ဘောလုံးသမားတွေအနေနဲ့ သူတို့ုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဘောလုံးကစားရတာဖြစ်ပြီး ဥပဒေပြင်ပ ကစားပုံကြမ်းတမ်းတာတွေ ကိုယ်အမှုအယာ နှုတ်အမှုအယာကြမ်းတမ်းတာတွေ တခုခုကို လုပ်ဆောင်မယ်ဆိုရင်တော့ အပြစ်ပေါ်မှာမူတည်ပြီး ကွင်းလယ်ဒိုင်က အဝါတက် ဒါမှမဟုတ်ရင် အနီကတ်ပြသလေ့ရှိပါတယ်။ ဘောလုံးပြိုင်ပွဲတွေမှာ ဒိုင်က ကစားသမားတစ်ယောက်ယောက်ကို အနီကတ် အဝါကတ်ပြသတာက ထုံးစံအတိုင်းပဲဆိုပေမယ့် တစ်ခါတစ်လေမှာတော့ ဒီကိစ္စက ပြောင်းပြန်ဖြစ်သွားတတ်ပြီး ကစားသမားက ဒိုင်ကအဝါကတ်ပြန်ပြတာတွေ လုပ်ဆောင်တတ်ပါတယ်။

Photo Credit : Youtube

ဒီလိုလုပ်တဲ့ ကစားသမားတွေကတော့ ကွင်းလယ်ဒိုင်ကို စနောက်ချင်တဲ့သဘောနဲ့သာ လုပ်ဆောင်ကြတာဖြစ်ပြီး အင်္ဂလန်ရဲ့နာမည်ကျော် ကစားသမားဟောင်းကြီး ပေါလ်ဂတ်စကွိုင်နီမှာလည်း လွန်ခဲ့တဲ့ ၁၉၉၅ခုနှစ်တုန်းက စကော့တလန်ကလပ် ရိန်းဂျားမှာ ကစားနေစဉ်အတွင်း ကွင်းလယ်ဒိုင်ကျကျန်ခဲဲ့တဲ့ အဝါကတ်ပြားကို လာပေးရင်းနဲ့ ဒိုင်ကိုစနောက်ပြီး အဝါကတ်ပြသလို ့ပြုမှုခဲ့ရာ ကွင်းလယ်ဒိုင်ကလည်း ဂတ်စ်ကွိုင်နီကို အဝါကတ်ပြန်လည်ပြသခဲ့ပါတယ်။ ဒါဟာ ဗြိတိန်ဘောလုံးလောကမှာ နာမည်ကျော်ခဲ့တဲ့ဖြစ်ပြီး အခုလည်း သူ့လို အပြုအမှုမျိုးကို ဂတ်စ်ကွိုင်နီရဲ့ဂျူနီယာကစားသမားလေးက လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : GiveMeSports

ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်ကမှ လီဗာပူးလ်ကနေ ဆွမ်ဆီးအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေး ရာဟန်ဘရူစတားဟာ ပရက်စတန်နော့အန့်အသင်းနဲ့ ဆွမ်ဆီးအသင်းတို့ရဲ့လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း ပါဝင်ဆင်နွဲခဲ့ရာမှာ ဆွမ်ဆီးအတွက် ချေပသွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး အသင်းကို ရှံးပွဲမတွေ့ရအောာင် ကူညီနိုင်ခဲ့သလို ပွဲချိန်အတွင်းမှာလည်း ကွင်းလယ်ဒိုင်ကို အဝါကတ်ပြား ပြသပြီးစနောက်ခဲ့ပါသေးတယ်။ ပွဲပြီးခါနီးလောက်မှာ ကွင်းလယ်ဒိုင်ဆီကနေ အဝါကတ်ပြား ကျသွားခဲ့တာကို ဘရူစတားက ကောက်ယူသွားပြန်ပေးရင်းနဲဲ့ ဒိုင်ကိုပါ အဝါကတ်ပြသခဲ့သလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘရူစတားဟာ ဂတ်စ်ကွိုင်နီလိုတော့ အဝါကတ်ပြန်လည်ပြသခံရတာမျိုးမဖြစ်ပဲ သူရဲ့လုပ်ရက်ကို ကွင်းလယ်ဒိုင်ကပါ ရယ်မောကာ သဘောကျသွားခဲ့ရပါတယ်။