စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲနဲ့ပတ်သက်ပြီး လတ်တလောမှာ ရရှိထားတဲ့ သတင်းထူးသတင်းဦးတွေထဲကမှ စိတ်ဝင်စားစဖွယ်ကောင်းတဲဲ့ သတင်းတွေကို စုစည်းပြီး MySport Myanmar ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

“ရီးရဲလ်ရဲ့ကမ်းလှမ်းချက်ကို လက်ခံရရှိနေပြီလို့ ကျွန်တော်ရဲ့အေးဂျင့်က ကျွန်တော့်ကို လာရောက်အကြောင်းကြားစဉ်တုန်းက ကျွန်တော်လုံးဝကို မယုံကြည်ခဲ့ဘူး။ ဒါသက်သက်မဲ့ စနောက်နေတာပဲဖြစ်မယ်လို့” ထင်မြင်မိခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား လူကာဂျိုဗစ်က ထုတ်ဖော်ပြောဆိုသွားခဲဲ့ပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာအသင်းရဲဲ့ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်က သူရဲ့ဘာစီလိုနာကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ စိတ်ကျေနပ်စရာကောင်းအောင် ကစားနိုင်ခဲ့ကာ ဒီထက်ပိုကောင်းလည်း ကစားနိုင်သေးကြောင်းနဲ့ ဘာစီလိုနာအသင်းအနေနဲ့ကလည်း လက်ရှိအနေအထားအရဆိုရင် ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ဖွယ်ရှိတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

ဘီလ်ဘာအိုအသင်းဟာ သူတို့အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ဂိုးသမားဖြစ်သူ ကယ်ပါအနေနဲ့ လက်ရှိသူရဲ့အသင်း ချယ်လ်ဆီးမှာ လက်စွမ်းပြသနိုင်ခြင်းမရှိလို့ နေရာပါပျောက်ဆုံးလာခဲ့ရတဲ့အပေါ်မှာ ကယ်ပါအခြေအနေကို စောင့်ကြည့်လျက်ရှိပြီး ပြန်လည်ခေါ်ယူမှုတောင် ပြုလုပ်လာဖွယ်ရှိနေပါတယ်။ စပိန်လက်ရွေးစင်ဂိုးသမားဖြစ်သူ ကယ်ပါဟာ ၂၀၁၈ခုနှစ်ကမှ ဘီလ်ဘာအိုကနေ ချယ်လ်ဆီးအသင်းဆီကို ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်ရ၂သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ရီးရဲလ်အသင်းရဲဲ့ညာနောက်ခံကစားသမားဖြစ်သူ ကာဗာဟယ်ဟာ ဒဏ်ရာအခြေအနေကြောင့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ဆန်းဆင်းရမယ့် အစီအစဉ်ကို လွဲဲချော်ခဲ့ရပေမယ့်လည်း ကြားရက်မှာ ကစားရမယ့် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။