လက္ရွိအခ်ိန္မွာ ကမၻာတစ္ခုလုံးရဲ့ အာ႐ုံေတြကို ဖမ္းစားထားနိုင္တဲ့ ျပႆနာကေတာ့ စူပါအင္အားႀကီး နိုင္ငံျဖစ္တဲ့ အေမရိကန္နိုင္ငံနဲ႔ အေရွ႕အလယ္ပိုင္း အင္အားႀကီးနိုင္ငံျဖစ္တဲ့ အီရန္တို႔ရဲ့ စစ္ေရးျပႆနာပါပဲ​။ အီရန္နိုင္ငံရဲ့ ျပည္သူ႔အခ်စ္ေတာ္ ဗိုလ္ခ်ဳပ္ႀကီးကို ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္ခဲ့ရာကေန စတင္ခဲ့တဲ့ ဒီစစ္မီးပြားဟာ လက္ရွိမွာေတာ့ အီရန္က သူတို႔နဲ႔ အနီးစပ္ဆုံး အီရတ္နိုင္ငံမွာ အေျခခ်ေနတဲ့ အေမရိကန္တပ္ဖြဲ႕ေတြကို ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္တဲ့ အေနအထားအထိ ေရာက္ရွိေနပါတယ္။

Photo Credit: New York Times.com

အီရန္နိုင္ငံရဲ့တိုက္ခိုက္မွုနဲ႔ ပတ္သတ္ၿပီး အေမရိကန္နိုင္ငံဘက္က ဘယ္လို ဆုံးျဖတ္မလဲဆိုတာ မသိေသးေပမယ့္ အေမရိကန္နိုင္ငံရဲ့ သမၼတႀကီး ထရန႔္ကေတာ့ အီရန္ရဲ့လုပ္ရပ္အတြက္ အက်ိဳးဆက္ေတြကို မၾကာခင္မွာပဲ ေပးသြားမယ္လို႔ ေျပာထားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကမၻာတစ္ဝွမ္းလုံးက အီရန္နဲ႔အေမရိကန္ စစ္ျဖစ္ပြားမွာကို စိုးရိမ္ေနၾကၿပီး ထိုစစ္ပြဲဟာ ပိုမိုႀကီးမားလာကာ ကမၻာ့စစ္အေနအထားမ်ိဳး ျဖစ္လာမွာကိုလည္း စိတ္ပူေနၾကပါတယ္။

Photo Credit: New York Times.com

ဒီလိုအားလုံးက စိတ္ပူပန္ေနတဲ့အခ်ိန္မွာ အဂၤလန္က ေဘာလုံးပရိသတ္တခ်ိဳ႕ရဲ့လုပ္ရပ္ တစ္ခုဟာ စိတ္ပူေနၾကတဲ့လူေတြအတြက္ စိတ္အပန္းေျပစရာတစ္ခုျဖစ္ခဲ့ၿပီး အဆိုပါ လုပ္ရပ္ဟာ ရယ္စရာေကာင္းတဲ့ လုပ္ရပ္ ျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။ အဲ့ဒါကေတာ့ ပရိသတ္ေတြဟာ အဂၤလန္မွာ လီဗာပူးလ္အသင္း ဖလားမရဖို႔အတြက္ ထရန႔္အေနနဲ႔ တတိယ ကမၻာစစ္ကို စတင္ဖို႔ လိုအပ္တယ္လို႔ ထရန႔္ရဲ့ လူမွုကြန္ယက္ေပၚက ပို႔စ္ေတြမွာ ေတာင္းဆိုခဲ့ၾကတဲ့ လုပ္ရပ္ပဲ ျဖစ္ပါတယ္။

