MySport Myanmar

မီလန်ကို ရှုံးခဲ့ရတဲ့ ပွဲက တင်းနစ်ပွဲနဲ့တောင် တူနေတယ်လို့ အင်းနရစ် ဆို

အေစီမီလန်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဟာ ဘောလုံးပွဲတစ်ပွဲထက် တင်းနစ်ပွဲတစ်ပွဲလို ဖြစ်နေရပြီး သူတို့အသင်းအနေနဲ့ မီလန်ကို နိုင်ပွဲရအောင် ကူညီပေးလိုက်သလိုပါ ဖြစ်နေတယ်လို့ ပီအက်စ်ဂျီ နည်းကြ လူးဝစ် အင်းနရစ်က ပြောဆိုခဲ့ပါတယ်။

မနေ့ညက မီလန်မြို့ရှိ ဆန်စီယိုကွင်းမှာ အေစီမီလန် နဲ့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင် မီလန်အသင်းက ရာဖယ် လီယာအို ၊ အိုလီဗီယာ ဂျရူးတို့ သွင်းဂိုးတွေနဲ့ comeback နိုင်ပွဲကိုရော ဒီရာသီရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် နိုင်ပွဲကိုပါ စတင် ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : New Straits Time

ဒီရှုံးပွဲကြောင့် ပီအက်စ်ဂျီဟာ အုပ်စု ပထမနေရာကို ဒေါ့မွန် အသင်းဆီ လွှဲပြောင်းပေးခဲ့ရပြီး ရမှတ် (၆)မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာသာ ရပ်တည်နေရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ နည်းပြ အင်းနရစ်က “ကျွန်တော်တို့ ကစားခဲ့တဲ့ ကစားပုံကို သဘောကျမိတယ်။ ပြီးတော့ ကျွန်တော်တို့ အဖွင့်ဂိုး သွင်းယူတယ်။ အခွင့်အရေးတွေလည်း များစွာ ရရှိခဲ့တယ်။”

“ပြသာနာက ကျွန်တော်တို့က ပွဲကို ရူးသွပ်သွားအောင် ကူညီပေးလိုက်တာပါပဲ။ ဒါက ဘာကို ပြောချင်တာလဲဆိုတော့ ပွဲက ဘောလုံးပွဲ မဟုတ်တော့ပဲ တင်းနစ်ပွဲလို ဖြစ်နေတာမျိုးပါ။ အစကနေ အဆုံးထိ တိုက်စစ်ပြီး တိုက်စစ် ကစားနေတာ။ ဒီလို ပုံစံမျိုးကို ကျွန်တော် သဘောမကျပါဘူး။”

Photo Credit : Eurosport

“ကီလီယန် အမ်ဘာပေက ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ (၂)ကြိမ် (၃)ကြိမ်လောက် ရှိပါတယ်။ ဒမ်ဘီလီရော အတူတူပါပဲ။ မီလန်တို့ ပွဲကို ဦးဆောင်ပြီးတဲ့နောက်မှာ သူတို့တွေရဲ့ ခံစစ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ကစားလာတော့ ပွဲက ပိုပြီး ခက်သထက် ခက်ခဲလာရော။ အတော်လေး ဟန်ချက်ညီတဲ့ပွဲ ဖြစ်သွားခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက မီလန်ကို ရှုံးခဲ့ချိန် ဒီပွဲမတိုင်ခင် နယူးကာဆယ်ကို အနိုင်ရထားခဲ့တဲ့ ဒေါ့မွန်က ရမှတ် (၇)မှတ်နဲ့ အုပ်စု (F)ရဲ့ အုပ်စုဗိုလ်အဖြစ် ဦးဆောင်လို့နေပြီး ဒေါ့မွန်ရဲ့နောက်မှာတော့ ပီအက်စ်ဂျီက (၆)မှတ် အေစီမီလန်က (၅)မှတ် နယူးကာဆယ် (၄)မှတ်နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

Exit mobile version