ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ နယ်သာလန် ထိပ်သီးကလပ် PSV အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် ကြယ်ပွင့်ကစားသမားလေး ကိုဒီဂက်ပိုဟာ အသင်းရဲ့ လက်ရှိ form တွေကြောင့် အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ကစားဖို့ပါ ခက်ခဲနေခဲ့ရတယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Liverpool's new £44m star Cody Gakpo admits the club's poor form has made  it hard to adapt | Daily Mail Online

Photo Credit : Daily Mail

နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဂက်ပိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နယ်သာလန်အသင်းအတွက် အလွန် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာချိန် လီဗာပူးလ်အသင်းက ခပ်သွက်သွက် လှုပ်ရှားပြီး ဂက်ပိုကို အရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဂက်ပိုလို အရည်အသွေးမြင့်မားပြီး အသက်(၂၃)နှစ်အရွယ်သာ ကစားသမားမျိုးကို ယူရို(၄၂)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာက လီဗာပူးလ်အတွက် တကယ်ကို အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်စေခဲ့ပေမယ့်လည်း အသင်းက လက်ရှိမှာ နေရာအစုံ လိုအပ်ချက်တွေ ရှိနေတာဖြစ်လို့ ဂက်ပိုပါ အသင်းနဲ့ အံ့ဝင်အောင် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

Photo Credit : The Mirror

“ကျွန်တော်က တိုက်စစ် ကစားသမားတစ်ဦးဆိုတော့ ဂိုးတွေ သွင်းယူရတာ ဂိုးတွေ ဖန်တီးပေးရတာကို နှစ်သက်တယ်။ ဒါတွေကို မလုပ်ဆောင်နိုင်ခဲ့အခါ လူတွေက ဒါတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် ဝေဖန်လာကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဂိုးတွေ သွင်းယူနိုင်ဖို့ လုပ်ဆောင်ရပါမယ်။ ပွဲတိုင်း အနိုင်ရနေတဲ့ အသင်းတစ်သင်းဆီကို ရောက်လာရတာမျိုးက အရမ်း ကောင်းတယ်ဆိုပေမယ့်လည်း အခုလို အခြေအနေမျိုးမှာ အသင်းကို ရောက်လာရတာကလည်း ဆိုးရွားတယ်လို့ မပြောနိုင်ပါဘူး။ အခုလို အချိန်မျိုးမှာတော့ ကျွန်တော် မသိရသေးတဲ့ အရာတွေမှာ တိုးတတ်လာအောင် လုပ်ရပါမယ်။ ဒါက ကျွန်တော်ရဲ့ ပထမဆုံးသော အပြောင်းအရွှေ့ဖြစ်လို့ အံ့ဝင်မှုရှိအောင် လုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော်တို့တွေ နေရာတိုင်းမှာ လိုအပ်ချက်တွေနဲ့ ရုန်းကန်နေရတယ်ဆိုတာ ကစားသမားတိုင်း သိထားကြသလို ဒီအချိန်မှာ အသင်းကို ရောက်လာတဲ့ ကစားသမားသစ်တစ်ဦး အတွက်လည်း ပိုလို့တောင် ခက်ခဲစေနိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော် တိုးတတ်လာအောင် ကြိုးစားနေခြင်းကိုတော့ ဟန့်တားနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် အခုထက်မက ပိုလုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အခက်အခဲတိုင်းကို အခွင့်အရေးတစ်လို့ပဲ မြင်ထားပါတယ်” လို့ ဂက်ပိုက ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။