လက္ရွိေဘာလုံးေလာကမွာ နည္းျပေတြရဲ့ အခန္းကဏၰဟာ အေရးႀကီးလာသလိုမ်ိဳး ၊ အနာဂတ္ဟာလည္း မေရရာ မေသခ်ာတဲ့ အေနအထားမွာ ရွိေနပါတယ္။ ပရိသတ္ေတြဟာ မိမိအားေပးတဲ့အသင္းကို ဆုဖလားေအာင္ျမင္မွုေတြ ရရွိဖို႔အတြက္ တြန္းအားေပးလာတဲ့အခ်ိန္မွာ ေအာင္ျမင္မွုေတြ မရရွိရင္ အသင္းကို တိုးတက္ေအာင္ လုပ္ေပးနိုင္ခဲ့ေပမယ့္ အသင္းက ထြက္ခြာရမယ္ဆိုတာကို အာစင္ဝင္းဂါးနဲ႔ ပိုခ်က္တီနိုတို႔က သက္ေသျပထားပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ကၽြန္ေတာ္က အသင္းတစ္သင္းကို အခ်ိန္အၾကာဆုံး ကိုင္တြယ္ခဲ့တဲ့ နည္းျပသုံးဦးစာရင္းကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit: Standard.com

ဖာဂူဆန္ ( ယူနိုက္တက္ )

မန္ခ်က္စတာယူနိုက္တက္အသင္းကို ဥေရာပရဲ့ လူရိုေသ ရွင္ရိုေသအသင္းျဖစ္လာေအာင္ ဦးေဆာင္နိုင္ခဲ့သလို ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အသင္းရဲ့ ေအာင္ျမင္မွုအမ်ားဆုံး စံခ်ိန္ကို ေက်ာ္ျဖတ္ျပခဲ့တဲ့ ဖာဂူဆန္ဟာ ေဘာလုံးသမိုင္းေၾကာင္းတစ္ေလၽွာက္မွာေတာ့ အေကာင္းဆုံး နည္းျပတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူပ​ဲ ျဖစ္ပါတယ္။ ဖာဂူဆန္ဟာ ယူနိုက္တက္အသင္းကို ၂၇ႏွစ္ၾကာေအာင္ နည္းျပခဲ့သူပါ။

Photo Credit: Standard.com

ေဘလ္ စထရပ္ ( ရိန္းဂ်ား )

ရိန္းဂ်ားအသင္းကို ၁၉၂၀ ခုႏွစ္ကေန ၁၉၅၄ခုႏွစ္အထိ ကိုင္တြယ္ခဲ့တဲ့ စထရပ္ဟာ ရိန္းဂ်ားအသင္းရဲ့ ထာဝရအေကာင္းဆုံးနည္းၿပ အျဖစ္ သတ္မွတ္ခံထားရသူပါ။ စထရပ္ဟာ ရိန္းဂ်ားအသင္းကို ၃၃ႏွစ္တိုင္တိုင္ နည္းျပခဲ့သူလည္း ျဖစ္ပါတယ္။

Photo Credit: Standard.com

ဝီလီ မယ္လ္လီ ( ဆဲလ္တစ္ )

ဆဲလ္တစ္အသင္းကို စေကာ့တလန္လိဂ္မွာ ၿပိဳင္ဘက္ကင္းအသင္းျဖစ္လာေအာင္ ႀကိဳးစားေပးခဲ့သူကေတာ့ ဂႏၲဝင္နည္းျပႀကီး မယ္လ္လီပဲ ျဖစ္ပါတယ္။ မယ္လ္လီဟာ ၁၈၉၇ခုႏွစ္ကေန ၁၉၄၀ခုႏွစ္အထိ ကိုင္တြယ္ခဲ့သူျဖစ္ၿပီး ရိန္းဂ်ားအသင္းနည္းၿပ စထရပ္နဲ႔ အေကာင္းဆုံး ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့သူပါ။ မယ္လ္လီဟာ ဆဲလ္တစ္အသင္းကို ၄၃ႏွစ္ၾကာေအာင္ နည္းျပခဲ့သူပါ။

လက်ရှိဘောလုံးလောကမှာ နည်းပြတွေရဲ့ အခန်းကဏ္ဏဟာ အရေးကြီးလာသလိုမျိုး ၊ အနာဂတ်ဟာလည်း မရေရာ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပရိသတ်တွေဟာ မိမိအားပေးတဲ့အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရရှိဖို့အတွက် တွန်းအားပေးလာတဲ့အချိန်မှာ အောင်မြင်မှုတွေ မရရှိရင် အသင်းကို တိုးတက်အောင် လုပ်ပေးနိုင်ခဲ့ပေမယ့် အသင်းက ထွက်ခွာရမယ်ဆိုတာကို အာစင်ဝင်းဂါးနဲ့ ပိုချက်တီနိုတို့က သက်သေပြထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်က အသင်းတစ်သင်းကို အချိန်အကြာဆုံး ကိုင်တွယ်ခဲ့တဲ့ နည်းပြသုံးဦးစာရင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Standard.com

ဖာဂူဆန် ( ယူနိုက်တက် )

မန်ချက်စတာယူနိုက်တက်အသင်းကို ဥရောပရဲ့ လူရိုသေ ရှင်ရိုသေအသင်းဖြစ်လာအောင် ဦးဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုအများဆုံး စံချိန်ကို ကျော်ဖြတ်ပြခဲ့တဲ့ ဖာဂူဆန်ဟာ ဘောလုံးသမိုင်းကြောင်းတစ်လျှောက်မှာတော့ အကောင်းဆုံး နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပ​ဲ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ၂၇နှစ်ကြာအောင် နည်းပြခဲ့သူပါ။

Photo Credit: Standard.com

ဘေလ် စထရပ် ( ရိန်းဂျား )

ရိန်းဂျားအသင်းကို ၁၉၂၀ ခုနှစ်ကနေ ၁၉၅၄ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ စထရပ်ဟာ ရိန်းဂျားအသင်းရဲ့ ထာဝရအကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံထားရသူပါ။ စထရပ်ဟာ ရိန်းဂျားအသင်းကို ၃၃နှစ်တိုင်တိုင် နည်းပြခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

ဝီလီ မယ်လ်လီ ( ဆဲလ်တစ် )

ဆဲလ်တစ်အသင်းကို စကော့တလန်လိဂ်မှာ ပြိုင်ဘက်ကင်းအသင်းဖြစ်လာအောင် ကြိုးစားပေးခဲ့သူကတော့ ဂန္တဝင်နည်းပြကြီး မယ်လ်လီပဲ ဖြစ်ပါတယ်။ မယ်လ်လီဟာ ၁၈၉၇ခုနှစ်ကနေ ၁၉၄၀ခုနှစ်အထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ရိန်းဂျားအသင်းနည်းပြ စထရပ်နဲ့ အကောင်းဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့သူပါ။ မယ်လ်လီဟာ ဆဲလ်တစ်အသင်းကို ၄၃နှစ်ကြာအောင် နည်းပြခဲ့သူပါ။