ဘာစီလိုနာအသင်းမှာ အနာဂတ်မရှိတော့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ အသင်းပြောင်းဖို့ စီစဉ်လျက်ရှိနေပြီး လတ်တလောမှာတော့ ဆွာရက်ဇ်ကို အီတလီစီးရီးအေချန်ပီယံဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေကာ စပိန်သတင်းစာ Marca ကနေ ထုတ်ပြန်လာခဲ့တဲ့ သတင်းတွေအရ ဂျုဗင်တပ်စ်အသင်းအနေနဲ့ ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : GiveMeSport

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးတိုက်စစ်ကစားသမားကြီးဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ (၆)နှစ်တာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ တစ်ရာသီအတွင်း ဆုဖလား(၃)လုံးအထိပါ အရယူနိုင်ခဲ့ကာ သွင်းဂိုးများစွာကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ကို နည်းပြသစ်ရော်နယ်ကိုးမန်းက အသင်းကို တာဝန်ယူရတဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆွာရက်ဇ်က သူရဲ့အနာဂတ်စီမံကိန်းထဲမှာ မပါဝင်တော့တာပဲ အသင်းသစ်တစ်သင်းကို ရှာဖွေထားသင့်ပြီလို့ လှမ်းအသိပေးခဲ့တာကြောင့် ဆွာရက်ဇ်အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : GiveMeSport

ဆွာရက်ဇ်ကို အသက်လက်တီကိုမက်ဒရစ်အသင်း ပီအက်စ်ဂျီအသင်းနဲ့ အင်တာမိုင်ယာမီအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားခဲ့ကြပေမယ့် ဒီအသင်းတွေအာလုံးထက် ဂျုဗင်တပ်စ်အသင်းက ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ကာ ကစားသမားနဲ့ပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကိုပါ ရယူနိုင်ခဲ့တယ်လို့ စပိန်သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းတွေမတိုင်ခင်ကလည်း ဆွာရက်ဇ်ဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ဒုဥက္ကဌဖြစ်သူ နက်ဗက်နဲ့လည်း နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဖြစ်ခဲ့ပြီး ဆွာရက်ဇ်ကိုယ်တိုင်ကပါ ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားခဲ့ပြီး သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖွယ် ရှိနေတဲ့အတွက် ဂျုဗင်တပ်စ်ဘက်ကနေ ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေးပေးစရာ မလိုအပ်ပဲ တစ်ပတ်လုပ်ခကိုပဲ ယူရို(၁၀)သန်းကိုသာ ပေးချေရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဆွာရက်ဇ်သာ ဘာစီလိုနာကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ဂျုဗင်တပ်စ်တိုက်စစ်မှာ ရော်နယ်ဒို ဆွာရက်ဇ် ဒီဘားလားတို့ တိုက်စစ်ကစားသမား(၃)ဦးနဲ့ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်အစုအဖွဲ့ဖြစ်လာတော့မှာ သေချာနေပါတယ်။