မကြာခင်မှာ ကျင်းပသွားတော့မယ့် ၂၀၁၉ စပိန်စူပါဖလားပြိုင်ပွဲကတော့ ဒီရာသီမှာ ပုံစံသစ်တစ်မျိုးနဲ့ စပိန်နိုင်ငံပြင်ပ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အရင်လို အသင်းနှစ်သင်းက ဖိုင်နယ်အဆင့်ကို တစ်ခါတည်း တန်းကစားမှာမဟုတ်ပဲ အသင်း၎သင်းက ဆီမီးဖိုင်နယ်အဆင့်ကနေ စတင်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရီးရဲလ်မက်ရစ်အသင်းကလည်း ပြိုင်ပွဲဝင်အသင်းအဖြစ် ပါဝင်ဆင်နွဲသွားမှာဖြစ်ပြီးတော့ ဗလန်စီယာအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ကာ ဗိုလ်စွဲဖို့ ဒုတိယနေရာမှာ ရေပန်းစားလို့နေပါတယ်။
Photo Credit : Squawka
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ တနင်းလာနေ့ကမှ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း ဆော်ဒီကို ရောက်ရှိလာတဲ့ လူစာရင်းမှာတော့ ရီးရဲလ်ရဲ့အဓိကတိုက်စစ်ကစားသမားကြီးဖြစ်တဲ့ ကာရင်ဘန်ဇီမာနဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တို့ ပါဝင်လာခြင်းမရှိတာကို သတိထားတွေ့မြင်ခဲ့ရတာကြောင့် ဒီပြိုင်ပွဲအတွင်း ရီးရဲလ်တိုက်စစ်ပိုင်းမှာ လူငယ်တိုက်စစ်မှူးလေး လူကာဂျိုဗစ်ရဲ့အခန်းကဏ္ဍာက အရေးအပါဆုံး ဖြစ်လာနိုင်တာကို ခန့်မှန်းယူဆလာမိခဲ့ပါတယ်။
(Unicode)
စပိန်စူပါဖလားပြိုင်ပွဲ လူကာဂျိုဗစ်အတွက် အကြီးမားဆုံး အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိ
မကြာခင်မှာ ကျင်းပသွားတော့မယ့် ၂၀၁၉ စပိန်စူပါဖလားပြိုင်ပွဲကတော့ ဒီရာသီမှာ ပုံစံသစ်တစ်မျိုးနဲ့ စပိန်နိုင်ငံပြင်ပ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီးတော့ အရင်လို အသင်းနှစ်သင်းက ဖိုင်နယ်အဆင့်ကို တစ်ခါတည်း တန်းကစားမှာမဟုတ်ပဲ အသင်း၄သင်းက ဆီမီးဖိုင်နယ်အဆင့်ကနေ စတင်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲဲမှာ ရီးရဲလ်မက်ရစ်အသင်းကလည်း ပြိုင်ပွဲဝင်အသင်းအဖြစ် ပါဝင်ဆင်နွဲသွားမှာဖြစ်ပြီးတော့ ဗလန်စီယာအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ကာ ဗိုလ်စွဲဲဖို့ ဒုတိယနေရာမှာ ရေပန်းစားလို့နေပါတယ်။
Photo Credit : Squawka
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲဲ့တဲ့ တနင်းလာနေ့ကမှ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာခဲဲ့တာဖြစ်ပေမယ့်လည်း ဆော်ဒီကို ရောက်ရှိလာတဲ့ လူစာရင်းမှာတော့ ရီးရဲလ်ရဲ့အဓိကတိုက်စစ်ကစားသမားကြီးဖြစ်တဲ့ ကာရင်ဘန်ဇီမာနဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တို့ ပါဝင်လာခြင်းမရှိတာကို သတိထားတွေ့မြင်ခဲ့ရတာကြောင့် ဒီပြိုင်ပွဲအတွင်း ရီးရဲလ်တိုက်စစ်ပိုင်းမှာ လူငယ်တိုက်စစ်မှူးလေး လူကာဂျိုဗစ်ရဲ့အခန်းကဏ္ဍာက အရေးအပါဆုံး ဖြစ်လာနိုင်တာကို ခန့်မှန်းယူဆလာမိခဲ့ပါတယ်။
Photo Credit : Tribuna.com
ဘန်ဇီမာဟာ မကြာသေးခင်ကမှ ကစားသွားခဲ့တဲ့ ဂီတာဖေးအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ပါဝင်ကစားသွားခဲ့ပေမယ့် ကြွက်သားဒဏ်ရာကြောင့် အခုပြိုင်ပွဲအတွက် လွဲချော်သွားခဲ့ရတာဖြစ်ပါတယ်။ အသက်၂၂နှစ်အရွှယ် ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဂျိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီမှ ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲဲ့ဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပွဲဲထွက်ကစားခွင့်တွေ အလွန်နည်းပါးနေပြီး စပိန်လာလီဂါမှာ ပွဲစဉ်၃ပွဲပဲ ပွဲဲထွက်ကစားခဲ့ရသလို သွင်းဂိုးလည်း ၁ဂိုးပဲ ရယူနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် ပွဲထွက်ကစားခွင့် နည်းပါးနေရတဲ့ ဂျိုဗစ်ဟာ အခုဆိုရင် ဘန်ဇီမာမပါနိုင်တဲ့ ရီးရဲလ်အသင်းနဲ့ တိုက်စစ်ပိုင်းမှာ တစ်ဦးတည်းသော အထောင်တိုက်စစ်ကစားသမားအဖြစ် ပါဝင်ကစားရတော့မယ့်အချိန်မှာ သူရဲ့အရည်အသွေး အစစ်အမှန်ကို ချပြရမယ့် အချိန်ဖြစ်နေလို့ အကောင်းဆုံးအသုံးချနိုင်မလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ ဗလင်စီယာနဲ့ ရီးရဲလ်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ မနက်ဖြန်မနက်အစောပိုင်း ၁နာရီခွဲမှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။