန်တီသာ စပါးမှာ ဆက်နေဖြစ်ဆိုရင် လူကာကူကို ခေါ်ယူသွားဖွယ် ရှိနေ

စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီသာ စပါးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာပဲ ဆက်လက် ရှိနေဖြစ်မယ်ဆိုရင် အသင်းတိုက်စစ်ပိုင်းအတွက် ကွန်တီနဲ့ အင်တာမီလန်မှာ လက်တွဲခဲ့ဖူးသူ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ခေါ်ယူသွားနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : talkSPORT

အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ကွန်တီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ လက်ရှိမှာလည်း အသင်းက ကွန်တီကို သက်တမ်းတိုးဖို့ မကမ်းလှမ်းလာသေးပေမယ့် တကယ်လို့ ကွန်တီနဲ့ စပါးတို့သာ ဆက်လက် လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ကွန်တီက သူ့တပည့်ဟောင်း လူကာကူကို အင်တာအသင်းဆီ ခေါ်ဆောင်နိုင်တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ CalcioMercato ကနေ ဖော်ပြလာခဲ့ပါတယ်။ နည်းပြကွန်တီနဲ့ လူကာကူတို့နှစ်ဦးဟာ အင်တာမီလန်အသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေဖြစ်ပြီး အင်တာအတွက်ကိုလည်း နှစ်အတန်ကြာ အလှမ်းဝေးနေတဲ့ စကူဒက်တိုဖလားကိုပါ အတူတကွ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

လက်ရှိမှာ စပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဟာရီကိန်းက အသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ ဆွေးနွေးနေပေမယ့်လည်း တကယ်လို့သာ ကိန်းကို လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် လူကာကူကို ပစ်မှတ်ထားချင်လာတာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ချယ်လ်ဆီးကနေ သူရဲ့အသင်းဟောင်း အင်တာမီလန်မှာ အငှားနဲ့ ပါဝင်နေပေမယ့်လည်း လူကာကူက ဒီရာသီမှာ ဒဏ်ရာပြသာနာတွေ ကြံခိုင်မှု မပြည့်ဝတဲ့ ပြသာနာတွေကြောင့် အသင်းအတွက် ပွဲစဉ် အနည်းငယ်လောက်သာ ကစားထားထားနိုင်တာဖြစ်လို့ အင်တာအနေနဲ့ သူတို့ ကစားသမားဟောင်းကို အငှားသက်တမ်းတိုးဖို့ ဒါမှမဟုတ် အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိပဲ ချယ်လ်ဆီးဆီကိုသာ ပြန်ပို့ဆောင်ချင်နေပါတယ်။ ချယ်လ်ဆီးကလည်း လူကာကူကို သူတို့အသင်းဆီ ပြန်လည် မခေါ်ဆောင်ချင်တာကြောင့် လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေပြီး စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ကလည်း လူကာကူကို ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။

Exit mobile version