လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း စတန် ကိုလီမော်က (၂၀၁၉-၂၀) ရာသီရဲ့ လီဗာပူးလ် အသင်းအနေနဲ့ ပြောင်မြောက်တဲ့ အသင်း ဖြစ်ပေမယ့်လည်း အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းအဖြစ် သမိုင်းတွင်မလား ဆိုရင်တော့ သမိုင်းမတွင်နိုင်ပါဘူးလို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နောက်ထပ် ရမှတ် (၆) မှတ်သာ ရရှိမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ဆုဖလားကို အသင်းသမိုင်းမှာ ပထမဆုံး အကြိမ် ရရှိမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားခဲ့ရာမှာ ရမှတ် (၄) မှတ်ပဲ ဆုံးရှုံးခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတဲ့ အခါမှာ ပထမဆုံး ပွဲစဉ် အနေနဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ အသင်း ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဖြုတ်ချခံလိုက်ရပြီ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အဲဗာတန်အသင်း၊ ခရစ်စတယ်ပဲလေ့စ်အသင်းတို့နဲ့ ကစားမယ့် ပွဲစဉ် (၂) ပွဲကို အနိုင်ရရှိမယ် ဆိုရင် ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်မှာ ဖြစ်ပေမယ့် ကိုလီမော်က လီဗာပူးလ်အသင်းရဲ့ အားနည်းချက်ကို ပြောပြခဲ့ပါတယ်။

Photo Credit: Goal

The Mirror သတင်းမှာ ကိုလီမော်က “လီဗာပူးလ်အသင်းက အသင်းကောင်းပါ။ သူတို့အနေနဲ့ ပွဲစဉ် (၂) ပွဲ ကစားပြီး ဆုဖလား ရရှိဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အတိတ်က ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို ပြန်တွေးကြည့်မယ် ဆိုရင် လီဗာပူးလ်အသင်းရဲ့ လွမ်းမိုးမှုက မကြီးမားဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုရင် လီဗာပူးလ်အသင်းက သိပ် ကောင်းပေမယ့် သူတို့ရဲ့ အခြား ကစားသမားတွေက မကောင်းကြပါဘူး။ လီဗာပူးလ်အသင်းရဲ့ လွမ်းမိုးမှုက အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်း ဖြစ်နိုင်တယ် ဆိုတဲ့ လက္ခဏာ မဟုတ်ဘူ။ လီဗာပူးလ်အသင်းကတော့ ပြောင်မြောက်တဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းအဖြစ် သမိုင်းတွင်မလား ဆိုရင် သမိုင်းမတွင်ပါဘူး”လို့ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။