ဘရိုက္တန္အသင္းကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက သုံးဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေဘာလုံးထြက္ဖမ္းရာကေန အက်မေတာ္တာေၾကာင့္ ျပင္းထန္တဲ့ တံေတာင္ဆစ္ဒဏ္ရာနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ စပါးအသင္းေခါင္းေဆာင္ ဟူဂိုလိုရစ္ရဲ့ ဒဏ္ရာေၾကာင့္ အနားယူရမယ့္အခ်ိန္ကာလကို စပါးအသင္းက ထုတ္ျပန္သြားခဲ့ပါတယ္။ အသက္၃၂ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ဟူဂိုလိုရစ္ဟာ ျပင္သစ္အသင္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ရဲ့ အဓိက ဂိုးသမားတစ္ဦးျဖစ္တာေၾကာင့္ ႏွစ္သင္းစလုံးဟာ ႀကီးမားတဲ့အားနည္းခ်က္ေတြနဲ႔ ရင္ဆိုင္ေတာ့ရမွာလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

လိုရစ္ဟာ ဘရိုက္တန္အသင္းနဲ႔ပြဲစဥ္မွာ ပြဲအစ ၂မိနစ္မွာပဲ တစ္ဖက္ ကစားသမားတစ္ဦးရဲ့ ျဖတ္တင္ေဘာေပးပို႔မွုကို ထြက္ဖမ္းရာမွ အက်မေတာ္ျဖစ္ကာ တံေတာင္ဆစ္လည္သြားခဲ့တာျဖစ္ၿပီး ဘရိုက္တန္အသင္းဟာလည္း အဆိုပါအခြင့္အေရးကေန စပါးအသင္းဘက္ကို ဦးေဆာင္ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ လိုရစ္ဒဏ္ရာ ရရွိခဲ့တာဟာ ကစားသမားေပါမ်ားတဲ့ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ အခက္အခဲမဟုတ္ေပမယ့္ စီနီယာဂိုးသမားႏွစ္ဦးသာရွိတဲ့ စပါးအသင္းအတြက္ေတာ့ ႀကီးမားတဲ့အခက္အခဲျဖစ္ၿပီး လိုရစ္ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့အခ်ိန္မွာ အရန္ဂိုးသမား ဂါဇာနီဂါဟာ စပါးအသင္းရဲ့ဂိုးေပါက္ကို တာဝန္ယူရလိမ့္မယ္လို႔ သိရပါတယ္။

Photo Credit: Express.com

လိုရစ္နဲ႔ပတ္သတ္ၿပီး စပါးအသင္းရဲ့ ထုတ္ျပန္ေၾကညာမွုမွာေတာ့ ” ဟူဂုိဟာ လက္ရွိအခ်ိန္မွာ ႀကီးမားတဲ့ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။ အခုခ်ိန္ကစၿပီးေတာ့ ေန႔ရက္တိုင္းဟာ ေဆးစစ္မွုေတြ ၊ ေဆးကုသမွုေတြနဲ႔ ျပည့္ႏွက္ေနေတာ့မွာပါ။ သူ႔ရဲ့ဒဏ္ရာအေျခအေနနဲ႔ ေဆးကုသမွုမွတ္တမ္းေတြကိုေတာ့ ကၽြန္ေတာ္တို႔အသင္းရဲ့ဆရာဝန္ေတြက အျမဲတမ္း ေလ့လာေနမွာျဖစ္ၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို စနစ္တက်လုပ္ေဆာင္သြားမွာပါ ” လို႔ ပါဝင္ခဲ့ပါတယ္။

