ယခုတစ္ပတ္ အက္ဖ္ေအဖလားပြဲစဥ္ေတြထဲက အႀကိတ္အနယ္အရွိဆုံး ပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ အဲဗာတန္အသင္းတို႔ရဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာေတာ့ လီဗာပူးလ္အသင္းဟာ လူငယ္ကစားသမားေတြနဲ႔ ကစားခဲ့ေပမယ့္ ဧည့္သည္ အဲဗာတန္အသင္းကို ေျခစြမ္းအသာနဲ႔ ကစားနိုင္ခဲ့ၿပီး လူငယ္ ကြင္းလယ္ကစားသမား ဂ်ဳန္းရဲ့တစ္လုံးတည္းေသာသြင္းဂိုးနဲ႔အတူ မာေဆးဆိုဒ္ဒါဘီမွာ အနိုင္ရလဒ္ ရယူနိုင္ခဲ့ပါတယ္။

Photo Credit: Standard.com

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကိုသာ အာ႐ုံစိုက္ဖို႔ အလိုရွိတဲ့ ကေလာ့ပ္ဟာ ပြဲဆက္ေတြ မ်ားေနတာေၾကာင့္ ဒီေန႔ပြဲစဥ္မွာ မီလ္နာ ၊ လယ္လာနာ ၊ ဂိုးမက္စ္စတဲ့ စီိနီယာကစားသမား အခ်ိဳ႕ကိုသာ အသုံးျပဳခဲ့ၿပီး က်န္ကစားသမားေတြေနရာမွာ​ေတာ့ လူငယ္ကစားသမားေတြကိုသာ အသုံးျပဳခဲ့ပါတယ္။ အန္ဆေလာ့တီရဲ့ အဲဗာတန္အသင္းကေတာ့ ဆီဂတ္ဆန္ ၊ ရစ္ခ်ာလီဆင္ ၊ ကိုးလ္မန္း ၊ လီဝင္စတဲ့ အဓိက ကစားသမားအစုံအလင္နဲ႔ အိမ္ရွင္ လီဗာပူးလ္ကို အနိုင္ယူဖို႔ ျပင္ဆင္လာခဲ့ပါတယ္။

Photo Credit: Standard.com

ပြဲကစားခ်ိန္ ပထမပိုင္းမွာေတာ့ အဲဗာတန္အသင္းဟာ လီဗာပူးလ္ လူငယ္ကစားသမားေတြရဲ့ အေတြ႕အၾကဳံနည္းပါးမွုကို အခြင့္ေကာင္းယူကာ ဂိုးရရွိနိုင္မယ့္ အခြင့္အေရးေတြကို ရခဲ့ေပမယ့္ လီဗာပူးလ္အသင္းရဲ့ ဂိုးသမား အက္ဒရီယန္ လက္စြမ္းျပနိုင္ခဲ့သလို ၊ ကစားသမားေတြရဲ့ အဆုံးသတ္မွုဟာ ညံ့ဖ်င္းခဲ့တာေၾကာင့္ သြင္းဂိုးေတြ မရခဲ့ပါဘူး။ ပြဲကစားခ်ိန္ ဒုတိယပိုင္းကို ျပန္လည္ေရာက္ရွိခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းရဲ့ ကစားပုံဟာ ပိုမိုေကာင္းမြန္လာခဲ့ၿပီး အဲဗာတန္အသင္းအေနနဲ႔ကေတာ့ ကစားကြက္ပါ ပ်က္ယြင္းသြားခဲ့ပါတယ္။

Photo Credit: Standard.com

လီဗာပူးလ္အသင္းအတြက္ တစ္လုံးတည္းေသာ အနိုင္ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၇၁မိနစ္မွာ လူငယ္ကြင္းလယ္ကစားသမား ဂ်ဳန္းစ္က အိုရီဂီရဲ့ ေပးပို႔မွုကေန အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္ရဲ့ ညာဘက္ေထာင့္ကို ေဝ့ဝိုက္ကာ ကန္သြင္းရင္း သြင္းယူေပးခဲ့တာပါ။ ဒီေန႔ပြဲစဥ္မွာေတာ့ လီဗာပူးလ္အသင္းအတြက္ အနာဂတ္မွာ အားကိုးရမယ့္ ကစားသမားတခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရၿပီး အီလီယက္ဇ္ ၊ ဂ်ဳန္းစ္ ၊ ဝီလီယံတို႔ရဲ့ေျခစြမ္းေတြက ေကာင္းမြန္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။

