ကာရီးယပ်စ်လို့ ကြားလိုက်တာနဲ့ လီဗာပူးလ်အသင်း ပရိသတ်တွေအပြင် ဘောလုံးပရိသတ်တွေအားလုံး ပြေးမြင်မိတာက ၂၀၁၈ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်က လက်သင့်မခံနိုင်လောက်စရာ အမှားတွေ ကျူးလွန်မိခဲ့တဲ့ လီဗာပူးလ်ဂိုးသမားကို ပြေးမြင်မိမှာ သေချာပါတယ်။ သူရဲ့အမှားတွေကြောင့် လီဗာပူးလ်အသင်းလည်း အဲ့ဒီရာသီက ချန်ပီယံလိဂ်မှာ ဒုတိယပဲ ရရှိခဲ့သလို အဲ့ဒီရာသီအပြီးမှာပဲ အယ်လီဆန်ကို ရိုးမားကနေ ခေါ်ယူခဲ့ပြီး ကာရီးယပ်စ်ရဲ့ လီဗာပူးလ်ကစားသမားဘဝက အဆုံးသတ်လုနီးပါးကို ဖြစ်သွားခဲ့ရပါတယ်။

Loris Karius pictured playing for Liverpool in 2016

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဂျာမနီဂိုးသမား ကာရီးယပ်စ်ဟာ ဘွန်ဒစ်လီဂါကလပ် မိန့်ဇ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ၂၀၁၆ခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ နံပါတ်တစ်ဂျာစီကိုပါ ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။ သူရဲ့ပထမရာသီမှာ အသင်းအတွက် (၁၆)ပွဲသာ ပါဝင်ခဲ့ရပေမယ့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာတော့ ပွဲကစားခွင့်တွေ များစွာရရှိခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖိုင်နယ် အပါအဝင် ပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ရကာ ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာပဲ သူရဲ့အမှားတွေက လီဗာပူးလ်အတွက် အတော်လေးကို နစ်နာစေခဲ့ရတဲ့ အမှားတွေ ဖြစ်ခဲ့ရလို့ အဲ့ဒီဘောလုံးရာသီအပြီးမှာပဲ လီဗာပူးလ်က အယ်လီဆန်ကို ခေါ်ယူခဲ့သလို ကာရီးယပ်စ်ကိုလည်း အငှားချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Loris Karius stunned fans with his amazing body transformation

Photo Credit : The Sun

လီဗာပူးလ်အသင်းဟာ ကာရီးယပ်စ်ကို တူရကီကလပ် ဘက်ဆစ်တက်အသင်းဆီ (၂)ရာသီအထိ အငှားချခဲ့ပြီး ကာရီးယပ်စ်ဟာလည်း ဘက်ဆစ်တက်အသင်းအတွက် (၂)ရာသီအတွင်း (၆၇)ပွဲအထိကို ပါဝင်ခဲ့ရပေမယ့်လည်း အပြီးသတ် ပြောင်းရွှေ့ခဲ့ရခြင်းမရှိပဲ ဘွန်ဒစ်လီဂါကလပ် အူန်ယွန်းဘာလင်အသင်းဆီသာ အငှားနဲ့ပဲ ထပ်မံပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။ ဒါပေမယ့်လည်း အူန်ယွန်းမှာ ဘွန်ဒစ်လီဂါ (၄)ပွဲသာ ကစားခွင့်ရခဲ့တဲ့ ကာရီးယပ်စ်က သူရဲ့မူလကလပ် လီဗာပူးလ်အသင်းဆီကိုသာ ပြန်လည်ရောက်လာခဲ့ရပြီး လီဗာပူးလ်မှာ ပွဲထွက်ကစားခွင့်တွေ ဆက်လက်ပျောက်ဆုံးနေခဲ့ရပါတယ်။ ဒီလို တစ်ရာသီလုံးနီးပါး တစ်ပွဲတစ်လေတောင် ကစားခွင့်မရှိတဲ့ ကာရီးယပ်စ်က အသင်းရဲ့ gym room မှာ သူရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် လက်မောင်းတွေ ရင်ဘတ်တွေ တင်းတင်းရင်းရင်း ဖြစ်လာခဲ့ရပြီး သူရဲ့အသွင်အပြင် ပြောင်းလဲလာမှုအပေါ် ပရိသတ်တွေက Terminator Superman အစရှိတဲ့ စွမ်းအားရှင်တွေနဲ့ပါ ခိုင်းနှိုင်းပြောဆိုလာခဲ့ပါတယ်။ ကာရီးယပ်စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာပဲ ဖြစ်ပါတယ်။