မနေ့ညက တစ်ပွဲတည်းကစားသွားခဲ့တဲ့ စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၃) ပွဲစဉ်ရဲ့ ပထမပိုင်းပြီးဆုံးချိန် ကစားသမားတွေ အဝတ်လဲခန်းအတွင်း ဝင်ရောက်နေစဉ်အတွင်းမှာ စပါးအသင်းရဲ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ အသင်းခေါင်းဆောင် ဂိုးသမားကြီးဟူဂိုလိုရစ်နဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်တို့ အသင်းသားချင်း အချင်းများနေခဲ့လို့ စပါးအသင်းသားတွေ ဝင်ရောက်ဖြေဖြန်ပေးခဲ့ရပြီး ဒီဖြစ်ရပ်ကလည်း စပါးအသင်းအတွက် ရုပ်ဆိုးအကျည်းတန်စေခဲ့ပါတယ်။

Photo Credit : ABC

ပွဲအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ဝါရင့်ဂိုးသမားကြီးလိုရစ်က သူနဲ့ဆွန်ဟောင်မင်တို့ရဲ့ဖြစ်ရပ်က ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောသာဖြစ်ပြီးတော့ ဘာကြီးကြီးမားမား ပြသာနာမှမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းရဲ့နည်းပြဖြစ်သူ မော်ရင်ဟိုက သူရဲ့အသင်းသားနှစ်ယောက် အခုလို အချေအတင်ဖြစ်နေရတဲ့ မြင်ကွင်းက ကြည့်ကောင်းခဲ့တယ်လို့ပါ သုံးသပ်ပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုက “ဒါက ကျွန်တော်တို့အသင်းရဲ့ အစည်းအဝေးကိစ္စ နောက်ဆက်တွဲတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ ခင်ဗျားက ဒီဖြစ်ရပ်အတွက် တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်နေတယ်ဆိုရင်”

Photo Credit : Daily Express

“ကျွန်တော့်ကိုပဲ အပြစ်တင်နိုင်ပါတယ်။ ကျွန်တော်က သူတို့အစားပဲ ဝေဖန်ပြစ်တင်ခံသင့်တာပါ။ သူတို့ကိုယ်တိုင်ပဲဖြစ်ဖြစ် အသင်းဖော်တွေမှာပဲဖြစ်ဖြစ် လုံလောက်နေပြီလို့ မထင်မိအောင် ကျွန်တော်က အမြဲမှာကြားတယ်။ ပိုပိုပြီး ကစားပြနိုင်အောင်လည်း သူတို့ဆီကနေ ကျွန်တော်တောင်းဆိုခဲ့တယ်။ ပြီးရင် ကစားဖော်အချင်းချင်းကြားမှာ ပိုပြီးကြိုးစားအားထုတ်မှုရှိလာအောင်နဲ့ အသင်းလိုက် စည်းလုံးမှုကောင်းအောင်လည်း အသင်းသားတွေအပေါ် ဖိအားပေးတာတွေလုပ်ဖို့ ကျွန်တော်တောင်းဆိုထားတာပါ။ စကားလုံးကြမ်းကြမ်းတွေ သုံးစွဲမိတာ ပြီးတော့ တွန်းထိုးမှုတစ်ခုလား ဒါတော့ ကျွန်တော်သေချာတာ့ မသိဘူး။ ဒါတွေဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း ဒီလိုကိစ္စရပ်တွေဆိုတာက အသင်းကို ပိုပြီးတိုးတတ်ကောင်းမွန်လာဖို့အတွက်ဆိုရင် တစ်ခါတစ်လေမှာတော့ လိုအပ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က တွန်းအားတွေပေးရင်း အချင်းချင်း ဆက်ဆံရေးတွေ ပိုအားကောင်းလာမယ်။ အသင်းရဲ့ရလဒ်တွေလည်း ပိုတတ်လာနိုင်တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေပြီး အဆင့်(၄)နေရာက ချယ်လ်ဆီးအသင်းနဲ့ (၉)မှတ်အထိ ကွာဟနေတာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်လောက်ကိုပဲ အမြင့်ဆုံးထားရတော့မှာဖြစ်ပါတယ်။