ယခုတစ်ပတ် အက်ဖ်အေဖလားပွဲစဉ်တွေထဲက အကြိတ်အနယ်အရှိဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ လူငယ်ကစားသမားတွေနဲ့ ကစားခဲ့ပေမယ့် ဧည့်သည် အဲဗာတန်အသင်းကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး လူငယ် ကွင်းလယ်ကစားသမား ဂျုန်းရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ မာဆေးဆိုဒ်ဒါဘီမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard.com

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကိုသာ အာရုံစိုက်ဖို့ အလိုရှိတဲ့ ကလော့ပ်ဟာ ပွဲဆက်တွေ များနေတာကြောင့် ဒီနေ့ပွဲစဉ်မှာ မီလ်နာ ၊ လယ်လာနာ ၊ ဂိုးမက်စ်စတဲ့ စီိနီယာကစားသမား အချို့ကိုသာ အသုံးပြုခဲ့ပြီး ကျန်ကစားသမားတွေနေရာမှာ​တော့ လူငယ်ကစားသမားတွေကိုသာ အသုံးပြုခဲ့ပါတယ်။ အန်ဆလော့တီရဲ့ အဲဗာတန်အသင်းကတော့ ဆီဂတ်ဆန် ၊ ရစ်ချာလီဆင် ၊ ကိုးလ်မန်း ၊ လီဝင်စတဲ့ အဓိက ကစားသမားအစုံအလင်နဲ့ အိမ်ရှင် လီဗာပူးလ်ကို အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit: Standard.com

ပွဲကစားချိန် ပထမပိုင်းမှာတော့ အဲဗာတန်အသင်းဟာ လီဗာပူးလ် လူငယ်ကစားသမားတွေရဲ့ အတွေ့အကြုံနည်းပါးမှုကို အခွင့်ကောင်းယူကာ ဂိုးရရှိနိုင်မယ့် အခွင့်အရေးတွေကို ရခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အက်ဒရီယန် လက်စွမ်းပြနိုင်ခဲ့သလို ၊ ကစားသမားတွေရဲ့ အဆုံးသတ်မှုဟာ ညံ့ဖျင်းခဲ့တာကြောင့် သွင်းဂိုးတွေ မရခဲ့ပါဘူး။ ပွဲကစားချိန် ဒုတိယပိုင်းကို ပြန်လည်ရောက်ရှိချိန်မှာတော့ လီဗာပူးလ်အသင်းရဲ့ ကစားပုံဟာ ပိုမိုကောင်းမွန်လာခဲ့ပြီး အဲဗာတန်အသင်းအနေနဲ့ကတော့ ကစားကွက်ပါ ပျက်ယွင်းသွားခဲ့ပါတယ်။

Photo Credit: Standard.com

လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၇၁မိနစ်မှာ လူငယ်ကွင်းလယ်ကစားသမား ဂျုန်းစ်က အိုရီဂီရဲ့ ပေးပို့မှုကနေ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ညာဘက်ထောင့်ကို ဝေ့ဝိုက်ကာ ကန်သွင်းရင်း သွင်းယူပေးခဲ့တာပါ။ ဒီနေ့ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းအတွက် အနာဂတ်မှာ အားကိုးရမယ့် ကစားသမားတချို့ကို မြင်တွေ့ခဲ့ရပြီး အီလီယက်ဇ် ၊ ဂျုန်းစ် ၊ ဝီလီယံတို့ရဲ့ခြေစွမ်းတွေက ကောင်းမွန်ခဲ့တာကို မြင်တွေ့ရပါတယ်။