Photo Credit: Express.com

လိုရစ္ရဲ့ ဒဏ္ရာအေျခအေနနဲ႔ပတ္သတ္ၿပီး ျပင္သစ္နည္းၿပ ဒက္ခ်မ့္ကေတာ့ ” သူက လိုအပ္တဲ့ ေဆးစစ္မွုေတြကိုေတာ့ ခံယူခဲ့ၿပီးပါၿပီ။ ဘယ္ေလာက္ၾကာၾကာ နားရမလဲဆိုတာကို အတိအက်ေျပာဖို႔ကေတာ့ ခဲယဥ္းမယ့္ အေနအထားပါပဲ။ ကၽြန္ေတာ္ကလည္း အရိုးနဲ႔ပတ္သတ္ၿပီး ကၽြမ္းက်င္သူမဟုတ္ဘူးေလ။ ကၽြန္ေတာ္တို႔အားလုံး သိထားၾကသလိုပါပဲ သူဟာ အခ်ိန္အတန္ၾကာေအာင္ နားရေတာ့မွာပါ။ ၂ဝ၁၉အတြင္းမွာေတာ့ သူ႔ကို ျမက္ခင္းစိမ္းေပၚမွာ ျပန္ျမင္ရဖြယ္မရွိေတာ့ပါဘူး။ သူ႔ရဲ့ ပ်က္ကြက္မွုက ကၽြန္ေတာ္တို႔အသင္းအတြက္ ဆိုးဝါးတဲ့အရာတစ္ခုပါ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ဘရိုက်တန်အသင်းကို တော့တင်ဟမ်ဟော့စပါးအသင်းက သုံးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဥ်မှာ ဘောလုံးထွက်ဖမ်းရာကနေ အကျမတော်တာကြောင့် ပြင်းထန်တဲ့ တံတောင်ဆစ်ဒဏ်ရာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပါးအသင်းခေါင်းဆောင် ဟူဂိုလိုရစ်ရဲ့ ဒဏ်ရာကြောင့် အနားယူရမယ့်အချိန်ကာလကို စပါးအသင်းက ထုတ်ပြန်သွားခဲ့ပါတယ်။ အသက်၃၂နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဟူဂိုလိုရစ်ဟာ ပြင်သစ်အသင်းနဲ့ တော့တင်ဟမ်ေဟာ့စပါးအသင်းတို့ရဲ့ အဓိက ဂိုးသမားတစ်ဦးဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ ကြီးမားတဲ့အားနည်းချက်တွေနဲ့ ရင်ဆိုင်တော့ရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

လိုရစ်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဥ်မှာ ပွဲအစ ၂မိနစ်မှာပဲ တစ်ဖက် ကစားသမားတစ်ဦးရဲ့ ဖြတ်တင်ဘောပေးပို့မှုကို ထွက်ဖမ်းရာမှ အကျမတော်ဖြစ်ကာ တံတောင်ဆစ်လည်သွားခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းဟာလည်း အဆိုပါအခွင့်အရေးကနေ စပါးအသင်းဘက်ကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လိုရစ်ဒဏ်ရာ ရရှိခဲ့တာဟာ ကစားသမားပေါများတဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အခက်အခဲမဟုတ်ပေမယ့် စီနီယာဂိုးသမားနှစ်ဦးသာရှိတဲ့ စပါးအသင်းအတွက်တော့ ကြီးမားတဲ့အခက်အခဲဖြစ်ပြီး လိုရစ်ဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန်မှာ အရန်ဂိုးသမား ဂါဇာနီဂါဟာ စပါးအသင်းရဲ့ဂိုးပေါက်ကို တာဝန်ယူရလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: Express.com

လိုရစ်နဲ့ပတ်သတ်ပြီး စပါးအသင်းရဲ့ ထုတ်ပြန်ကြေညာမှုမှာတော့ ” ဟူဂုိဟာ လက်ရှိအချိန်မှာ ကြီးမားတဲ့ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အခုချိန်ကစပြီးတော့ နေ့ရက်တိုင်းဟာ ဆေးစစ်မှုတွေ ၊ ဆေးကုသမှုတေွနဲ့ ပြည့်နှက်နေတော့မှာပါ။ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ ဆေးကုသမှုမှတ်တမ်းတွေကိုတော့ ကျွန်တော်တို့အသင်းရဲ့ဆရာဝန်တွေက အမြဲတမ်း လေ့လာနေမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်တွေကို စနစ်တကျလုပ်ဆောင်သွားမှာပါ ” လို့ ပါဝင်ခဲ့ပါတယ်။

Photo Credit: Express.com

လိုရစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး ပြင်သစ်နည်းပြ ဒက်ချမ့်ကတော့ ” သူက လိုအပ်တဲ့ ဆေးစစ်မှုတွေကိုတော့ ခံယူခဲ့ြပီးပါပြီ။ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာကို အတိအကျပြောဖို့ကတော့ ခဲယဥ်းမယ့် အနေအထားပါပဲ။ ကျွန်တော်ကလည်း အရိုးနဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူမဟုတ်ဘူးလေ။ ကျွန်တော်တို့အားလုံး သိထားကြသလိုပါပဲ သူဟာ အချိန်အတန်ကြာအောင် နားရတော့မှာပါ။ ၂ဝ၁၉အတွင်းမှာတော့ သူ့ကို မြက်ခင်းစိမ်းပေါ်မှာ ပြန်မြင်ရဖွယ်မရှိတော့ပါဘူး။ သူ့ရဲ့ ပျက်ကွက်မှုက ကျွန်တော်တို့အသင်းအတွက် ဆိုးဝါးတဲ့အရာတစ်ခုပါ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။