Photo Credit: New York Times.com

အဂၤလန္ရဲ့ပထမတန္းဖလားကို ၁၈ႀကိမ္ ရရွိခဲ့ဖူးတဲ့ လီဗာပူးလ္အသင္းဟာ အမွတ္ေပးဖလားၿပိဳင္ပြဲကို ပရီးမီးယားလိဂ္ၿပိဳင္ပြဲလို႔ အမည္ေျပာင္းခဲ့ၿပီးေနာက္မွာ တစ္ခါမွ ဗိုလ္စြဲခဲ့ျခင္းမရွိပဲ လက္ရွိေဘာလုံးရာသီမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ရယူနိုင္ဖို႔အတြက္ က်ိန္းေသလုနီးပါး အေနအထားအထိ ေရာက္ရွိေနပါတယ္။ အဆိုပါေတာင္းဆိုမွုကိစၥဟာ ရယ္စရာ ကိစၥအေနနဲ႔ လုပ္ေဆာင္ခဲ့တာျဖစ္ေပမယ့္ လူအသက္ေပါင္းမ်ားစြာနဲ႔ သက္ဆိုင္ေနတဲ့ ကိစၥရပ္ ျဖစ္တာေၾကာင့္ အခုလို ေနာက္ေျပာင္တဲ့ ကိစၥမ်ိဳးကို မလုပ္သင့္ဘူးလို႔ ကၽြန္ေတာ့္အေနနဲ႔ ထင္မိပါတယ္။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ခုလုံးရဲ့ အာရုံတွေကို ဖမ်းစားထားနိုင်တဲ့ ပြဿနာကတော့ စူပါအင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ အီရန်တို့ရဲ့ စစ်ရေးပြဿနာပါပဲ​။ အီရန်နိုင်ငံရဲ့ ပြည်သူ့အချစ်တော် ဗိုလ်ချုပ်ကြီးကို မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တဲ့ ဒီစစ်မီးပွားဟာ လက်ရှိမှာတော့ အီရန်က သူတို့နဲ့ အနီးစပ်ဆုံး အီရတ်နိုင်ငံမှာ အခြေချနေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့ အနေအထားအထိ ရောက်ရှိနေပါတယ်။

Photo Credit: New York Times.com

အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး အမေရိကန်နိုင်ငံဘက်က ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မသိသေးပေမယ့် အမေရိကန်နိုင်ငံရဲ့ သမ္မတကြီး ထရန့်ကတော့ အီရန်ရဲ့လုပ်ရပ်အတွက် အကျိုးဆက်တွေကို မကြာခင်မှာပဲ ပေးသွားမယ်လို့ ပြောထားခဲ့ပါတယ်။ လက်ရှိမှာတော့ ကမ္ဘာတစ်ဝှမ်းလုံးက အီရန်နဲ့အမေရိကန် စစ်ဖြစ်ပွားမှာကို စိုးရိမ်နေကြပြီး ထိုစစ်ပွဲဟာ ပိုမိုကြီးမားလာကာ ကမ္ဘာ့စစ်အနေအထားမျိုး ဖြစ်လာမှာကိုလည်း စိတ်ပူနေကြပါတယ်။

Photo Credit: New York Times.com

ဒီလိုအားလုံးက စိတ်ပူပန်နေတဲ့အချိန်မှာ အင်္ဂလန်က ဘောလုံးပရိသတ်တချို့ရဲ့လုပ်ရပ် တစ်ခုဟာ စိတ်ပူနေကြတဲ့လူတွေအတွက် စိတ်အပန်းပြေစရာတစ်ခုဖြစ်ခဲ့ပြီး အဆိုပါ လုပ်ရပ်ဟာ ရယ်စရာကောင်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ ပရိသတ်တွေဟာ အင်္ဂလန်မှာ လီဗာပူးလ်အသင်း ဖလားမရဖို့အတွက် ထရန့်အနေနဲ့ တတိယ ကမ္ဘာစစ်ကို စတင်ဖို့ လိုအပ်တယ်လို့ ထရန့်ရဲ့ လူမှုကွန်ယက်ပေါ်က ပို့စ်တွေမှာ တောင်းဆိုခဲ့ကြတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: New York Times.com

အင်္ဂလန်ရဲ့ပထမတန်းဖလားကို ၁၈ကြိမ် ရရှိခဲ့ဖူးတဲ့ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ်ပြိုင်ပွဲလို့ အမည်ပြောင်းခဲ့ပြီးနောက်မှာ တစ်ခါမှ ဗိုလ်စွဲခဲ့ခြင်းမရှိပဲ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ကျိန်းသေလုနီးပါး အနေအထားအထိ ရောက်ရှိနေပါတယ်။ အဆိုပါတောင်းဆိုမှုကိစ္စဟာ ရယ်စရာ ကိစ္စအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူအသက်ပေါင်းများစွာနဲ့ သက်ဆိုင်နေတဲ့ ကိစ္စရပ် ဖြစ်တာကြောင့် အခုလို နောက်ပြောင်တဲ့ ကိစ္စမျိုးကို မလုပ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ ထင်မိပါတယ်။