မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းထံကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လ်ဂျီယံသား လူကာကူဟာ အသင်းသစ်ကို ရောက်ရှိပြီး မကြာမီမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်လာသူပါ။

Photo Credit: Sportbible.com

လူကာကူဟာ မနေ့က ကစားခဲ့ရတဲ့ အေစီမီလန်အသင်းနဲ့ မီလန်ဒါဘီပွဲစဉ်မှာ အင်တာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ အပြီးမှာတော့ အသင်းအတွက် သွင်းဂိုး ၂၀ကို အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် ရိုနယ်ဒို (ဒိုကြီး) တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ် ပြီး ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Sportbible.com

လူကာကူဟာ အင်တာမီလန်အသင်းအတွက် လက်ရှိဘောလုံးရာသီမှာ စုစုပေါင်း ၂၉ပွဲအထိ ကစားပေးထားသူဖြစ်ပြီး သွင်းဂိုးကတော့ ၂၀ပြည့်မြောက်သွားတာကြောင့် သွင်းဂိုး ၂၀ကို အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ရိုနယ်ဒို(ဒိုကြီး) တင်ရှိထားတဲ့ စံချိန်ကတော့ ၃၁ပွဲကစားကာ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တဲ့ စံချိန်ပဲ ဖြစ်ပါတယ်။

Photo Credit: Sportbible.com

ရိုနယ်ဒို(ဒိုကြီး)ဟာ ၁၉၉၇ခုနှစ်မှာ ပီအက်စ်ဗွီအသင်းမှ အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဆိုပါဘောလုံး ရာသီမှာပဲ အင်တာမီလန်အသင်းအတွက် ၃၁ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တာပါ။ အင်တာမီလန်အသင်းမှာ ကစားခဲ့တဲ့ အချိန်ဟာ ရိုနယ်ဒို(ဒိုကြီး)ရဲ့ ကစားသမားဘဝ အတောက်ပဆုံးအချိန်တွေလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။