စပါးအသင္းဟာ ကြင္းလယ္လူ အဲရစ္ဆင္ကုိ ေပါင္ (၁၇.၅) သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္ ရီးရဲလ္ဘက္တစ္အသင္းကေန အငွားနဲ႔ ေခၚယူခဲ့တဲ့ ကြင္းလယ္လူ ဆယ္လ္ဆုိကုိ အျမဲတမ္း ကစားသမားအျဖစ္ စာခ်ဳပ္ ခ်ဳပ္ဆုိသြားခဲ့ပါတယ္။ ကြင္းလယ္လူ အဲရစ္ဆင္ဟာ တနလၤာေန႔က အင္တာမီလန္ အသင္းနဲ႔ ေဆးစစ္ဖုိ႔အတြက္ အီတလီႏုိင္ငံကုိ သြားေရာက္ခဲ့ၿပီး ေဆးစစ္မႈ ေအာင္ျမင္ခဲ့တာေၾကာင့္ အင္တာမီလန္အသင္းနဲ႔ လာမယ့္ (၂၀၂၄) ခုႏွစ္ ဇြန္လအထိ စာခ်ဳပ္ ခ်ဳပ္ဆုိသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: DailyMail

အင္တာမီလန္အသင္းဟာ စပါးအသင္း ေတာင္းဆုိထားတဲ့ ေျပာင္းေရြ႕ေၾကး ေပါင္ (၁၇.၅) သန္းကုိ ညွိႏႈိင္းဖုိ႔ ေမွ်ာ္လင့္ခဲ့ေပမဲ့လည္း အေျပာင္းအေရြ႕ ေစ်းကြက္ မပိတ္ခင္မွာ ေခၚယူခ်င္ေနတာေၾကာင့္ အျပည့္ ေပးခဲ့တာ ျဖစ္ပါတယ္။ စပါးအသင္းဟာ ကြင္းလယ္လူ အဲရစ္ဆင္ကုိ ေရာင္းခ်ၿပီးတဲ့ေနာက္ အျခား ကြင္းလယ္လူ ဆယ္လ္ဆုိကုိ အငွား ကစားသမားအျဖစ္ကေန အျမဲတမ္း ကစားသမားအျဖစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိခဲ့ၿပီး ဆယ္လ္ဆုိနဲ႔ လာမယ့္ (၂၀၂၅) ခုႏွစ္အထိ စာခ်ဳပ္သစ္ ထပ္တုိးခဲ့ပါတယ္။

Photo Credit: DailyMail

ဆယ္လ္ဆုိဟာ လက္ရွိရာသီမွာ စပါးအသင္းအတြက္ ၿပိဳင္ပဲြစုံ (၂၀) ပဲြ ကစားၿပီးရာမွာ သြင္းဂုိး (၂) ဂုိး သြင္းယူထားၿပီး အခုလ အေစာပုိင္းက မစ္ဒယ္ဘေရာ့အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအ ဖလားပဲြစဥ္မွာ စပါးအသင္းအတြက္ ပထမဆုံးဂုိး သြင္းယူခဲ့ပါတယ္။ ကြင္းလယ္လူ အဲရစ္ဆင္ဟာ စပါးအသင္းကို လြန္ခဲ့တဲ့ (၂၀၁၃) ခုႏွစ္၊ ၾသဂုတ္လက ေအဂ်က္အသင္းကေန ေရာက္ရွိလာခဲ့ၿပီး စပါး အသင္းအတြက္ ၿပိဳင္ပဲြစုံ (၃၀၅) ပဲြ ကစားထားရာမွာ သြင္းဂုိး (၆၉) ဂုိး သြင္းယူခဲ့တာ ျဖစ္ပါတယ္။

{Unicode}

စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို ပေါင် (၁၇.၅) သန်းနဲ့ ရောင်းချခဲ့ပြီးတဲ့နောက် ရီးရဲလ်ဘက်တစ်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဆယ်လ်ဆိုကို အမြဲတမ်း ကစားသမားအဖြစ် စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။ ကွင်းလယ်လူ အဲရစ်ဆင်ဟာ တနင်္လာနေ့က အင်တာမီလန် အသင်းနဲ့ ဆေးစစ်ဖို့အတွက် အီတလီနိုင်ငံကို သွားရောက်ခဲ့ပြီး ဆေးစစ်မှု အောင်မြင်ခဲ့တာကြောင့် အင်တာမီလန်အသင်းနဲ့ လာမယ့် (၂၀၂၄) ခုနှစ် ဇွန်လအထိ စာချုပ် ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: DailyMail

အင်တာမီလန်အသင်းဟာ စပါးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ပေါင် (၁၇.၅) သန်းကို ညှိနှိုင်းဖို့ မျှော်လင့်ခဲ့ပေမဲ့လည်း အပြောင်းအရွေ့ ဈေးကွက် မပိတ်ခင်မှာ ခေါ်ယူချင်နေတာကြောင့် အပြည့် ပေးခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို ရောင်းချပြီးတဲ့နောက် အခြား ကွင်းလယ်လူ ဆယ်လ်ဆိုကို အငှား ကစားသမားအဖြစ်ကနေ အမြဲတမ်း ကစားသမားအဖြစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဆယ်လ်ဆိုနဲ့ လာမယ့် (၂၀၂၅) ခုနှစ်အထိ စာချုပ်သစ် ထပ်တိုးခဲ့ပါတယ်။

Photo Credit: DailyMail

ဆယ်လ်ဆိုဟာ လက်ရှိရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၀) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၂) ဂိုး သွင်းယူထားပြီး အခုလ အစောပိုင်းက မစ်ဒယ်ဘရော့အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေ ဖလားပွဲစဉ်မှာ စပါးအသင်းအတွက် ပထမဆုံးဂိုး သွင်းယူခဲ့ပါတယ်။ ကွင်းလယ်လူ အဲရစ်ဆင်ဟာ စပါးအသင်းကို လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ်၊ သြဂုတ်လက အေဂျက်အသင်းကနေ ရောက်ရှိလာခဲ့ပြီး စပါး အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၆၉) ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။