MySport Myanmar

နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် စံချိန်သစ်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းကတော့ မနေ့ညက အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်အသင်းကို ဧည့်ခံကစားပြီး (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာပဲ ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းသစ် တစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ လီဗာပူးလ်က တရစပ် တိုက်စစ်ဆင်ရင်း ပင်နယ်တီ ကန်သွင်းခွင့်ပါ ရရှိခဲ့ပေမယ့်လည်း မိုဟာမက် ဆာလာ ကန်သွင်းချက်ကို နယူးကာဆယ် ဂိုးသမား ဒူဗရက်ကာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဒုတိယပိုင်း လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမို ထက်မြက်လာခဲ့ပြီး မကြာခင်မှာပဲ အာဖရိကဖလားပြိုင်ပွဲဆီ သွားရောက်တော့မယ့် ဆာလာက လီဗာပူးလ်အတွက် မထင်ထားလောက်အောင်ကို ခြေစွမ်းတွေ ပြသသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဆာလာ ကာတစ်ဂျုံး နဲ့ ဂက်ပိုတို့က လီဗာပူးလ်အတွက် ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့သလို ပထမပိုင်းက ပင်နယ်တီ ဝင်အောင် မကန်နိုင်ခဲ့တဲ့ ဆာလာက ဒုတိယပိုင်းမှာ ထပ်မံ ရရှိလာတဲ့ ပင်နယ်တီကိုတော့ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Independent

ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ highest XG ဆိုတဲ့ ဂိုးသွင်းနိုင်ခွင့် အပိုင်းမှာ (၇.၂၇)အထိ ရရှိခဲ့ပြီး ဒီအရေအတွက်ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျှောက် ဘယ်အသင်းကမှ မလုပ်ဆောင်နိုင်ဖူးတဲ့ အရေအတွက်မျိုးဖြစ်လို့ လီဗာပူးလ်အနေနဲ့ စံချိန်သစ်တစ်ခုကိုပါ စိုက်ထူရင်း ချိုမြိန်တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

ဒီပွဲစဉ်မှာ ဂိုး(၂)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု (၁)ကြိမ် လုပ်ဆောင်နိုင်ခဲ့သလို တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့တဲ့ မိုဆာလာဟာ အခုဆိုရင် လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ဂိုးအရေအတွက်ပေါင်း (၁၅၀)ထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး Top 10 List အထဲထိလည်း ပါဝင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Exit mobile version