လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ကာရေဂါက လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေဟာ ဗန်ဒိုက် နဲ့ ဆာလတ်မှာ ဆာလတ်ကိုပဲ ရောင်းကြမယ်လို့ ပြောသွားပါတယ်။ နောက်ခံကစားသမားဟောင်း ကာရေဂါက လီဗာပူးလ် ပရိသတ်တွေဟာ လက်ရှိ တိုက်စစ်မှူး ဆာလတ်ကို ပေါင် သန်း (၁၃၀) နဲ့ ရောင်းဖို့ ကမ်းလှမ်းခံရရင် စဉ်းစားမှာပါလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကာရေဂါက လီဗာပူးလ် ပရိသတ်တွေအနေနဲ့ ဂိုးသမား အလီဆင် နဲ့ နောက်ခံ ကစားသမား ဗန်ဒိုက်ကိုတော့ ရောင်းချင်ကြမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် (၂၇) နှစ်အရွယ် ဆာလတ်ဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ ပထမရာသီမှာ သွင်းဂိုး (၄၄) ဂိုး သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ သွင်းဂိုး (၂၇) ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာလတ်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၉) ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း (၁) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် အဓိက တိုက်စစ်မှူး ဖြစ်နေပေမဲ့လည်း ကာရေဂါက လီဗာပူးလ် ပရိတ်တွေအနေနဲ့ သူ့ကို ရောင်းချင်ကြမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ကာရေဂါက “ဆာလတ်ကို ကမ္ဘာ့ အဆင့် ကစားသမားလို မြင်ကြတာက လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေ မဟုတ်ဘဲ အပြင်က ပရိသတ်တွေ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ဈေးကွက်တန်ဖိုး အနှိမ့်ခံရပါတယ်။ ပထမရာသီကနေ လက်ရှိအချိန်အထိ ပြန်ကြည့်လိုက်ရင် ကွာဟမှု အနည်းငယ် ရှိပါတယ်။ ဒါပေမဲ့ သူက တစ်ရာသီမှာ အခြား သွင်းဂိုး (၃၇) ဂိုးအထိကို ဘယ်တော့မှ မသွင်းနိုင်ခဲ့ပါဘူး။ လီဗာပူးလ် ပရိသတ်တွေက ဂိုးသမား အလီဆင် ဒါမှမဟုတ် နောက်ခံလူ ဗန်ဒိုက်ကို ရောင်းစရာ အကြောင်းအရင်းကို မရှိပါဘူး။ ဒါပေမဲ့ ဆာလတ်ကို ပေါင် သန်း (၁၃၀) နဲ့ ရောင်းဖို့ လီဗာပူးလ်အသင်းကို ကမ်းလှမ်းမယ် ဆိုရင် သူတို့အနေနဲ့ ရောင်းချဖို့ တွေးကြမှာပါ။ ဒါကြောင့် သူက ဈေးနှိမ့်ခံရတယ်လို့ ကျွန်တော် ပြောတာပါ”လို့ ပြောခဲ့ပါတယ်။